ကြောက်ခေတ်ကို_မှောက်ပစ်

❝ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ ❞

❝ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ ❞

❝ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ ❞ ═════════════ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း လာမယ့် ဇွန် (၁၉) ရက်နေ့ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့ရက်မြတ် ဖြစ်ပါတယ်။ အာဏာသိမ်း စစ်အုပ်စုရဲ့ အဓမ္မ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့အသက်အကြီးဆုံးသော နိုင်ငံရေးအကျဉ်းသားပဲ ဖြစ်ပါလိမ့်မယ်။ အာဏာသိမ်းဖက်ဆစ်တပ်ဟာ ယခုထိ ရရှိထားတဲ့ အချက်အလက်တွေအရ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၂၂၁၂၂) ဦးကို အဓမ္မ ချုပ်နှောင်ဖမ်းဆီး အကျဉ်းချထားတယ်လို့ သိရပါတယ်။ ဒီအရေအတွက်ကြောင့်ပဲ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ နိုင်ငံရေးအကျဉ်းသား အများဆုံးဖမ်းဆီးခံထားရတဲ့တိုင်းပြည်တခု ဖြစ်ပါလိမ့်မယ်။ အာဏာသိမ်းစစ်အုပ်စုဟာ ဒီနှစ်ကုန် ဒီဇင်ဘာလထဲမှာ “လုပ်ပွဲ” တခု ထပ်ဖန်တီးဖို့လည်း ရှိနေပါတယ်။ အဲ့ဒါကတော့ "အတုအယောင် ဟန်ပြ ရွေးကောက်ပွဲ" ဆိုတာပါပဲ။ ဒီ​ကနေ အာဏာသိမ်းစစ်တပ်မှသည် တရားဝင်ရွေးကောက်ခံအစိုးရ ဆိုတာကြီး ဖြစ်သွားလိမ့်မယ်ပေါ့.အတော်ရယ်ရတဲ့ သူတွေပါပဲ။ ဒါသည်ပင် လူထုကို အထင်သေးခြင်း၊ စော်ကားခြင်းသာ ဖြစ်ပါတယ်။ စစ်ကျွန်သက်ဆိုး ရှည်စေမယ့် ဒီလုပ်ပွဲကိုလည်း ပြည်သူလူထုတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်ကြဖို့ သိပ်ကို အရေးကြီးပါတယ်။ (more…)
Read More