ငလျင်

ငလျင်ကြောင့် မြန်မာ့စီးပွားရေး ကျဆင်းမှုကို ပိုဆိုးစေသည်ဟု ကမ္ဘာ့ဘဏ်ကဆို

ငလျင်ကြောင့် မြန်မာ့စီးပွားရေး ကျဆင်းမှုကို ပိုဆိုးစေသည်ဟု ကမ္ဘာ့ဘဏ်ကဆို

ဇွန်လ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မတ်လနှောင်းပိုင်းတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အဓိကအားဖြင့် မြန်မာ့စီးပွားရေးသည် ၂၀၂၅/၂၆ ဘဏ္ဍာနှစ်တွင် ၂.၅ ရာခိုင်နှုန်း ကျုံ့သွားဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က ဇွန်လ၁၂ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြင်းအား ၇.၇ ပြင်းအားရှိ ငလျင်ကြောင့် ပိုင်ဆိုင်မှုနှင့် အခြေခံအဆောက်အအုံများ တိုက်ရိုက်ပျက်စီးမှုမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ သို့မဟုတ် နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်၏ ၁၄ % ခန့်ရှိကြောင်းလည်းယင်းကဆိုသည်။ ငလျင်ကြောင့် လူပေါင်း ၁၇ သန်းကျော် ထိခိုက်ခဲ့ပြီး ကိုးသန်းခန့် ပြင်းထန်စွာ ထိခိုက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။ မြန်မာစစ်အစိုးရ၏ အဆိုအရ သေဆုံးသူဦးရေမှာ ၃၇၀၀ ကျော်သွားပြီဖြစ်သည်။ "ငလျင်လှုပ်ခတ်မှုကြောင့် လူသေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများ သိသိသာသာ ဖြစ်ပေါ်ခဲ့ပြီး ခက်ခဲသော စီးပွားရေးအခြေအနေများ ပိုမိုဆိုးရွားလာကာ မြန်မာနိုင်ငံပြည်သူများ၏ ခံနိုင်ရည်အားကို ထပ်မံစမ်းသပ်ခြင်း" ဟု ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ ဌာနခွဲညွှန်ကြားရေးမှူး Melinda Good က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ "ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများသည် ထိခိုက်လွယ်သော ပြည်သူများကို ကူညီရန် မရှိမဖြစ် လိုအပ်ပါသည်"ဟုလည်းသူကဆိုသည်။ အစီရင်ခံစာနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုသည့် Reuters မှ တောင်းဆိုမှုကို စစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ခြင်း မရှိပါ။ ဒီဇင်ဘာလတွင် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှုများကြောင့် မတ်လတွင် ကုန်ဆုံးခဲ့သော ၂၀၂၄/၂၅ ဘဏ္ဍာနှစ်တွင်စီးပွားရေး ၁% ကျဆင်းမည်ဟု ခန့်မှန်းခဲ့သည်။ (more…)
Read More
နေပြည်တော်အနီးတွင် ငလျင်တစ်ကြိမ် လှုပ်ခတ်

နေပြည်တော်အနီးတွင် ငလျင်တစ်ကြိမ် လှုပ်ခတ်

နေပြည်တော်အနီးတွင် ငလျင်တစ်ကြိမ် လှုပ်ခတ် ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်၊ တနင်္လာနေ့ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၁၂ မိနစ် (GMT +6:30) တွင် နေပြည်တော်မှ ၃၆ ကီလိုမီတာ (၂၂ မိုင်) ကွာဝေးသောနေရာတွင်ပြင်းအား ၄.၀အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသည်။ ငလျင်၏ အတိမ်အနက်ကို မဆုံးဖြတ်နိုင်သော်လည်း တိမ်သည်ဟု ယူဆရသည်။ ငလျင်ဗဟိုချက်အနီးရှိ လူအချို့က လှုပ်ခတ်သည်ကိုသိရှိခဲ့သည်ဟု Volcano Discovery စာမျက်နှာက​​ဖော်ပြသည်။ (more…)
Read More
ငလျင် သတင်း

ငလျင် သတင်း

ငလျင်သတင်း မေလ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ------------------------------------------------ ၂၀၂၅ ခုနှစ် မေလ ၁၀ ရက်နေ့ မွန်းလွဲနှောင်းပိုင်း ဒေသစံတော်ချိန် ညနေ ၆ နာရီ ၅၉ မိနစ် (GMT +6:30) တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၏အရှေ့တောင်ဘက်၁၃၄ ကီလိုမီတာ (၈၃ မိုင်) အကွာအဝေးရှိ လင်းခေးမြို့တွင်ပြင်းအား ၄.၀အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသည်။ ငလျင်သည် အလွန်တိမ်သော အနက် ၇ ကီလိုမီတာ (၄.၃ မိုင်)မှလှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီးငလျင်လှုပ်ခတ်မှုကိုသိရှိခံစားခဲ့ရသူမရှိဟုလည်းVolcano Discovery စာမျက်နှာက မေလ ၁၁ရက်ကဖော်ပြသည်။ (more…)
Read More
ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့်မြန်မာတို့တွင်ငလျင် ၉ ကြိမ်လှုပ်ခတ်ခဲ့

ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့်မြန်မာတို့တွင်ငလျင် ၉ ကြိမ်လှုပ်ခတ်ခဲ့

မေလ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြင်းအား ၁.၄ မှ ၃.၁ အကြားရှိအပျော့စားငလျင် ၉ ကြိမ်ကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့တွင် မေလ ၉ရက်နေ့ညမှ ၁၀ ရက်နေ့ နံနက်အထိ မှတ်တမ်းတင်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာနမှ သိရသည်ဟု The Nation သတင်းကဖော်ပြသည်။ ထိုင်းနိုင်ငံတွင် ငလျင်နှစ်ခု လှုပ်ခတ်ခဲ့ကြောင်း ငလျင်စောင့်ကြည့်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။ (more…)
Read More
ဒေါ်လာ ၁၉၂.၇၆ သန်း ဘယ်ရောက်နေလဲ?

ဒေါ်လာ ၁၉၂.၇၆ သန်း ဘယ်ရောက်နေလဲ?

မေလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြင်းအား ၇.၇ ရှိ သေကြေပျက်စီးမှုများပြားခဲ့သည့် ငလျင်လှူပ်ခတ်ခဲ့မှုအပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် စစ်အုပ်စုသည် ရှားရှားပါးပါး နိုင်ငံတကာမှ လူသားချင်းစာနာမှုဆိုင်ရာ အကူညီများ တရားဝင် တောင်းခံခဲ့သည်။ မေတ္တာရပ်ခံချက်ကြောင့် ကမ္ဘာတဝှမ်းရှိ အစိုးရများနှင့် ကော်ပိုရေးရှင်းများသည် ပျက်စီးမှုများနှင့် ဆင်းရဲဒုက္ခများ သက်သာစေရန် အလှူငွေမြောက်များစွာ ပံ့ပိုးကူညီခဲ့သည်။ နိုင်ငံတကာအစိုးရများမှ ဒေါ်လာ ၁၃၆.၈၈ သန်းခန့် အကူအညီပေးခဲ့သည်ဟု သတင်းရင်းမြစ်များက ဖော်ပြထားသည်။ ဒါပဲလား။ မဟုတ်ပါဘူး။ ကုမ္ပဏီများနှင့် မြန်မာခရိုနီများမှလည်း ဒေါ်လာ ၅၅.၈၈ သန်းခန့် လှူဒန်းထားသည်ကိုလည်း Justice For Myanmar မှ အစီရင်ခံစာထုတ်ထားသည်။ ထို့ကြောင့် စစ်အုပ်စုသည် စုစုပေါင်း ဒေါ်လာ ၁၉၂.၇၆ သန်း အကူအညီငွေ ရရှိခဲ့သည်။ သို့သော်လည်း ပမာဏကြီးလွန်းသော အကူအညီငွေကြောင့် ၎င်း၏ တကယ်ဖြန့်ဝေမှုနှင့် ထိရောက်မှုအပေါ် အရေးကြီးသော မေးခွန်းများထုတ်စရာ ဖြစ်လာခဲ့သည်။ (more…)
Read More
မြန်မာနှင့်ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မေလ ၈ရက်နေ့က ငလျင် ၆ ကြိမ်လှုပ်

မြန်မာနှင့်ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မေလ ၈ရက်နေ့က ငလျင် ၆ ကြိမ်လှုပ်

မေလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြင်းအား ၁ ဒသမ ၅ မှ ၂ ဒသမ ၆ အဆင့်ရှိ အပျော့စားငလျင် ၆ ကြိမ်ဟာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့တွင်မေလ ၈ရက်နေ့ နံနက် (၈) နာရီက မှတ်တမ်းတင်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာနမှ သိရသည်ဟု The Nation သတင်းကဖော်ပြသည်။ ထိုင်းနိုင်ငံတွင် ငလျင်နှစ်ခု လှုပ်ခတ်ခဲ့ကြောင်း ငလျင်စောင့်ကြည့်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။ (more…)
Read More
မြန်မာ့ငလျင်ကြီး၏နောက်ဆက်တွဲငလျင် ၃၉၄ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း TMD ဌာနခွဲမှ သိရ

မြန်မာ့ငလျင်ကြီး၏နောက်ဆက်တွဲငလျင် ၃၉၄ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း TMD ဌာနခွဲမှ သိရ

ဧပြီလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြီးခဲ့သည့်လက မြန်မာနိုင်ငံ စစ်ကိုင်းပြတ်ရွေ့တစ်လျှောက် ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု ၃၉၄ ခုအထိ မှတ်တမ်းဝင်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာန (TMD) မှ သိရသည်ဟု The Nation သတင်းကဧပြီ ၈ရက်နေ့တွင်ဖော်ပြသည်။ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် မန္တလေးမြို့တွင် ပြင်းအား ၈ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ကို ထိခိုက်ခဲ့ကြောင်း TMD မြေငလျင်စောင့်ကြည့်ရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။ (more…)
Read More
မိုးရွာသွန်းမှုကြောင့် ငလျင်ကယ်ဆယ်ရေး ပိုခက်ခဲလာပြီး သေဆုံးသူ ၃၄၇၁ ဦးအထိ ရှိလာပြီဖြစ်

မိုးရွာသွန်းမှုကြောင့် ငလျင်ကယ်ဆယ်ရေး ပိုခက်ခဲလာပြီး သေဆုံးသူ ၃၄၇၁ ဦးအထိ ရှိလာပြီဖြစ်

ဧပြီလ ၆၊၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံတွင် ငလျင်ဒဏ်သင့်ဒေသများတွင် မိုးရွာသွန်းမှုများကြောင့် ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲက အိုးမဲ့အိမ်မဲ့များအတွက် တဲများ ထပ်မံလိုအပ်နေသေးကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာက ဧပြီ ၆ရက်ကဖော်ပြသည်။ မိုးကြောင့်ကယ်ဆယ်ရေးလုပ်ငန်းများကို ရှုပ်ထွေးစေပြီး ရောဂါဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေနိုင်သည်ဟု အကူအညီပေးရေးအေဂျင်စီများကဆိုသည်။ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၃၄၇၁ ဦးအထိ မြင့်တက်လာပြီး လူပေါင်း ၄၆၇၁ ဦး ဒဏ်ရာရရှိကာ နောက်ထပ် ၂၁၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ ကယ်ဆယ်ရေးအေဂျင်စီများသည် ရာသီဥတုဖောက်ပြန်မိုးရွာသွန်းမှုနှင့် ပြင်းထန်သောအပူရှိန်ပေါင်းစပ်မှုကြောင့်စခန်းချနေကြသော ငလျင်ဘေးမှ အသက်ရှင်ကျန်ရစ်သူများကြားတွင် ကာလဝမ်း အပါအဝင် ရောဂါများဖြစ်ပွားနိုင်ကြောင်းလည်း သတိပေးထားသည်။ "ချစ်ရသူတွေရဲ့ ရုပ်အလောင်းတွေကို အပျက်အစီးတွေကနေ ဆွဲထုတ်နေချိန်မှာ သူတို့ရဲ့ နေအိမ် အပျက်အစီးတွေ အပြင်ဘက်မှာအိပ်နေတဲ့ မိသားစုတွေပါ။ နောက်ထပ် ငလျင်တွေ ထပ်လှုပ်မှာကို အမှန်တကယ် ကြောက်နေကြပါတယ်" ဟု အလည်အပတ် ရောက်ရှိနေသော ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ Tom Fletcher က X လူမှုကွန်ယက်တွင် ပြောကြားခဲ့သည်။ (more…)
Read More
မြေငလျင်ကြောင့် အပျက်အစီးများစာရင်းကို NUG က ထုတ်ပြန်

မြေငလျင်ကြောင့် အပျက်အစီးများစာရင်းကို NUG က ထုတ်ပြန်

ဧပြီလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့အထိ ကောက်ယူရရှိသောစာရင်းများအရ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား (၇.၇)ဖြင့် လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြီးကြောင့် အများဆုံးထိခိုက်ခဲ့သည့် ဒေသ (၄)ခု၏ ထိခိုက်ဆုံးရှုံးမှုများကို တင်ပြအပ်ပါသည်ဟု NUG ကသတင်းထုတ်ပြန်သည်။ (more…)
Read More
မြန်မာနိုင်ငံတွင် ဧပြီ ၅ရက်နေ့က ငလျင်အများအပြား လှုပ်ခတ်ခဲ့ပြီး ထိုင်းနိုင်ငံအပေါ် သက်ရောက်မှု မရှိဟု သိရ 

မြန်မာနိုင်ငံတွင် ဧပြီ ၅ရက်နေ့က ငလျင်အများအပြား လှုပ်ခတ်ခဲ့ပြီး ထိုင်းနိုင်ငံအပေါ် သက်ရောက်မှု မရှိဟု သိရ 

ဧပြီလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် Pai မြို့နယ်တွင်ဧပြီ၅ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က ပြင်းအား ၂ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်ဟု The Nation ကဖော်ပြသည်။ မြန်မာနိုင်ငံတွင် ဧပြီ ၄ရက်နေ့ ညသန်းခေါင်မှ ၅ရက်နေ့ နံနက် ၉ နာရီအထိ စုစုပေါင်းငလျင် ရှစ်ကြိမ် လှုပ်ခတ်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာန မြေငလျင်စောင့်ကြည့်ရေးဌာနမှ သိရသည်။ (more…)
Read More