ာသမ္မတ ၏ စပါယ်ရှယ်အင်ဗွိုင်းဖြင့် လှုပ်ရှားသင့်မသင့်

ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲမှသည်အင်ဒိုချိုင်းနားပဋိပက္ခ တစ်ကြော့ပြန်ဖြစ်ခဲ့သောသမ္မတ ၏ စပါယ်ရှယ်အင်ဗွိုင်းဖြင့် လှုပ်ရှားသင့်မသင့်

ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲမှသည်အင်ဒိုချိုင်းနားပဋိပက္ခ တစ်ကြော့ပြန်ဖြစ်ခဲ့သောသမ္မတ ၏ စပါယ်ရှယ်အင်ဗွိုင်းဖြင့် လှုပ်ရှားသင့်မသင့်

ပို့ပေါ့တို့၊ခိယူဆန်ဖန်တို့အာဏာလက်မဲ့ဖြစ်သွားပါပြီ။ကမ္ဘောဒီးယား ဖနွမ်ပင်မြို့တော်မှာ အာဏာအရှိ့ဆုံးက ဆိုဗီယက်သံရုံးလိုပြောစမှတ်ဖြစ်သွားပါတယ်။ကမ္ဘောဒီးယားဆိပ်ကမ်းကို ဆိုဗီယက်တို့အသုံးချခွင့်ရသွားပါတယ်။ ပိုပေါ့တို့လဲ ထိုင်းနိုင်ငံပိုင်လင်းက ရာဘာတောအုပ်တွေထဲ ရွေ့ပြောင်းအခြေစိုက်ရပါတယ်။နောက် ပြည်တွင်းပြန်ဝင်ရပါတယ်။ပိုပေါ့တို့အတွက်လိုအပ်တဲ့ စစ်လက်နက်၊ခဲယမ်းတွေကို တရုတ်က ရေကြောင်းကသယ်ပို့ပေးပါတယ်။ထိုင်းဆိပ်ကမ်းတွေကနေ ထိုင်းက ပိုပေါ့တို့ဆီထပ်ဆင့်ပို့ပေးရပါတယ်။ ဟွန်ဆန်တို့အစိုးရကို ကုလ သမဂ္ဂ မှာနေရာ၊ထိုင်ခုံမပေးပဲ ပိုပေါ့တို့ခမာနီအစိုးရကိုပဲဆက်ပေးထားပါတယ်။ဆက်သွယ်ရေးရုံးက စင်ကာပူမှာဖွင့်ထားပါတယ်။ အမေရိကန်ရော၊တရုတ်ကရောက ဟွန်ဆန်အစိုးရကို အသိအမှတ်မပြုတဲ့အတွက် ကုသမဂ္ဂမှာ ပိုပေါ့တို့ကိုဆက်ထားဖို့သဘောညီကြပါတယ်။ အင်ဒိုချိုင်းနားမှာဆိုဗီယက်ဩဇာဖြန့်ကျက်လာပြီး၊ဆိပ်ကမ်းတွေအသုံးချခွင့်ပေးလိုက်တာကို အမေရိကန်ရော၊တရုတ်ရောက မကျေနပ်ကြလို့ ပိုပေါ့ကို ဆက်အသိအမှတ်ပြုကြပါတယ်။ စစ်အေးခေတ်ပြီးတဲ့နောက် ဂျပန်၊ပြင်သစ်၊အိန္ဒိယတို့ပွဲစားလုပ်ပေးပြီး ငြိမ်းချမ်းရေးအစီအစဉ်နဲ့ ဟွန်ဆန် ကုလသမဂ္ဂမှာထိုင်ခုံပြန်ရလာပါတယ်။ခမာနီတွေလက်နက်ချပြီး ပိုပေါ့၊ခိယုဆန်ဖန်တို့ကို ကုလသမဂ္ဂတရားရုံးနဲ့ အေးချမ်းစွာ ဘဝကူးသည်အထိ ဆယ်နှစ်ကျော်တရားဆိုင်ထားပေးပါတယ်။ နောက် ခမာနီကို ရှုတ်ချတဲ့ ကေးလင်းဖီးလ်ရုပ်ရှင်တွေရိုက်ပါတယ်။ခရီးသွားပြတိုက်တွေဖွင့်လာပါတယ်။ ------------------------------------------- ဇူလိုင်လ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဟွန်ဆန်ကို တစ်ဖက်လပ်ဟွန်ဆန်လို့ ကမ္ဘောဒီးယားအတိုက်အခံများကခေါ်ကြပါတယ်။ခမာနီကွန်မန်ဒိုတပ်ရင်းမှုးဟောင်းဖြစ်ခဲ့တဲ့ဟွန်ဆန်ဟာ တိုက်ပွဲအတွင်းမှာ မျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ခမာနီ ရဲမေဟောင်းဖြစ်ခဲ့တဲ့ ဟွန်ဆန်ရဲ့အမျိုးသမီးဟာလည်း ခမာနီ ပိုပေါ့နဲ့ခယူဆန်ဖန်တို့ပြု့လုပ်တဲ့ New Zero လှုပ်ရှားမှု့မှာ အလုပ်ကြမ်းစခန်းမှာ နှိပ်စက်ခံခဲ့ရဖူးပါတယ်။ ကမ္ဘောဒီးယားပြည်တွင်းစစ်မှာ အမေရိကန်ကျောထောက်နောက်ခံ မင်းသားကြီးသီဟာနုကို အာဏာသိမ်းဖြုတ်ချခဲ့တဲ့ ဗိုလ်ချုပ်ကြီး လုံနို တို့နဲ့မင်းသားကြီးသီဟနုကို ရုပ်ပြခေါင်းဆောင်တင်ထားတဲ့ခမာနီတို့လွမ်းမိုးတဲ့ ကန်ပူးခြားအမျိုးသားလွတ်မြောက်ရေးတပ်ဦးတို့ကတစ်ဖက် တိုက်ခိုက်ကြပါတယ်။မင်းသားကြီကတော့ စိတ်ကောက်လိုက် တရုတ်သွားနေလိုက်၊မြောက်ကိုရီးယားသွားနေလိုက်၊ပြင်သစ်စံအိမ်သွားနေလိုက်၊တပ်ဦးဥက္ကဌပြန်လုပ်လိုက်ပါပဲ။ ပထမတော့ အာဏာသိမ်းဗိုလ်ချုပ်လုံနိုအစိုးရမှာ ရုပ်ပြ ဥသျောင် လုပ်လိုက်ပါသေးတယ်။နောက်မှ တရုတ်ကိုထွက်သွားပြီး ခမာနီနဲ့လက်တွဲတာဖြစ်ပါတယ်။ စစ်အေးတိုက်ပွဲမှာ ဘက်မလိုက်ကြားနေရေးလုပ်ခဲ့တဲ့ မြန်မာပြည်က ဦးနု ကိုစစ်တပ်ကအာဏာသိမ်းခဲ့သလို၊ဘက်မလိုက်မင်းသားကြီးကိုလည်း ဗိုလ်ချုပ်ကြီးလုံနိုတို့ကအာဏာသိမ်းဖြုတ်ချလိုက်တာပါပဲ။ မင်းသားကြီးဟာ စစ်အေးတိုက်ပွဲ တရုတ်-အမေရိကန်အားပြိုင်မှု့ကြားထဲမှာ မညှပ်အောင်နဲ့ကမ္ဘောဒီးယားကွန်မြူနစ်တို့ကို တရုတ်က ပုံမလောင်းအောင်တရုတ်နဲ့နီးစပ်ပြေလည်အောင် ကြိုးပမ်းရင်း အာဏာသိမ်းခံရပြီး စစ်အေးခေတ် အင်ဒိုချိုင်းနားစစ်ပွဲထဲလိပ်ပါသွားပါတော့တယ်။ ကန်ပူးချားစစ်ပွဲများမှာ…
Read More