စကစ

အကြမ်းဖက်စစ်တပ်က ပစ်လိုက်တဲ့လက်နက်ကြီး လေးကေ့ကော်ကနေ နယ်ကျော်ကာ ထိုင်းဘက်ကျကွဲ

အကြမ်းဖက်စစ်တပ်က ပစ်လိုက်တဲ့လက်နက်ကြီး လေးကေ့ကော်ကနေ နယ်ကျော်ကာ ထိုင်းဘက်ကျကွဲ

စက်တင်ဘာ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်ပြန်လည်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တဖက်နိုင်ငံ ထိုင်းဘက်ခြမ်းကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သောင်ရင်းသတင်းလွှာကိုပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ လေးကေ့ကော်ကို ကျော်ပြီး မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက်အနီးရှိ သစ်တောဧရိယာအတွင်း ကျရောက် ပေါက်ကွဲခဲ့တာလို့သိရပါတယ်။ (more…)
Read More
ငလျင်ကြောင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ထားပေမယ့် စစ်တပ်က နောင်ချိုနယ်ကို ဒရုန်းနဲ့ဗုံးကြဲလို့ ပြည်သူတဦးသေ

ငလျင်ကြောင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ထားပေမယ့် စစ်တပ်က နောင်ချိုနယ်ကို ဒရုန်းနဲ့ဗုံးကြဲလို့ ပြည်သူတဦးသေ

ဧပြီ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ နိုင်ငံတဝှမ်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိနေတာကြောင့် စစ်အုပ်စုဘက်က နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်နဲ့သတ်မှတ်ထားပေမယ့် စည်းကမ်းချိုးဖောက် ဂတိမတည်ခဲ့ဘဲ နောင်ချိုနယ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ ညနေ၄နာရီ ၂၀မိနစ်အချိန်က နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ အမျိုးသားတဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ (more…)
Read More
ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီဖို့လာတဲ့ တရုတ်ကြက်ခြေနီအသင်းယာဉ်တန်းကို စစ်တပ်က ပစ်ခတ်

ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီဖို့လာတဲ့ တရုတ်ကြက်ခြေနီအသင်းယာဉ်တန်းကို စစ်တပ်က ပစ်ခတ်

ဧပြီလ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ နိုင်ငံတဝှမ်း ငလျင်ဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေသယ်ဆောင်လာတဲ့ တရုတ်ကြက်ခြေနီအသင်းရဲ့ ယာဉ်၉စီးတန်းကိုစစ်အုပ်စုဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLAဘက်က သတင်းထုတ်ပြန်ထားပါတယ်။ (more…)
Read More
စစ်အုပ်စုက ငလျင်ဘေးကူညီကယ်ဆယ်ရေးမလုပ်ဘဲ မင်းတပ်ကို ဗုံးကြဲ

စစ်အုပ်စုက ငလျင်ဘေးကူညီကယ်ဆယ်ရေးမလုပ်ဘဲ မင်းတပ်ကို ဗုံးကြဲ

ဧပြီ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို လေကြောင်းကနေ ပေါင်၅၀၀ ဗုံး၂လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။ မနေ့ ညနေ ၆နာရီ ၂၅မိနစ်ခန့်က မင်းတပ်မြို့ပေါ်ကို စစ်အုပ်စုဘက်က လေကြောင်းကနေတိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိပေမယ့် ပြည်သူပိုင် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ပြောပါတယ်။ (more…)
Read More