ငြိမ်းချမ်းရေး

လားရှိုးကိစ္စက၊ရော့ပတ္တမြား-ရော့နဂါး အခြားနယ်များလဲဆက်လာဦးမည်ထင်သည်

လားရှိုးကိစ္စက၊ရော့ပတ္တမြား-ရော့နဂါး အခြားနယ်များလဲဆက်လာဦးမည်ထင်သည်

"ဟိုဂင်နောက်ပိုင်း သတင်းမီဒီယာများတွင် ထုတ်ပြန်သော ဆွေးနွေးပွဲများနှင့်မထုတ်ပြန်သောဆွေးနွေးပွဲများ (ရှိ့တန်ကောင်းသဘော)မှမည်သည့် ကိစ္စများဆက်လက်ဆွေးနွေးကြမည်နည်းဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်လာသည်" ဇန်နဝါရီ ၃၀၊ ၂၀၂၅ သောင်ရင်းသတင်းလွှာ မြန်မာစာပေထဲက မြန်မာမင်းအုပ်ချုပ်ပုံစာတန်းတွင်ဖော်ပြထားသောစစ်ပြေငြိမ်းရေး၊စေ့စပ်ရေး (၁၆)ပါးမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ (၁)ကပါလသန္ဓိ အညီအညွတ်မိတ်ဖြစ်အောင်စေ့စပ်ခြင်း။ (၂)ဥပကာရသန်ဓိ ဥစ္စာပစ္စည်းပေးကမ်း၍စေ့စပ်ခြင်း (၃)သန်တာနသန္ဓိ သမီး၊နှမတို့ကိုပေး၍စေ့စပ်ခြင်း။ (၄)သင်္ဂဘသန္ဓိ အသက်ထက်ဆုံး မပျက်မစီး ဆင်းရဲအတူ၊ ချမ်းသာအမျှဖြစ်ပါမည်ဟု ခံဝန်စာချုပ် ထား၍မိတ်ဖြစ်အောင်စေ့စပ်ခြင်း။ (၅)ဥပညာသန်ဓိ အစေ့အစပ်မိတ်ဖြစ်ရလျင် ထိုက်လျောသော အကျိုးတစ်စုံတစ်ခု၏ ဧကန်ပြီးစီးမည်ကို ညွန်ပြ၍ ပြု့အပ်သော မိတ်ဖွဲ့ခြင်းအစေ့အစပ်။ (more…)
Read More