စိမ်းမောင်

သေနင်္ဂဗျူဟာ အလှည့်အပြောင်းအကျပ်အတည်း ဆိုက်နေလား

သေနင်္ဂဗျူဟာ အလှည့်အပြောင်းအကျပ်အတည်း ဆိုက်နေလား

မြန်မာပြည်စစ်အာဏာရှင်စနစ်ကို ပနှက်ရိုက်ပေးခဲ့တာ၊ ဗိုလ်နေဝင်းစစ်အုပ်စုကို နိုင်ငံအပ်လိုက်တာ အမေရိကန်ဆိုတာ မမေ့ဖို့ပါပဲ။ဒါကိုမမြင်ချင်ယောင်ဆောင်နေသ၍ဗိုလ်နေဝင်းစစ်အုပ်စုနဲ့ယနေ့စစ်အုပ်ထိအဆက်အစပ်ကိုမျက်ခြေပြတ်နေသလိုဖြစ်နေမယ်ထင်ပါတယ်။ ဒီနေရာမှာ ဘီဘီစီသတင်းတစ်ပုတ်ကို လေ့လာရေးပြသနာအဖြစ်(Cases Study)အဆိုတင်ကြည့်ပါတယ်။ (ဒေသတွင်းနိုင်ငံတွေအနေနဲ့စစ်အာဏာရှင်တွေထက် လူထုမျက်နှာကို ကြည့်ဖို့ NUG ယာယီသမ္မတ တိုက်တွန်း ဒေသတွင်းနိုင်ငံတွေအနေနဲ့ မိတ်ဟောင်းဆွေဟောင်း စစ်အာဏာရှင်တွေထက် လူထုမျက်နှာ ကိုကြည့်ဖို့ အမျိုးသားညီညွတ်ရေးအစိုး(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း လိုက်ပါတယ်။ ဒေသတွင်းနိုင်ငံတွေဟာအာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ကို ခုခံတော်လှန်နေတဲ့ မြန်မာ ပြည်သူတွေကို မကြည့်ရှုဘဲ မြန်မာစစ်တပ်ကို ငွေကြေး၊ စစ်ရေးနဲ့ နည်းပညာတွေ ထောက်ပံ့ ပေးနေတာကြောင့် စိတ်မကောင်းဖြစ်မိတယ်လို့လည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။) ဆိုတဲ့သတင်းအပေါ်မူတည်ပြီးမြန်မာအရေးမှာ သေနင်္ဂဗျူဟာ အကျပ်ဆိုက်နေတယ်ဆိုတဲ့ အဆိုတင်ပါတယ်။မြန်မာ့တော်လှန်ရေးက ပေါ်လစီရေးရာ၊မှုဝါဒရေးရာ သေနင်္ဂဗျူဟာမြောက်အလှည့်အပြောင်းလုပ်ရတော့မယ်ထင်ပါတယ်။ မြန်မာပြည်စစ်အာဏာရှင်စနစ်ပြုကျပြီးပေါ်ထွန်းလာမယ့် ဒီမိုကရေစီစနစ်ဟာ ဒေသတွင်းအကျိုးစီးပွားတွေ အတွက် သဟဇာတ ဖြစ်ပါတယ်ဆိုတာ မှုဝါဒရေးရာအရ ပြသဖို့လိုအပ်နေပါပြီ။ မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးဟာ ဒေသတွင်းအာဂျင်ဒါတွေကို အမေရိကန်အလိုကျ ဖျက်ဆီးဖို့မဟုတ်ပါဘူးဆိုတာပြသဖို့လိုအပ်လာပါပြီ။ ဒီအချက်ကို မီးမောင်းထိုးပြစရာလည်းရှိ့နေပါတယ်။သန်းရွှေစစ်အုပ်စုလက်ထက်က