ငလျင်ကြောင့် မြန်မာ့စီးပွားရေး ကျဆင်းမှုကို ပိုဆိုးစေသည်ဟု ကမ္ဘာ့ဘဏ်ကဆို
ဇွန်လ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မတ်လနှောင်းပိုင်းတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အဓိကအားဖြင့် မြန်မာ့စီးပွားရေးသည် ၂၀၂၅/၂၆ ဘဏ္ဍာနှစ်တွင် ၂.၅ ရာခိုင်နှုန်း ကျုံ့သွားဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က ဇွန်လ၁၂ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြင်းအား ၇.၇ ပြင်းအားရှိ ငလျင်ကြောင့် ပိုင်ဆိုင်မှုနှင့် အခြေခံအဆောက်အအုံများ တိုက်ရိုက်ပျက်စီးမှုမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ သို့မဟုတ် နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်၏ ၁၄ % ခန့်ရှိကြောင်းလည်းယင်းကဆိုသည်။ ငလျင်ကြောင့် လူပေါင်း ၁၇ သန်းကျော် ထိခိုက်ခဲ့ပြီး ကိုးသန်းခန့် ပြင်းထန်စွာ ထိခိုက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။ မြန်မာစစ်အစိုးရ၏ အဆိုအရ သေဆုံးသူဦးရေမှာ ၃၇၀၀ ကျော်သွားပြီဖြစ်သည်။ "ငလျင်လှုပ်ခတ်မှုကြောင့် လူသေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများ သိသိသာသာ ဖြစ်ပေါ်ခဲ့ပြီး ခက်ခဲသော စီးပွားရေးအခြေအနေများ ပိုမိုဆိုးရွားလာကာ မြန်မာနိုင်ငံပြည်သူများ၏ ခံနိုင်ရည်အားကို ထပ်မံစမ်းသပ်ခြင်း" ဟု ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ ဌာနခွဲညွှန်ကြားရေးမှူး Melinda Good က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ "ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများသည် ထိခိုက်လွယ်သော ပြည်သူများကို ကူညီရန် မရှိမဖြစ် လိုအပ်ပါသည်"ဟုလည်းသူကဆိုသည်။ အစီရင်ခံစာနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုသည့် Reuters မှ တောင်းဆိုမှုကို စစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ခြင်း မရှိပါ။ ဒီဇင်ဘာလတွင် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှုများကြောင့် မတ်လတွင် ကုန်ဆုံးခဲ့သော ၂၀၂၄/၂၅ ဘဏ္ဍာနှစ်တွင်စီးပွားရေး ၁% ကျဆင်းမည်ဟု ခန့်မှန်းခဲ့သည်။ (more…)