စကစ ငြိမ်းချမ်းရေးဖိုရန်

စကစ ငြိမ်းချမ်းရေးဖိုရန်နှင့် ၂၁ ရာစုပင်လုံ ပြည်ထောင်စုသဘောတူညီချက် များကံကြမ္မာ

စကစ ငြိမ်းချမ်းရေးဖိုရန်နှင့် ၂၁ ရာစုပင်လုံ ပြည်ထောင်စုသဘောတူညီချက် များကံကြမ္မာ

ဇွန်လ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ စစ်အုပ်စုဖက်က ရွေးကောက်ပွဲ မီးရှူးမီးပန်းဖောက်ပြီး ငြိမ်းချမ်းရေး ဗလာကျည် အသံကျယ်ကျယ်ပစ်ဖောက်လာပါတယ်။ လက်တွေလုပ်‌လေ့ရှိ တာကတော့ စစ်ရေးဖိအားပိုပေးဖို့က နောက်ကဆက်လိုက်လာမှာပဲဖြစ်ပါတယ်။ မြန်မာတို့ပြောကျသလို ပါးစပ်က ဘုရားဘုရားဆိုရင် လက်ကကားယား ကားယား ပေါ့။ နိုင်ငံရေးစကားအရဆို ဗိုလ်နေဝင်းငြိမ်ချမ်းရေး ဖိတ်ခေါ်တာကို ပဲခူးရိုးမ ဗကပ ဗဟိုမှာ ဘယ်လိုတုံ့ပြန်မလဲဆွေးနွေးကြတော့ ရဲဘော်ဌေးက ဗိုလ်နေဝင်းက ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရေားဖို့ပဲ၊ဆိတ်သားရောင်းမှာလား၊ခွေးသားရောင်းမှာလားဆိုတာ ဈေးထဲရောက်မှ သိရမယ် ဆိုပြီး ဗိုလ်နေဝင်းငြိမ်းချမ်းရေးလှည့်ကွက်ကိုဖွင့်ချဖို လိုင်းကိုတင်ခဲ့ပါတယ်။ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းပေမယ့် မုဆိုးကဆာ စောဟန်တာသာမွှေး နဲ့အဖွဲကတော့ ကျန်ခဲ့ပါတယ်။ မုဆိုးကဆာစောဟန်တာသာမွှေးနဲ့ပက်သက်လို့ ခေတ်ပြိုင်ပုဂ္ဂိုလ်တစ်ဦး မိခါလေရော့ က မာတင်စမစ်ကို ပြောတာက သာမွှေး သူ အားအင်ကုန်ခန်းသွားတာထင်တယ်လို့ ဆိုခဲ့ပါတယ်။ ဘဝနေဝင်ချိန်၊ အင်းစိန်မြို့ရဲ့ ဘုရားကျောင်းတစ်ခုမှာ စောဟန်တာသာမွှေးက "အခုအချိန် ဟော့ဒီ ဘုရားကျောင်းနံရံမှာ စောဘဦးကြီးသာ ရှိ့နေရင် ကျွန်တော့ကို ပြုံးပြုံးကြီးကြည့်လိုနေမှာပါ" လို့သံဝေဂ စကားဆိုခဲ့ပါတယ်။ စစ်အုပ်ဟာ အထွေထွေအကျပ်အတည်းဆိုက်ချိန်ဆိုရင် ငြိမ်းချမ်းရေးထိုးစစ်ဆင်တတ်တာ သမိုင်းလက်တွေ့ဖြစ်ပါတယ်။မြန်မာစစ်သေနင်္ဂဗျူဟာကျမ်းထဲက စစ်နားတောင်းတဲ့ ဗျူဟာကျင့်သုံးလေ့ရှိ့ပါတယ်။ ၁၉၈၈ ပြီးနောက်ပိုင်း စစ်အုပ်စု အထွေထွေအကျပ်အတည်းဆိုက်ချိန်မှာ ၁၊တပ်တည်ရှိ့ခွင့်၊၂၊နယ်မြေတည်ရှိ့ခွင့်၊၃၊စီးပွားရေးလုပ်ပိုင်ခွင့်နဲ့ငြိမ်းချမ်းရေးအပေးအယူလုပ်ပြန်ပါတယ်။ အားနဲနဲရှိလာတာနဲ့ နိုင်စားလို့ရမယ်ထင်တဲ့အဖွဲ့တွေကိုတိုက်ခိုက်ပါတယ်။အချို့အဖွဲတွေ ထားရာနေ၊စေရာသွားအားအင်ချိနဲ့ ကုန်ပါတယ်။ စာရေးသူတို့မွန်ပြည်နယ်သားတွေ ဆိုးရိုးစကားအရ ငြိမ်းချမ်းရေးတစ်ခါလုပ် ၊နယ်မြေတစ်ခါကျုံ့ လိုက်လာလိုက်တာ သုံးခါလည်းပြီးရော လက်တစ်ဝါးစာ ပဲ အနိုင်နိုင်ကျန်တော့တယ် ဆိုသလိုပါပဲ။ တတိယစစ်အုပ်စု ဦးသိန်းစိန်ခေတ်မှာ သူတို့တတိယစစ်အုပ်စု(ဗိုလ်သန်းရွှေအာဏာသိမ်းစစ်အုပ်စု) ငြိမ်းချမ်းရေးလုပ်စဉ် ကတိကျွံထားတဲ့ (ရွေးကောက်တင်မြောက်ခံရတဲ့အစိုးရနဲ့ နိုင်ငံရေးစကားပြောဖို့)ဆိုတဲ့ နိုင်ငံရေးဖိအားကို ရင်ဆိုင်ရပါတယ်။ တတိယစစ်အုပ်စုက နောက်ထပ်ဆိတ်ခေါင်းတစ်လုံးချိတ်လိုက်ပြီး…
Read More