ကြိုးပမ်းနေ

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအရေးတွင် အာဆီယံနှင့်အတူ ရပ်တည်နေပြီး FOIP-AOIP ထိတွေ့ဆက်ဆံမှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန် ကြိုးပမ်းနေ

ဇူလိုင်လ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံရှိ နှစ်ကာလရှည်ကြာနေသော အကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံ၏ ဗဟိုအခန်းကဏ္ဍကို အပြည့်အဝ ထောက်ခံကြောင်း ထပ်မံအတည်ပြုခဲ့ပြီး ၎င်း၏ လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု (FOIP) ဗျူဟာဖြင့် အာဆီယံ၏ ကိုယ်ပိုင် Indo-Pacific Outlook (AOIP) နှင့် ကိုက်ညီသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်ဟဟု The Straits Timesသတင်းကဇူလိုင် ၇ရက်နေ့တွင်ဖော်ပြသည်။ မလေးရှားနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Noriyuki Shikata က တိုကျိုသည် အာဆီယံ၏ ဘုံအချက်ငါးချက် သဘောတူညီမှု (5PC) တွင် ကတိကဝတ်ပြုထားဆဲဖြစ်ပြီး မြန်မာနိုင်ငံရှိ သက်ဆိုင်သူအသီးသီးနှင့် တွေ့ဆုံဆွေးနွေးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူများ ရရှိစေရေးအတွက် သံတမန်လမ်းကြောင်းများကို ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။ “အထူးသဖြင့် အချက်ငါးချက် သဘောတူညီမှုကနေတဆင့် အာဆီယံနဲ့ အနီးကပ် ညှိနှိုင်းဆောင်ရွက်ရာမှာ ဂျပန်က မြန်မာအရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေပါတယ်"ဟုNoriyuki Shikata ကပြောကြားသည်။ “မြန်မာနိုင်ငံမှာ သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေရှိပေမယ့် အာဆီယံရဲ့ ဗဟိုအခန်းကဏ္ဍနဲ့ လုပ်ဆောင်ချက်တွေကို အပြည့်အဝ ထောက်ခံပါတယ်” ဟု မကြာသေးမီက သီးသန့်အင်တာဗျူးတစ်ခုတွင် ၎င်းက Bernamaသတင်းသို့ပြောကြားခဲ့သည်။ ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တိုးတက်မှုနှေးကွေးခဲ့သည်ကို အသိအမှတ်ပြုသော်လည်း ဂျပန်နိုင်ငံ၏ ချဉ်းကပ်မှုမှာ မြန်မာနိုင်ငံပြည်သူများအတွက် ရေရှည်လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုများအတွက် အဓိကအချက်ဖြစ်သည်ဟု အလေးပေးပြောကြားခဲ့သည် ။ "ရှုပ်ထွေးမှုကို ကျွန်ုပ်တို့နားလည်ပြီး တိုးတက်မှုမှာ အကန့်အသတ်ရှိသော်လည်း၊…
Read More