မြန်မာပြည်အတွက်အကျိုးသိပ်မရှိ့တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်အတွက်အကျိုးပိုရှိ့အောင် စာချုပ်ပြင်ဆင်ချုပ်ဆိုခဲ့တဲ့ လက်တွေ့ဖြစ်စဉ်က ရှိ့ထားပြီးသားပါ။ ဒီနေရာမှာ မြန်မာနိုင်ငံအနေနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုက်ဖျက်ပြီးတဲ့နောက် အနာဂါတ် နိုင်ငံတော်သစ်မှာ ဒေသတွင်း အကျိုးစီးပွားတွေနဲ့ ဘယ်လိုကိုက်ညီတဲ့ မှုဝါဒမျိုးကျင့်သုံးမယ်ဆိုတာ ဒေသတွင်းကို ရှင်းရှင်းလင်းလင်းပြသနိုင်ဖို့လိုအပ်နေတယ်လို့မြင်မိပါတယ်။ ဒီအတွက် တော်လှန်ရေးအင်အား၏စုတွေမှာ ဖြေဆိုရမယ့်မေးခွန်းတွေနဲ့ ထည့်သွင်းတွက်ချက်စရာ အချက်အလက်တွေပေါ်လာပါတယ်။ ယေဘူယျ မေးခွန်းတွေကို စမ်းစစ်ကြည့်ရင်စစ်အာဏာရှင်စနစ်ပြုတ်ကျ‌ရေးတိုက်ပွဲစဉ်တစ်လျောက်နဲ့ စစ်အာဏာရှင်ပြုတ်ကျ ပြီးတဲ့နောက် -------------------------------------------- စက်တင်ဘာ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ "ပလ္လင်ပေါ်တင်ပေးတယ်ဆိုတာ၊စစ်ဝင်တိုက်၊သိမ်းပေးပြီး တင်ပေးမှဖြစ်တာပါ"လို့ရဲဘော်ဗိုလ်ကြင်မောင်က…
Read More
စင်္ကြာဝဋာ တံတိုင်းခုံရုံးရှိ့သေးရင် အခွင့်သင့်ရင်အတူလိုက်မယ် ။ ရိုထမင်း၊ရိုဟင်း တစ်နပ်မှ မစားထားဘူး

စင်္ကြာဝဋာ တံတိုင်းခုံရုံးရှိ့သေးရင် အခွင့်သင့်ရင်အတူလိုက်မယ် ။ ရိုထမင်း၊ရိုဟင်း တစ်နပ်မှ မစားထားဘူး

စက်တင်ဘာ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဗိုလ်ျုပ်ထွန်းမြတ်နိုင်မှ- ----“ကျနော်တို့က ဘင်္ဂါလီလို့ သုံးနှုန်းလိုက်တယ် ဆိုတာက သူတို့ကို အထင်သေး အမြင်သေးနဲ့ အယူအဆ လုံးဝ မပါဘူး။ ဒီစကားလုံးတွေကို မဆွေးနွေးဖြစ်အောင် အငြင်းခုံ ပုံစံမျိုး မဖြစ်အောင် ကျနော် ရှောင်ရှားတယ်။ ဒါပေမယ့် အခုက စကားကြုံလို့ နည်းနည်းလောက် ထည့်ပြောတဲ့ သဘောပါ။ ဟိုဘက်က မွတ်စလင်တွေကို အထင်အမြင် တိမ်းစောင်းဖို့ လုံးဝ မယူဆပါဘူး။ ဘင်္ဂါလီလို့ ကျနော်တို့ သုံးနှုန်းတာက အောက်ကျနောက်ကျ နေစရာမရှိတဲ့ လူမျိုး မဟုတ်ဘူး။ ဘင်္ဂါလီဆိုတာ ကမ္ဘာမှာ သူ့ရဲ့ ethnicity ပေါ့ဗျာ။ သူ့ရဲ့ မနုဿဗေဒဆိုင်ရာ လူမျိုးကို ရည်ညွှန်းပြီး ပြောတာ ဖြစ်တယ်။ ဘင်္ဂါလီဆိုတာ ကမ္ဘာပေါ်မှာ ဆိုရင် ဥပမာ Ethnic Han ပေါ့ဗျာ။ တရုတ်လူမျိုးဆိုရင် အကြီးဆုံးနံပါတ် ၁ ပဲ။ အာရတ် လူမျိုးဆိုရင် အကြီးဆုံး နံပါတ် ၂ လူမျိုး၊ ဘင်္ဂါလီဆိုတာ ဒါ တတိယလောက် ဖြစ်တယ်။ ကမ္ဘာမှာ လူဦးရေ သန်း၂၅၀ အထက်ကို ရှိတယ်။ သူတို့က Bay of Bengal အိန္ဒိယသမုဒ္ဒရာနဲ့ တကယ့် အကျယ်ပြန့်ဆုံးနဲ့ ရှေးအကျဆုံးလူမျိုး တမျိုး ဖြစ်တယ်။ သမိုင်းဆိုရင် ရှေးကျတယ်။ နက္ခတ်ပညာ၊ စာပေ၊ ဂီတ အကုန်လုံးကို တကယ့် ကျယ်ပြန့်တဲ့ လူမျိုး ကြီး ဖြစ်တယ်။ အင်ဒို-…
Read More
အရှေ့ကိုလျောက်ပါလိုတဲ့အနောက်ကိုတဲ့ ‌ေမျှာ်လိုက်ရင်း ရှန်ဟိုင်းညီလာခံနှင့်တစ်ပင်လဲမူ၊တစ်ပင်ထူပေါ့

အရှေ့ကိုလျောက်ပါလိုတဲ့အနောက်ကိုတဲ့ ‌ေမျှာ်လိုက်ရင်း ရှန်ဟိုင်းညီလာခံနှင့်တစ်ပင်လဲမူ၊တစ်ပင်ထူပေါ့

ဂျီ-၂၀ နိုင်ငံအများစုက နယ်မြေကျယ်ဝန်းခြင်း၊လူဦးရေများပြားခြင်း၊သယံဇာတစုံလင်ခြင်း၊၊စီးပွားရေးတိုးတက်ခြင်း ၊ပထဝီအချက်အချာကြခြင်း စသဖြင့် ကမ္ဘာ့အင်အားကြီးဖြစ်လာဖို့တာဆူနေတဲ့နိုင်ငံများပဲဖြစ်ကြတာကိုသတိမလွတ်ကြဖို့လိုပါတယ်။ ယခင်က ပထဝီနိုင်ငံရေးနဲ့ကမ္ဘာ့အစီအစဉ်၊နိုင်ငံတစ်ကာစနစ် စတာတွေက အနောက်ဥရောပကမ္ဘာရဲ့ စနစ်တွေပဲဖြစ်နေတာပါ ပထဝီနိုင်ငံရေး သီအိုရီအယူအဆတွေက နယ်ချဲ့စနစ်အတွက်အကြောင်းပြချက်၊ရှေ့နေလိုက်ခဲ့တဲ့ အယူအဆတွေဖြစ်ခဲ့ပါတယ်။ ယခု ရှန်ဟိုင်းအုပ်စုစုစည်းမှု့က အနောက်သီအိုရီဖြစ်တဲ့ မက္ကဒါးရဲ့နုလုံးသားနယ်မြေ(Hard Land ) အယူအဆအရ ယူရိုအေးရှား ဗဟိုချက်ဒေသစုစည်းမိကြီးပဲဖြစ်နေပါတယ်။ အမေရိကန်ရဲ့ကမ္ဘာစိုးမိုးရေးသီအိုရီဖြစ်တဲ့ သေရာ မဟန်းရဲ့ ကမ္ဘာ့သမုဒ္ဒရာ၊ပင်လယ် ရေပြင်စိုးမိုးရေး မဟန်းသီအိုရီက ရှန်ဟိုင်းအုပ်စု