အင်ဒိုနီးရှား

ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းတို့မှအလုပ်အကိုင်ကမ်းလှမ်းမှုများကို လက်မခံရန် အင်ဒိုနီးရှားက သတိပေးထား

ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းတို့မှအလုပ်အကိုင်ကမ်းလှမ်းမှုများကို လက်မခံရန် အင်ဒိုနီးရှားက သတိပေးထား

ဧပြီလ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် အလုပ်အကိုင် ကမ်းလှမ်းမှုများကို လက်ခံခြင်းမပြုရန် အင်ဒိုနီးရှားအစိုးရက ၎င်း၏နိုင်ငံသားများအား ပြင်းထန်သောသတိပေးချက် ထုတ်ပြန်ထားပြီး လူကုန်ကူးမှု များပြားလာခြင်းနှင့် ရာဇ၀တ်ဂိုဏ်းများအောက်တွင် အဓမ္မလုပ်အားပေးခိုင်းစေခြင်းများ တိုးလာနေခြင်းကို ကိုးကား၍ ထုတ်ပြန်ထားသည်ဟု Jakatar Globe သတင်းကဧပြီ ၁၈ရက်တွင်ဖေါ်ပြသည် ။ ရွှေ့ပြောင်းအလုပ်သမားကာကွယ်ရေးဝန်ကြီး Abdul Kadir Karding က အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသည့် အလုပ်အကိုင်ကမ်းလှမ်းမှုများနှင့် ကြုံတွေ့ရသည့်အခါတွင် အလုပ်ရှာဖွေသူများကို အထူးသတိထားရန် တိုက်တွန်းထားသည်။ (more…)
Read More
မြန်မာအွန်လိုင်းငွေလိမ်ဂိုဏ်းပြစ်မှုကျူးလွန်ခဲ့သူဟု သံသယဖြစ်ဖွယ်ရှိသူကို အင်ဒိုနီးရှားရဲကဖော်ထုတ်

မြန်မာအွန်လိုင်းငွေလိမ်ဂိုဏ်းပြစ်မှုကျူးလွန်ခဲ့သူဟု သံသယဖြစ်ဖွယ်ရှိသူကို အင်ဒိုနီးရှားရဲကဖော်ထုတ်

မတ်လ ၂၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အင်ဒိုနီးရှားနိုင်ငံ အမျိုးသား ရဲတပ်ဖွဲ့၏ မှုခင်းစုံစမ်းစစ်ဆေးရေး အေဂျင်စီ (Bareskrim POLRI) သည် ကျူးလွန်သူအုပ်စု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လူငါးဦးကို ရှာဖွေဖော်ထုတ်ခဲ့ပြီး အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမားများ ပါဝင်သော မြန်မာနိုင်ငံတွင် အွန်လိုင်း လိမ်လည်လှည့်ဖြားမှုလုပ်ငန်းတွင်ပါဝင်ခဲ့သည်ဟုသံသယဖြစ်ဖွယ်ရှိသည်ဟု RRI သတင်းကဖော်ပြသည်။။ မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှု ကွန်ရက်နှင့် ချိတ်ဆက်ထားသည့် အင်ဒိုနီးရှားရွှေ့ပြောင်းအလုပ်သမား ၆၉၉ ဦးပါဝင်သော နက်ရှိုင်းသော စုံစမ်းစစ်ဆေးမှုနှင့် အကဲဖြတ်မှုအပြီးတွင် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ခြင်းနှင့် သံသယဖြစ်ဖွယ်ရှိသူများစာရင်းကိုရဲ ဗိုလ်ချုပ်ကြီး Asep Hedi က ပြောကြားခဲ့သည်။ "လူကုန်ကူးမှု သံသယရှိသူ (TPPO) တစ်ဦးကိုစာရင်းသွင်းထားပါတယ်"ကျန်ငါးဦးဟာ လူသစ်စုဆောင်းသူများဟု သံသယရှိပါတယ်" ဟု Asep Hedi က မတ်လ ၂၂ ရက်က rri.co.id တွင် ဖော်ပြခဲ့သည်။ (more…)
Read More