ဧည့်စာရင်းအကြောင်းပြအဖမ်းခံရတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်း၂ဦးကို စစ်အုပ်စုဘက်က ထောင်နှစ်၂၀အထိချမှတ်
ဇူလိုင်လ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အာဏာလုစစ်အုပ်စုက ဧည့်စာရင်းအကြောင်းပြကာ ဝင်းရောက် ဖမ်းဆီးခဲ့တဲ့ တကသကျောင်းသားဟောင်းများ အင်အားစု အဖွဲ့ဝင်တဦးဖြစ်သူ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ နဲ့ကိုရှိန်းဝေအောင် (အလုပ်အမှုဆောင်ဟောင်း၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ) တို့ကို စစ်ကောင်စီက ထောင်ဒဏ် နှစ်(၂၀) အထိ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ ၉ရက်နေ့က ကို ရှိန်းဝေအောင်နေအိမ်မှာ စစ်အုပ်စုဘက်တော်သားတွေကဧည့်စာရင်းအကြောင်းပြ ဝင်ရောက်ရှာဖွေကာ ဖမ်းဆီးသွားတာဖြစ်ပါတယ်။ (more…)