နုလုံးသားနယ်မြေကို ဝိုင်းပတ်ပိတ်ဆို့ရေးအရှိန်မြင့်တင်လာနေတာကို တောင်တရုတ်ပင်လယ်အရေးအခင်းမှာတွေ့နေရပါတယ်။ အလားတူ အိန္ဒိယသမုဒ္ဒရာ မှာ စပိုက်မင်းရဲ့ အနားသတ်နယ်မြေအယူအဆ(Rimland Theory)အရရော၊မဟန်းအယူအဆအရရော မြန်မာနိုင်ငံကမ်းရိုးတန်းများကလည်း ပက်သက်လာရပြန်ပါတယ်။ ရှန်ဟိုင်းအုပ်စုကြီးရဲ့ ပျော့ကွက်က မြန်မာကမ်းရိုးတန်းများနဲ့ ဘင်္ဂါလားဒေ့ရှ်ကမ်းရိုးတန်းများပဲဖြစ်နေပါတယ်။ဘင်္ဂါလားဒေ့ရှ်ကလည်း တရုတ်နဲ့အိန္ဒိယတို့နဲ့နီးစပ်တဲ့ ရှိတ်ဟာဆီနာဖြုတ်ချခံရပြီး ဒေါက်တာယူနွတ်တက်လာပါတယ်။ ဒေါက်တာယူနွတ်ကလည်း အိန္ဒိယသမုဒ္ဒရာ၊ဘင်္ဂါလားပင်လယ်အော်ထဲမှာ အနောက်အစီအစဉ်တွေအကောင်အထည်ဖော်ဖို့လုံးပန်းနေပါတယ်။ ဒါပေမယ့် ဘင်္ဂါလားဒေ့ရှ်စစ်တပ်က သွေးချောင်းစီးစစ်ပွဲတွေကို ဖိတ်ခေါ်နေတယ်ဆိုပြီး ဟန့်တားထားလို့ ရှုန်းကန်နေရပုံရပါတယ်။ ဒေါက်တာယူနွတ်လည်း ထောင်ခြောက်ထဲကနေသူ့ဘဝလုံခြုံရေးအတွက်ပါရှုန်းကန်နေရပုံရပါတယ်။ဂရားမင်းဘဏ်လေးနဲ့နိုဘယ်ဆုရှင်လေးနဲ့ဂုဏ်ထူးဆောင်မနေပဲကိုယ့်ကိုကိုယ်အသုံးချခံလိုက်တဲ့အကျိုးဆက်ပါပဲ။ ရဲဘော်ဗိုလ်ကြင်မောင်က ကမ္ဘာ့အစီအစဉ်သစ်အထိုင်မကျမည် မိမိတို့ပြဿနာများကို အပြီးဖြေရှင်းထားကြဖို့သတိ့ပေးခဲ့ပါတယ်။ကမ္ဘာ့အရေးအခင်းရှုတ်ရှုတ်ထွေးထွေးကြီးထဲမှာ မိမိ့တို့အရေးကနေ မျက်စေ့လယ်ပြီး ကျန်ရစ်ခဲ့မှာကို စိုးရိမ်ကြောင်း ၂၀၀၁ ပြည်ချစ်ဝါဒကထဲက သတိ့ပေးခဲ့ပါတယ်။ ပြည်ချစ်ဝါဒရဲ့အနှစ်ချုပ်က မြန်မာနိုင်ငံဆိုတဲ့"မြေကြီး၊မြေပုံ) တည်မြဲရေးပါ။ယခုကမ္ဘာ့အစီအစဉ်သစ်အတွက် နိုင်ငံကြီးတွေရဲ့ ပြိုင်ဆိုင်မှု့တွေ ပြင်းထန်စပြု့လာပါတယ်။ မြန်မာနိုင်ငံကလည်းအဆိုပါပြိုင်ပွဲထဲက အစောကြီးကထဲကဝင်ရောက်ပက်သက်နေရတာဖြစ်ပါတယ်။၂၀၁၅ ရွေးကောက်ပွဲအပြီးတက်လာတဲ့ သမ္မတ ဦးထင်ကျော်ရဲ့ ပထမဆုံးခရီးစဉ်က ရုရှားနိုင်ငံ ဆိုချီအပန်းဖြေစခန်းမှာလုပ်တဲ့ပွဲကိုသွားခဲ့ရတာဖြစ်ပါတယ်။ ---------------------------------------- စက်တင်ဘာ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဟန်တင်တန်ရဲ့ ယဉ်ကျေးမှု့ခြင်းတိုးတိုက်မိခြင်းမှာ အိုင်ဒီရောလော်ဂျီတွေပဋိပက္ခမရှိ့တော့ဖူး၊ယဉ်ကျေးမှု့ပဋိပက္ခပဲရှိ့တော့မယ်ဆိုတဲ့ စာအုပ် ဇင်ဝေသော်ဘာသာပြန်ကိုဖတ်ရပါတယ်။ စီဗယ်လိုက်ဇေးရှင်းနဲ့ယဉ်ကျေးမှု့ မတူတဲ့သဘောနဲ့ စီဗယ်လိုက်ဇေးရှင်းမှာ ယဉ်ကျေးမှု့ကအရေးကြီးတဲ့အကြောင်းလဲ ဖတ်မှတ်ရပါတယ်။…
Read More
နိုင်ငံတော် အာဏာက အဓိကပါ

နိုင်ငံတော် အာဏာက အဓိကပါ

ယခုစစ်အုပ်စု လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ပက်သက်လို့- ၁၊ရွေးကောက်ပွဲလုပ်ဖြစ်လဲ နိုင်ငံတော်အာဏာက သူ့လက်ထဲမှာ ၂။ရွေးကောက်ပွဲမလုပ်ဖြစ်လဲ နိုင်ငံတော်အာဏာက သူ့လက်ထဲမှာ။ ၃။လုံခြုံရေးအကြောင်းပြပြီး ရွေးကောက်ပွဲပျက်လဲ နိုင်ငံတော်အာဏာသူ့လက်ထဲမှာ။ ၄။ရွေးကောက်ပွဲ အပိုင်းလိုက်ပဲလုပ်လုပ်၊PR စနစ်ပဲလုပ်လုပ်၊ဘာစနစ်ပဲလုပ်လုပ် နိုင်ငံတော်အာဏာက သူ့လက်ထဲမှာ ဆိုလိုရင်းက စစ်အုပ်စု ရွေးကောက်ပွဲကို အာဏာ ပြဿနာက ချဉ်းကပ် ရင် (အာဏာက စစ်အုပ်စုလက်ထဲမှာ) ဆက်ရှိနေမှာပဲလို့ ဆိုလိုတာဖြစ်ပါတယ်။ --------------------------------------------- ဩဂုတ်လ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ စစ်အစိုးရရွေးကောက်ပွဲနဲ့ပက်သက်လို့ ဝေဖန်သုံးသတ်မှုများကို ဖတ်ရှု့၊နားဆင်နေရပါတယ်။အပြန်အလှန်လည်းဆွေးနွေးဖြစ်ကြပါတယ်။ ဒီနေရာမှာ ရှု့ဒေါင့်တစ်ခုအနေနဲ့ ဆရာဦးခင်မောင်မြင့်(ပြည်သူ့တိုးတက်ရေးပါတီ)ရဲ့ ဟောပြောချက်တစ်ခုကို ကိုးကားစီစစ်ပါမယ်။ ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီက နယ်ဟောပြောပွဲတစ်ခုမှာ ပရိပ်သတ်က နဝတ စစ်အစိုးရလုပ်မယ့်၁၉၉၀ ရွေးကောက်ပွဲနဲ့ပက်သက်လို့မေးမြန်းတာကို ဆရာဦးခင်မောင်မြင့်က- "စစ်တပ်ဟာ တစ်သက်လုံး ခံကတုတ်နှစ်ခုနဲ့ သူ့အာဏာကို ကာကွယ်လေ့ရှိတယ်။ခံကတုတ်တစ်ခုက အခြေခံဥပဒေခံကတုတ်ပဲ နောက်ခံကတုတ်တစ်ခုက စစ်တပ်ကိုယ်တိုင်ပဲ၆၂ ဗိုလ်နေဝင်းအာဏာသိမ်းပြီးတော့ ၇၄ အခြေခံဥပဒေခံကတုတ်ထဲမှာ ဝင်နေတယ်။ ၁၉၈၈ အရေးတော်ပုံကြီးက ၇၄ အခြေခံဥပဒေခံကတုတ်ကိုဖြိုချလိုက်တဲ့အခါစစ်တပ်ဟာသူ့တို့အာဏာကို ဆက်ကာကွယ်ဖို့ အာဏာသိမ်းပြီး စစ်တပ်ကိုယ်တိုင်ရှေ့ထွက်ကာကွယ်လာတယ်။ အခုလည်း အခြေခံဥပဒေခံကတုတ်နဲ့ကာကွယ်ဖို့ လုပ်နေတယ်။"ဆိုပြီးသတိပေးခဲ့ပါတယ်။ စစ်တပ်ဟာ ညောင်နှစ်ပင်ညီလာခံနဲ့အချိန်ဆွဲပြီး နိုင်ငံရေးအင်အားစုတွေချိနဲ့လာတဲ့အချိန်ကောင်းကိုစောင့်ပါတယ်။  နောက် ၂၀၀၈ အခြေခံဥပဒေခံကတုတ်နဲ့စစ်တပ်အာဏာပိုင်စိုးမှု့ကို ဆက်လက်ထိမ်းသိမ်းပါတယ်။ ၂၀၀၈ အခြေခံဥပဒေအောက်မှာပဲ စစ်တပ်ပါတီကြံ့ခိုင်ရေးနဲ့မဟာမိတ်ပါတီများ၊စစ်တပ်နောက်မြီးဆွဲတိုင်းရင်းသားပါတီများ ၂၀၁၅နဲ့ ၂၀၂၀ ရွေးကောက်ပွဲများမှာ ခွက်ခွက်လန် နိုင်ငံရေးကုန်းကောက်စရာမရှိအောင် အရေးနိမ့်ခဲ့ပါတယ်။ ၂၀၀၈ အခြေခံဥပဒေခံကတုတ်ဟာ စစ်တပ်အာဏာပိုင်စိုးမှုကို မကာကွယ်နိုင်တော့တဲ့အခြေအနေရောက်လာပါတယ်။ အဲဒီနောက် ၂၀၂၁ မှာ စစ်တပ်က ယုတ္တိမဲ့ အာဏာထပ်သိမ်းပြီး စစ်တပ်ကိုယ်တိုင်သူတို့အာဏာချုပ်ကိုင်မှုကိုထွက်ကာကွယ်ပြန်ပါတယ်။ သို့ပေမယ် ယခုတစ်ခါအာဏာသိမ်းမှုကို…
Read More
ငါတို့ဘာလိုအပ်နေလဲနှင့် တော်လှန်သော အခွင့်ထူးခံလူတန်းစား (Revolutionary Privilege Class) ပြဿနာ

ငါတို့ဘာလိုအပ်နေလဲနှင့် တော်လှန်သော အခွင့်ထူးခံလူတန်းစား (Revolutionary Privilege Class) ပြဿနာ

မြန်မာပြည်၏ နုတ်ခမ်းသားအနားသတ်နယ်မြေများတွင် မှီခိုသူ သုခ ခံစား နေကြလျင် "ဖိုးခွားလေးတို့၊ပီစိုင်းလေးတို့၊ကွန်ဗလိုင်းတို့ သွားကြတော့"ဆိုသည့်အချိန်တွင် ဒူးနှင့်မျက်ရည်ပင် သုတ်ချိန်ပင်ရလိုက်ကြမည်မဟုတ်။ ခန်းနားကြီးကျယ်လှသော ဗမာပြည်ကွန်မြူနစ်ပါတီ(မြောက်ပိုင်းဗဟို)သည်ပင်လျင် မျက်လှည့်ပြလိုက်သလို ပြိုကျသွားသည်။သခင်သန်းထွန်း၊သခင်ဇင်၊သခင်ချစ်တို့သည်လွတ်လပ်ရေးမျိုးဆက်ဝင်များဖြစ်ကြသော်လည်း