မြန်မာနိုင်ငံသား ၃ ဦးကို ရိုက်နှက်သတ်ဖြတ်မှုနဲ့ဂျပန်မှာဖမ်းဆီးထား
ဩဂုတ်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တိုကျိုမြို့ Shinjuku စီရင်စုရှိ နိုက်ကလပ်အပြင်ဘက်မှာ မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်မှုသံသယနဲ့ မြန်မာနိုင်ငံက အမျိုးသားသုံးဦးကို ဇူလိုင်လက ဖမ်းဆီးခဲ့တယ်လို့မြို့တော်ရဲဌာနက သြဂုတ် ၁၈ ရက်ကပြောကြားခဲ့တယ်လို့ အဆာဟိရှင်ဘွန်းသတင်းကဖော်ပြပါတယ်။ မြို့တော်ရှိ ကုန်သွယ်ရေးကျောင်းက အသက် ၂၂ နှစ်အရွယ် ကျောင်းသူ ချစ်ဖော်ဟာဇူလိုင် ၇ ရက် အစောပိုင်းက လမ်းပေါ်မှာ ရိုက်နှက်သတ်ဖြတ်ခံခဲ့ရနယ်လို့ သိရပါတယ်။ သံသယရှိသူတွေထဲက တဦးဖြစ်တဲ့ ဇော်မျိုးထက် (၂၄)နှစ် က ရိုက်နှက်ခံရသူကို သတ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ရဲတပ်ဖွဲ့ကစုံစမ်းသိရှိရပါတယ်။ (more…)