စစ်တပ်ဒေါက်တိုင်

စစ်တပ်ဒေါက်တိုင် ခရိုနီတေဇ၏သမီး ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်း Vogue Italia က ဖြုတ်ချဖယ်ရှား

စစ်တပ်ဒေါက်တိုင် ခရိုနီတေဇ၏သမီး ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်း Vogue Italia က ဖြုတ်ချဖယ်ရှား

ဇူလိုင်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အကြမ်းဖက် စစ်တပ်၏ ဒေါက်တိုင် ခရိုနီ တေဇ၏ သမီး ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်း Vogue Italia က ဖြုတ်ချ ဖယ်ရှားလိုက်ကြောင်း Justice For Myanmar(JFM) က ဇူလိုင် ၁၈ရက်သတင်းထုတ်ပြန်သည်။ ရေချယ်တေဇအကြောင်း ဖော်ပြထားသော ထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်သော Vogue Italia ၏ မိခင်ကုမ္ပဏီ Condé Nast ထံသို့ Justice For Myanmar စာပို့ပြီးနောက် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားသော မြန်မာခရိုနီ ရေချယ်တေဇ (ထူးထွေးတေဇ) အကြောင်းဖော်ပြထားသည့် အွန်လိုင်း စာမျက်နှာကို Vogue Italia website မှ ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မူများနှင့် OECD ၏ တာ ဝန်ရှိသော စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ခဲ့သည့် Vogue Italia မဂ္ဂဇင်း ၏ လုပ်ဆောင်ချက်ကို JFM က ကြိုဆိုကြောင်း၊ ခရိုနီ တေဇ ၏သမီးဖြစ်သူ ရေချယ်တေဇ သည် ထူးအုပ်စုတွင် တာဝန်ရှိသူဖြစ်သည့်အပြင်၊ မြန်မာစစ်အုပ်စု၏ ပြည်သူများအပေါ် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်နေသည့် ထူးအုပ်စုမှ အမြတ်အစွန်းများရရှိနေသူ ဖြစ်ကြောင်း JFM က ဆိုသည်။ (more…)
Read More