ကျန်းမာရေး လက်မှတ် အတုတွေထုတ်ပေးတဲ့ ပုဂ္ဂလိကဆေးရုံတွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်နေ
ဩဂုတ်လ ၂၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံက ပုဂ္ဂလိက ဆေးရုံအချို့ဟာ ရွှေ့ပြောင်းအလုပ်သမားတွေကိုကျန်းမာရေး လက်မှတ်အတုတွေထုတ်ပေးနေတယ်လို့စွပ်စွဲခံနေရတယ်လို့ ဒုတိယပြည်သူ့ကျန်းမာရေးဝန်ကြီး Chaichana Dechdecho က ပြောတယ်လို့ဘန်ကောက်ပို့စ်သတင်းကသြဂုတ် ၁၉မှာဖော်ပြပါတယ်။ ကျန်းမာရေးစစ်ဆေးမှုတွေမပြုလုပ်ဘဲ လက်မှတ်အတုတွေ ရောင်းချနေတယ်ဆိုတဲ့ပုဂ္ဂလိကဆေးရုံ နှစ်ခု သို့မဟုတ် သုံးခုကိုစုံစမ်းစစ်ဆေးနေတယ်လို့၎င်းက ပြောပါတယ်။ “အသုံးပြုတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ နည်းလမ်းတွေအပါအဝင် အချက်အလက်တွေကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်” လို့ ၎င်းက သြဂုတ် ၁၉ရက်နေ့ကပြောကြားခဲ့ပါတယ်။ “အပြစ်ရှိကြောင်း တွေ့ရှိရင်လက်မှတ် ရေးထိုးထားတဲ့ဆရာဝန်တွေရဲ့ဆေးကုသခွင့်လိုင်စင်တွေနဲ့အတူ သက်ဆိုင်တဲ့ဆေးရုံတွေဟာ ၎င်းတို့ရဲ့ လိုင်စင်တွေကို ရုတ်သိမ်းမှာဖြစ်ပါတယ်”လို့သူကဆက်ပြောပါတယ်။ (more…)