စစ်အစိုးရ

စစ်အစိုးရက ဆေးဘက်ပညာသည်များကို မြေအောက်ဆီသို့မောင်းထုတ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု အကျပ်အတည်း ဖြစ်လာ

စစ်အစိုးရက ဆေးဘက်ပညာသည်များကို မြေအောက်ဆီသို့မောင်းထုတ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု အကျပ်အတည်း ဖြစ်လာ

မေလ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာပညာရှင် ဆိုဖီယာထွေးသည် မတ်လနှောင်းပိုင်းတွင် ရစ်ခ်ျတာစကေး ၇.၇ ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ဩစတေးလျနိုင်ငံရှိ၎င်း၏နေအိမ်သို့ဖုန်ခေါ်ရန် နာရီပေါင်းများစွာ ကြိုးစားခဲ့ရပြီး ငယ်သူငယ်ချင်းတစ်ဦးမှာ အပျက်အစီးများထဲတွင် ပိတ်မိနေကြောင်း သိရှိရသည်။ မန္တလေးမြို့အနောက်မြောက်ဘက်စစ်ကိုင်းမြို့မှ သူငယ်ချင်းဖြစ်သူက သူ့ကိုပြောပြသည်မှာ အဆိုပါသူငါ်ချင်းမှာလွတ်မြောက်လာသော်လည်း ဆေးကုသမှုမခံယူဘဲ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ရသည်ဟုဆိုသည်။ “ဒါက တကယ်ပဲကျမကို ကြေကွဲစေတယ်… ဒါက စစ်အာဏာရှင်တွေနဲ့စစ်တပ်က အာဏာသိမ်းမှုရဲ့ရှုံးနိမ့်မှုပဲ” ဟု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် စစ်အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် တိုက်ခိုက်မှုများကို ရည်ညွှန်းပြီး သူမက ပြောကြားခဲ့သည်။ လူပေါင်း ၃၇၀၀ ကျော် သေဆုံးပြီး ၅၀၀၀ ဒဏ်ရာရခဲ့သည့် ငလျင်သည် စစ်အုပ်ချုပ်ရေးအောက်တွင် ဆရာဝန်နှင့် သူနာပြုများ ပြင်းထန်စွာနှင့်သိသိသာသာ ကျဆင်းသွားသည့်ကျန်းမာရေးစနစ်အား လျင်မြန်စွာ လွှမ်းခြုံသွားခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကိန်းဂဏန်းများက ဖော်ပြသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ဆရာဝန်နှင့်ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီးနောက် စစ်တပ်က ၎င်း၏အုပ်ချုပ်မှုကို ဆန့်ကျင်ဘက်များကို ဖယ်ရှားရန် ကြိုးပမ်းနေသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများကို တိုက်ခိုက်မှုအပေါ် လူအများက အပြစ်တင်ကြသည်။ (more…)
Read More
မြန်မာ့ငလျင်သည် စစ်အစိုးရ၏ လူမဆန်ဆုံး လက်နက်နှင့် တိတ်ဆိတ်မှုကို ဖော်ထုတ်ပြသ

