စစ်ဆင်ရေးဖြင့်ဒေဝါလီမခံရချင်ရင်

အာဏာနှင့်ဥစ္စာဓနရှာဖွေခြင်း၊မြေမှန်သမျှလုယက်သိမ်းပိုက်ကြခြင်းတို့ကြောင့်မြေရှင်ပဒေသရာဇ်လက္ခဏာလည်းအပြည့်ရှိနေကြသည်။ ၆၂ ၊၈၈အာဏာသိမ်းမျိုးဆက်နှစ်ဆက်မှ အာဏာ၊ဥစ္စာဓန နှင့်မြေယာများစွာပိုင်ဆိုင်သောလူတန်းစားတစ်ရပ်ပေါ်ထွက်လာခဲ့ရာ အဆိုပါလူတန်းစား၏ လက္ခာများကိုခြုံ၍ စစ်ဗျုရိုကရက် ပဒေသရာဇ် အရင်းရှင်လူတန်းစား အဖြစ် လက်တစ်ဆုပ်စာပေါ်ထွန်းလာခဲ့သည်။ အဆိုပါ စစ်ဗျူရိုကရက်မြေရှင်ပဒေသရာဇ်အရင်းရှင်လူတန်းစားကြီးသည်တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်ချယ်လှယ်ထားကြသည်။၎င်းတို့ဘက်ပေါင်းစုံချယ်လှယ်ထားမှုအောက်မှ သာမန်ရောင်းရေးဝယ်တာ၊ကုန်စည်ဖြန့်ချီရေးကူးသန်းရောင်းဝယ်ရေး၊ကုန်စည်ထုတ်လုပ်ရေးလုပ်ငန်းများသည်လည်းဖြေးဖြေးမှန်မှန်နှင့် နိုင်ငံအနှံ့ ဖြစ်ထွန်းလာသည်။ ယေဘူယအားဖြင့် အလတ်စား၊အသေးစား ကုန်ထုတ်လုပ်ငန်းများ၊ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ၊မိရိုးဖလာစီးပွားရေးလုပ်ငန်းများ၊ခေတ်သစ်စီးပွားရေးဘဝ စွန့်ဦးတီထွင်လုပ်ငန်းရှင်များစသဖြင့် များပြားလှသောလုပ်ငန်းမျိုးစုံဖြစ်သည်။ အဆိုပါလူတန်းစားသည် ဘူဇွာအဆင့်သို့တက်လှမ်းရန်အားယူနေသော ပတ်တီးဘူဇာဇီ ဘူဇွာပေါက်စများဖြစ်ကြသည်။ဖြစ်ထွန်းစဘူဇွာအစုမှ ဘူဇွာပေါက်စများထဲမှ ထွန်းသစ်စဓနရှင် ရိုက်ဇင်းဘူဇွာအချို့အဖြစ်လည်းပေါ်ထွက်လာသည်။ ဘူဇွာအုပ်စုများသည်လည်း စစ်ဗျူရိုကရက်‌ပဒေသရာဇ်အရင်းရှင်အုပ်စု၏ အောက်တွင် စီးပွားရေး ဗိုလ်ကျစိုးမိုးမှုနှင့်ဖိနှိပ်မှု့ ခံနေရသည်။သူတို့၏ဓနရှင်များအဖြစ်တက်လှမ်းရန်၊အရင်းရှင်များအဖြစ်တက်လှမ်းရန် တက်လမ်းမှန်သမျှကို စစ်ဗျူရိုကရက်ပဒေသရာဇ်အရင်းရှင်များနှင့်လက်ဝေခံခရိုနီများမှနည်းမျိုးစုံဖြင့်ပိတ်ဆို့ထားသည်။

ဧပြီလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ(ဆောင်းပါး) အာဏာနှင့်ဥစ္စာဓနရှာဖွေခြင်း၊မြေမှန်သမျှလုယက်သိမ်းပိုက်ကြခြင်းတို့ကြောင့်မြေရှင်ပဒေသရာဇ်လက္ခဏာလည်းအပြည့်ရှိနေကြသည်။ ၆၂ ၊၈၈အာဏာသိမ်းမျိုးဆက်နှစ်ဆက်မှ အာဏာ၊ဥစ္စာဓန နှင့်မြေယာများစွာပိုင်ဆိုင်သောလူတန်းစားတစ်ရပ်ပေါ်ထွက်လာခဲ့ရာ အဆိုပါလူတန်းစား၏ လက္ခာများကိုခြုံ၍ စစ်ဗျုရိုကရက် ပဒေသရာဇ် အရင်းရှင်လူတန်းစား အဖြစ် လက်တစ်ဆုပ်စာပေါ်ထွန်းလာခဲ့သည်။ အဆိုပါ စစ်ဗျူရိုကရက်မြေရှင်ပဒေသရာဇ်အရင်းရှင်လူတန်းစားကြီးသည်တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်ချယ်လှယ်ထားကြသည်။၎င်းတို့ဘက်ပေါင်းစုံချယ်လှယ်ထားမှုအောက်မှ သာမန်ရောင်းရေးဝယ်တာ၊ကုန်စည်ဖြန့်ချီရေးကူးသန်းရောင်းဝယ်ရေး၊ကုန်စည်ထုတ်လုပ်ရေးလုပ်ငန်းများသည်လည်းဖြေးဖြေးမှန်မှန်နှင့် နိုင်ငံအနှံ့ ဖြစ်ထွန်းလာသည်။ ယေဘူယအားဖြင့် အလတ်စား၊အသေးစား ကုန်ထုတ်လုပ်ငန်းများ၊ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ၊မိရိုးဖလာစီးပွားရေးလုပ်ငန်းများ၊ခေတ်သစ်စီးပွားရေးဘဝ စွန့်ဦးတီထွင်လုပ်ငန်းရှင်များစသဖြင့် များပြားလှသောလုပ်ငန်းမျိုးစုံဖြစ်သည်။ အဆိုပါလူတန်းစားသည် ဘူဇွာအဆင့်သို့တက်လှမ်းရန်အားယူနေသော ပတ်တီးဘူဇာဇီ ဘူဇွာပေါက်စများဖြစ်ကြသည်။ဖြစ်ထွန်းစဘူဇွာအစုမှ ဘူဇွာပေါက်စများထဲမှ ထွန်းသစ်စဓနရှင် ရိုက်ဇင်းဘူဇွာအချို့အဖြစ်လည်းပေါ်ထွက်လာသည်။ ဘူဇွာအုပ်စုများသည်လည်း စစ်ဗျူရိုကရက်‌ပဒေသရာဇ်အရင်းရှင်အုပ်စု၏ အောက်တွင် စီးပွားရေး ဗိုလ်ကျစိုးမိုးမှုနှင့်ဖိနှိပ်မှု့ ခံနေရသည်။သူတို့၏ဓနရှင်များအဖြစ်တက်လှမ်းရန်၊အရင်းရှင်များအဖြစ်တက်လှမ်းရန် တက်လမ်းမှန်သမျှကို စစ်ဗျူရိုကရက်ပဒေသရာဇ်အရင်းရှင်များနှင့်လက်ဝေခံခရိုနီများမှနည်းမျိုးစုံဖြင့်ပိတ်ဆို့ထားသည်။ =========================================================================================================== မြန်မာဘူဇွာတွေ စစ်တပ်ရဲ့ဒုတိယဇူစကာ စစ်ဆင်ရေးဖြင့်ဒေဝါလီမခံရချင်ရင် တော်လှန်ရေးမှာငွေနဲ့ပါကြ ------------------------------------------------------------------------------------------------------------------------ ဥရောပနိုင်ငံများတွင် ‌ကံကြွေးချမြေရှင်ပဒေသရာဇ်စနစ်၊ကျောင်းတော်ဘာသာရေးဖြင့်လွမ်းမိုးထားသည့်ခေတ်က မြေပိုင်ရှင်လော့ခ်လက်တစ်ဆုပ်စာနှင့်ဘုရားကျောင်းများသာ လောကနိဗ္ဗန်ရောက်နေကြသည်။ကျန်သည့်ဥရောပပြည်သူများ၏ဘဝကား ဆိုးရွားနိမ့်ကျသည်ထက်ဆိုးရွားလှသည်။ ဥရောပရှိမြေအားလုံးကို ပဒေသရာဇ်များ၊မြေရှင်နယ်စားကြီးများနှင့် ဘုန်းတော်ကြီးကျောင်းများမှပိုင်ဆိုင်ထားကြသည်။သူတို့မှလွဲ၍ကျန်သူများမှာမြေကျွန်များနှင့်ကျေးတော်မျိုးကျွန်တော်မျိုးများသာဖြစ်ကြသည်။ ကူးသန်းရောင်းဝယ်ရေးရှိလာသည့်အတွက် ကုန်သည်များလည်းရှိလာသည်။ မြေရှင်များ၏ရဲတိုက်များဝန်းကျင်တွင် ဟိုမှ၊ဒီမှကုန်စည်များရောင်းချထားသည့်ဈေးမြို့များပေါ်လာသည်။ အဆိုပါဈေးမြို့များကို ပြင်သစ်စကားဖြင့် ဘူးရ်များဟုခေါ်ကြသည်။အဆိုပါမြို့များတွင် ကူးသန်းရောင်းဝယ်ဖောက်ကားကြသောလူတန်းစားတစ်ရပ်ပေါ်လာသည်။ထိုလူတန်းစားကို ဘူဇွာဇီများဟုခေါ်ကြသည်။ဈေးရောင်းဈေးဝယ် ကုန်သည်လူတန်းစားဖြစ်သည်။ ကုန်ထုတ်လုပ်မှု့လုပ်ငန်းများ၊ရောင်းရေးဝယ်တာလုပ်ငန်းများထွန်းကားလာသော်အခါ လုပ်ငန်းများတိုးချဲ့ရန်မြေလိုလာသည်။ ထိုစဉ်က ဥရောပ မြေမှန်သမျှသညိ မြေရှင်ပဒေသရာဇ်လူတန်းစားနှင့် ဘုန်းတော်ကြီးများလက်ထဲတွင်သာရှိနေသည်။ ကုန်သည်လူတန်းစားသည်ကူးသန်းရောင်းဝယ်ရင်းအရင်းအနှီး၊ဓနဥစ္စာများစုဆောင်းမိလာသည်။ဥရောပဘုရင်များနှင့်မြေရှင်များသည် ဇိမ်ခံလွန်း၍ ငွေကြေးအကျပ်အတည်းဖြစ်ကြလေ့ရှိရာ ဘူဇွာလူတန်းစားထံမှချေးငှားကြရသည်။ ဘူဇွာလူတန်းစားသည် ၎င်းတို့စီးပွားရေးအတွက် လိုအပ်သည့်မြေနှင့်နေရာအကွက်အကွင်းအတွက် အုပ်ချုပ်သူပဒေသရာဇ်ပိုင်မြေများနှင့် ဘုန်းတော်ကြီးများပိုင်မြေများကို လိုအပ်လာသည်။ဤသို့ပြောင်းလဲလာသောစီးပွားရေးစနစ်ကြောင့် အဆိုပါဘူဇွာလူတန်းစားသည်လုပ်ပိုင်ခွင့် အာဏာလိုလာသည်။ ပဒေသရာဇ်တို့ထံမှ စီးပွားရေးလွတ်လပ်စွာလုပ်ပိုင်ခွင့်၊မြေနေရာများရရှိရေးအတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲ လုပ်ရန်အားထုတ်လာကြသည်။ထို့အပြင် ဥရောပမြေများ၏ ၄၀ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး တရားတော်နှင့်မညီပဲဇိမ်ခံယစ်မှုးနေကြသောဘုန်းတော်ကြီးများ ထံမှ မြေနှင့် အရင်းအနီုးများအတွက် သာသနာတော်ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာကြသည်။ ဘူးရ်မြို့နေကုန်သည်လူတန်းစားများ၊ဘူဇွာများ၏ နိုင်ငံရေးပြုပြင်ပြောင်လဲမှုကို ဘူဇွာတော်လှန်ရေးနှင့်…
Read More