ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၀ပြည့်မွေးနေ့အတွက် ကမ္ဘာ့စံချိန်တင် မက်ဆေ့ခ်ျ ၈၀၀၀၀ ပေးပို့ကြရန် သားဖြစ်သူက ရည်မှန်း
ဇွန်လ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာတဝှမ်းမှ ကမ္ဘာ့စံချိန်တင် စာတို ၈၀,၀၀၀ ကို သားဖြစ်သူက စတင် ကမ်းလှမ်းလိုက်သည်ဟု The Independent သတင်းကဇွန်လ ၈ရက်တွင်ဖော်ပြသည်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းမှုအတွင်း ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၂၇ နှစ် ကျခံရမည်ဖြစ်သည်။ ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် အသံ သို့မဟုတ် ဗီဒီယို မက်ဆေ့ချ်များ တင်ခိုင်းခြင်းအပြင် Kim Aris သည် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ကောက်ခံရာတွင် အထောက်အကူဖြစ်စေမည့် e-birthday card ကို ပြည်သူများအား လက်မှတ်ရေးထိုးရန်လည်း တောင်းဆိုထားသည်။ Mr Aris က သူ့အမေထံသို့က လူကိုယ်တိုင် မပေးအပ်ရမချင်း မက်ဆေ့ချ်များကို disk ထဲမှာ သိမ်းထားမည်ဟုဆိုသည်။ ဗီဒီယိုမက်ဆေ့ချ်တစ်ခုတွင် Mr Aris က "ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ပြည့်မွေးနေ့ဆုတောင်းလှုပ်ရှားမှုသည် ကမ္ဘာတစ်ဝှမ်းရှိ လူတစ်ဦးချင်းစီအတွက် ရိုးရှင်းပြီး လုံခြုံသောနည်းလမ်းဖြင့် [ဒေါ်အောင်ဆန်းစုကြည်၏] ၈၀ပြည့်မွေးနေ့ကို ဂုဏ်ပြုသော မွေးနေ့ဆုတောင်းကို အပ်လုဒ်တင်နိုင်သည်" ဟု ပြောကြားခဲ့သည်။ လူတိုင်းမွေးနေ့ဆုတောင်းကို အခမဲ့တင်နိုင်ပါသည်ဟုလည်းသတင်းကဆိုသည်။ “[ဒေါ်အောင်ဆန်းစုကြည်] ဟာ သူ့ပြည်သူတွေအပေါ် မယိမ်းယိုင်တဲ့ မေတ္တာတရားနဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံအတွက် အနည်းနှင့်အများ မျှော်မှန်းချက်ကြောင့် ဘဝရဲ့လေးပုံတစ်ပုံကို အကျဉ်းချခြင်း…