မြန်မာ့ငလျင်သည် စစ်အစိုးရ၏ လူမဆန်ဆုံး လက်နက်နှင့် တိတ်ဆိတ်မှုကို ဖော်ထုတ်ပြသ

ဧပြီလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မတ် ၂၈ ရက်က မြန်မာနိုင်ငံတွင် ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး မြန်မာနိုင်ငံတွင် အပြင်းထန်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ လူပေါင်း ၃၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရ၊ ပျောက်ဆုံး သို့မဟုတ် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ အိမ်ခြေ ၈၅ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးခဲ့သည်။မုတ်သုန်ရာသီ နီးကပ်လာသည်နှင့်အမျှ အရေးပေါ်အခြေအနေသည် ပို၍ကြီးမားလာကာ ပျက်သုဉ်းနေပြီဖြစ်သော အသက်ရှင်ကျန်ရစ်သူများဒုက္ခပိုမိုရောက်ရှိရန် ခြိမ်းခြောက်နေသည်။ ဤမျှကြီးမားသော ပျက်စီးဆုံးရှုံးမှုကို ရင်ဆိုင်ရသောအခါတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် တုံ့ပြန်မှုကို မျှော်လင့်နိုင်မည်ဖြစ်သည်။ သို့သော်လည်း မြန်မာစစ်အစိုးရသည် ဤသဘာဝဘေးအန္တရာယ်ကို ဖိနှိပ်ချုပ်ချယ်မှုတွင် အခြားမျက်နှာစာအဖြစ် ပြောင်းလဲပေးခဲ့သည်။ ငလျင်ဒဏ်ခံရသော ဇုန်များတွင်ပင် စစ်အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေသည့် ညမထွက်ရအမိန့်များ ချမှတ်ထားကြောင်း အစီရင်ခံစာများက ဖော်ပြသည်။ နိုင်ငံခြားအစိုးရများသည် အရေးပေါ်ရန်ပုံငွေ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် အသက်ကယ်ထောက်ပံ့ရေးပစ္စည်းများမှတစ်ဆင့် ပံ့ပိုးကူညီမှုများ တိုးမြှင့်ဆောင်ရွက်နေသော်လည်း အဆိုပါ ကြိုးပမ်းမှုများကိုမြန်မာစစ်တပ်က တင်းကျပ်စွာ ချုပ်ကိုင်ထားသည်။ မြန်မာနိုင်ငံ၏ အမှောင်မိုက်ဆုံးအချိန်များတွင် ၎င်းသည် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း၊COVID-19 ကပ်ရောဂါ နှင့် ၂၀၂၀ နှင့် ၂၀၂၃ ခုနှစ်ကြားတွင် မြင်တွေ့ခဲ့ရသည့်အတိုင်း ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဘာသာရေးအဖွဲ့အစည်းများ မကြာခဏ ပါဝင်ကူညီခဲ့ကြသည်။ ယနေ့တွင်၊ ၎င်းတို့သည် စိတ်ပျက်အားငယ်နေသော လူမှုအသိုင်းအဝိုင်းများအတွက် ယုံကြည်စိတ်ချရသော ကယ်ဆယ်ရေးအရင်းအမြစ်အနည်းငယ်ထဲမှ တစ်ဖန်ဖြစ်လာပါသည်။ (more…)
Read More
အဘယ်ကြောင့် မြန်မာ့မြေငလျင်သည် စစ်အစိုးရကို ပြိုလဲစေနိုင်သနည်း

အဘယ်ကြောင့် မြန်မာ့မြေငလျင်သည် စစ်အစိုးရကို ပြိုလဲစေနိုင်သနည်း

ဧပြီလ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြည်တွင်းစစ်များကြားတွင် သမိုင်းဝင်ငလျင် ကပ်ဆိုးကြီး လှုပ်ခတ်မှုကြောင့် အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်အာဏာရှင် အစိုးရသည် အန္တရာယ်နှင့် မရေရာသော အနေအထားတွင် ရှိနေသည်။ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးတို့ အထူးသဖြင့် တပ်မတော်၏ နယ်မြေအတွင်း ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည့် သဘာဝဘေးအန္တရာယ်သည် တစ်ပြိုင်နက်ထဲ အစိုးရ ပြိုလဲစေရန် ဦးတည်သွားမည်လား။ စစ်အစိုးရကိုဆန့်ကျင်သည့် သူပုန်အဖွဲ့များသည် ငလျင်ဒဏ်သင့် ဒေသများတွင် အပစ်အခတ်ရပ်စဲရေး ကြေညာထားပြီး ဒုက္ခသည်များထံ အကူအညီများ ပေးအပ်နိုင်ခဲ့သည်။ (more…)
Read More