စစ်တပ်

ရခိုင်မှာ ရိုဟင်ဂျာတွေ နေခဲ့တဲ့နေရာတွေမှာ စစ်တပ်က စစ်ဘက်ဆိုင်ရာနေရာ တည်ဆောက်အစားထိုးခဲ့

ရခိုင်မှာ ရိုဟင်ဂျာတွေ နေခဲ့တဲ့နေရာတွေမှာ စစ်တပ်က စစ်ဘက်ဆိုင်ရာနေရာ တည်ဆောက်အစားထိုးခဲ့

စက်တင်ဘာ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာစစ်တပ်ဟာ သူတို့ ဖျက်စီးခဲ့တဲ့ ရိုဟင်ဂျာ ကျေးရွာတွေနဲ့ ရိုဟင်ဂျာတို့ရဲ့ နေအိမ်တွေနေရာမှာ စစ်ဘက်ဆိုင်ရာ နေရာထိုင်ခင်းတွေ၊ အခြေခံ အဆောက်အအုံ တွေနဲ့ အစားထိုးခဲ့တယ်ဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်း ပြသနေတဲ့ သက်သေ အထောက်အထားတွေ ရရှိထားတယ်ဆိုပြီး ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ လွတ်လပ်တဲ့ စုံစမ်း‌ရေး ယန္တရား IIMM က ထုတ်ပြန်တယ်လို့ BBC ကစက်တင်ဘာ ၃၀ ရက်မှာဖော်ပြပါတယ်။ IIMM ရဲ့ အစီရင်ခံစာအရ ရိုဟင်ဂျာ ကျေးရွာတွေရဲ့ နေရာမှာ စစ်စခန်း တည်ဆောက်တာမျိုး အပြင်၊ လမ်း အသစ်တွေ ဖောက်တာ၊ အဆောက်အအုံတွေ တည်ဆောက်ခဲ့သလို ၊ အခိုင်အမာ ကာကင်းစခန်း ခြံဝင်းတွေနဲ့ ရဟတ်ယာဥ် ဆင်းသက်ကွင်း ၂ ခု လည်း တည်ဆောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ (more…)
Read More
ငလျင်ကြောင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ထားပေမယ့် စစ်တပ်က နောင်ချိုနယ်ကို ဒရုန်းနဲ့ဗုံးကြဲလို့ ပြည်သူတဦးသေ

ငလျင်ကြောင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ထားပေမယ့် စစ်တပ်က နောင်ချိုနယ်ကို ဒရုန်းနဲ့ဗုံးကြဲလို့ ပြည်သူတဦးသေ

ဧပြီ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ နိုင်ငံတဝှမ်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိနေတာကြောင့် စစ်အုပ်စုဘက်က နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်နဲ့သတ်မှတ်ထားပေမယ့် စည်းကမ်းချိုးဖောက် ဂတိမတည်ခဲ့ဘဲ နောင်ချိုနယ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ ညနေ၄နာရီ ၂၀မိနစ်အချိန်က နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ အမျိုးသားတဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ (more…)
Read More
ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီဖို့လာတဲ့ တရုတ်ကြက်ခြေနီအသင်းယာဉ်တန်းကို စစ်တပ်က ပစ်ခတ်

ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီဖို့လာတဲ့ တရုတ်ကြက်ခြေနီအသင်းယာဉ်တန်းကို စစ်တပ်က ပစ်ခတ်

ဧပြီလ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ နိုင်ငံတဝှမ်း ငလျင်ဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေသယ်ဆောင်လာတဲ့ တရုတ်ကြက်ခြေနီအသင်းရဲ့ ယာဉ်၉စီးတန်းကိုစစ်အုပ်စုဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLAဘက်က သတင်းထုတ်ပြန်ထားပါတယ်။ (more…)
Read More