အလွယ်လမ်းကိုမလိုက်ခဲ့ကြ။အခက်ခဲဆုံးလမ်းကိုရွေးခဲ့ကြသည်။သူတို့သည် အသက်စွန့်ခဲ့ကြရသော်လည်း သမိုင်းတွင် လိပ်ပြာလှခဲ့ကြသည်။ ရဲဘော်ဗိုလ်ကြင်မောင်က နိုင်ငံတစ်ကာအကူအညီနှင့်၊နယ်စပ်မှီခိုရေးတွင် ၎င်းတို့နှာခေါင်းကျည်ပွေ့တွေ့ခဲ့ရသည်ကို ဝန်ခံခဲ့သည်။ နယ်စပ်တွင် လက်နက်၊ဒေါ်လာ၊ဘိန်း၊ကျောက် စသဖြင့် လိုတာ အလွယ်တကူရ၍ တော်လှန်ရေး အတက်မြန်သည်။အတက်မြန်သလို၊အကျလဲမြန်သည်။မိမိတို့အကျနာခဲ့သည် ဟု ဝန်ခံခဲ့သည်။ ကိုယ့်အားကိုယ်ကိုးတော်လှန်ရေးသည် တက်ရင်လဲနှေးနှေး၊ကျရင်လဲနှေးနှေးဖြစ်သည်ဟုဆိုခဲ့သည်။နယ်စပ်မှီခိုရသည့်အတွက် "မှီခိုသူ၏ သုခ ရှိ့သလိုမှီခိုသူ၏ ဒုက္ခလည်းရှိ့သည်"ဟုသတိ့ပေးခဲ့သည်။ ကိုယ့်အားကိုယ်ကိုးရေးသည် ခက်ခဲမည်ဖြစ်သော်လည်း "တရားရှိ့လျင် ကူသူများလိမ့်မည်" ဟုဆိုခဲ့သည်။မိမိတို့ကြုံခဲ့ရသော မှီခိုသူ၏ ဒုက္ခကို အခြားသူများမခံကြရစေလို ဟူ၍ သတိပေးခဲ့သည်။ တော်လှန်ရေးတွင် **လူတန်းစားကွဲပြားမှု့လက္ခဏာများ** ပေါ်နေပါက ရေရှည်တွင် တော်လှန်ရေးအပေါ် အားလျော့လာလိမ့်မည်ဖြစ်သည်။တော်လှန်ရေးတစ်ရပ်တွင် ရာထူး၊တာဝန် အဆင့်အတန်းမရွေး "ရဲဘော်၊ရဲဘက်ဆိုသည့်" ရဲဘော်စိတ်မမွေးပဲ "ငါကဘာကွ"ဆိုသည် တော်လှန်သော အခွင့်ထူးခံလူတန်းစား (Revolutionary Privilege Class)လက္ခဏာများပြန့်နှံ့လာခြင်းရှိ့မရှိ့ စောင့်ကြည့်ပြင်ဆင်နေရမည်ပင်ဖြစ်သည်။ဗုဒ္ဓဘာသာယဉ်ကျေးမှု့အခြေခံ၏ သင်ကြားချက်များသည် ခေါင်းဆောင်၏ စွန့်လွတ်အနစ်နာခံမှု့ဆိုသည့် ဇာတ်တော်၊လီလာ များက အများစုဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းသည် ခေါင်းဆောင်ဟု့ဆိုလိုက်သည်နှင့် ဘုရားလောင်းမျောက်မင်း၏ "စံ"ကို ပြေးမြင်ကြမည်။ဘုရားလောင်း ငုံးမင်း ပုံပြင် စံ ကို ပြေးမြင်ကြမည်။ မြန်မာ့လူ့အဖွဲ့စည်း၏ ခေါင်းဆောင်မှု့ဆိုင်ရာ သင်ကြားချက် များသည် ယဉ်ကျေးမှု့ စံနှုန်းအဆောက်အဦအထိ့ စွဲနစ်တည်တံ့ပြီးဖြစ်သည်။ အနှစ်ချုပ် တောင်းဆိုမှု့သည် ဗုဒ္ဓဘာသာယဉ်ကျေးမှု့ အဆောက်အဦအခြေခံဖြစ်သည်။"သီလ၊သမာဓိ၊ပညာ" ပင်ဖြစ်သည်။ ခေတ်ကာလ အခြေအနေအရ ဘုရားလောင်းခေါင်းဆောင်မှု့စံများကို တောင်းဆိုခြင်းသည်လက်တွေ့မကျသော်လည်း ကမ္ဘာ့တော်လှန်ရေးများ၏ ခေါင်းဆောင်မှု့စံကို တောင်းဆိုကြမည်ဖြစ်သည်။ ကမ္ဘာ့တော်လှန်ရေး…
Read More
အလာစကားဆွေးနွေးပွဲမှသည်

အလာစကားဆွေးနွေးပွဲမှသည်

ဝတ်စ်ဖေးလီးယားစနစ်က ကျောင်းတော်နိုင်ငံရေးဖြစ်တဲ့ကမ္ဘာကြီးကို "မြင့်မြတ်သော်အာဏာ"နဲ့ဘုရားပေးတဲ့ "တော်ဝင်အာဏာနှစ်ရပ်"က အုပ်ချုပ်ထားတယ်ဆိုတဲ့ အယူအဆကနေ လမ်းခွဲသွားလိုက်တာပဲဖြစ်ပါတယ်။ကျောင်းတော်ရဲ့ သာသနာစောင့်အင်ပါယာအတွက်မက်လုံးဖြစ်တဲ့ ရောမဆီဇာ ဆက်ခံရေးပြိုင်ပွဲကို အဆုံးသတ်သွားစေပါတယ်။ ဒါပေမယ့် ဥရောပကလည်း အခွင့်သာတဲ့အချိန် သာသနာစောင့်အင်ပါယာအိမ်မက်မက်ကြပါတယ်။ဇာဘုရင်တွေ၊ကိုင်ဇာတွေ၊ရှားလမိန်းအမွေခံတွေအတွက်ကြိုးပမ်းကြလေ့ရှိ့ကြပါတယ်။ ဂျာမဏီမှာကိုင်ဇာနန်းဆက်ပြုတ်သွားပြီး ဝိုင်မာသမ္မတ စနစ်ကနေ အာဏာရလာတဲ့ ဟစ်တလာနဲ့နာဇီပါတီဟာ ရောမအလေးပြုပုံနဲ့ရောမအင်ပါယာအငွေ့အသက်အပြည့်ယူထားပြီး စစ်အတွင်း ဆီဇာ လုပ်ခဲ့ပါတယ်။ အလားတူ နပိုလီယံကလည်း ဧကရာဇ်ဘွဲ့ခံယူပြီး ရှားလမိန်းဆက်ခံသူ ခေတ္တလုပ်ဖို့အားထုတ်တာပါပဲ။ရုရှား ဇာက သူရဲ့ဇာကိုခြိမ်းခြောက်လာလို့ ဥရောပစစ်ပွဲထဲခုန်ဝင်လေ့ရှိ့ပါတယ်။ ပြီးခဲ့တဲ့ပုတ်ရဟန်းမင်းကြီးကွယ်လွန်ပြီး ပုတ်ရဟန်းမင်းသစ်ရွေးချယ်ပွဲကာလတွေမှာ ထရမ့်က ပုတ်ရဟန်းမင်းပုံနဲ့သူတွီ့တာမှာတင်ခဲ့ပါတယ်။လက်ရှိပုတ်အသစ်ကလည်း အမေရိကတိုက်အခြေခံကိုရွေးချယ်တင်မြောက်ထားပါတယ်။ ထရမ့်ရဲ့ မိတ်အမေရိကန်ဂရိပ်အဂိမ်းအတွက် အမေရိကားဟာ သာသနာစောင့်ရောမအင်ပါယာ အမွေခံဆိုတဲ့ ပါဝါပျော့ကို အပိုင်စီးဖို့ပုံရိပ်လိုဖြစ်ခဲ့ပါတယ်။ ရောမအင်ပါယာနဲ့ရောမသာသနာ နှစ်ခြမ်းကွဲပြီးကထဲက အရှေ့ရောမသာသနာနဲ့အနောက်ရောမသာသနာတို့ ကွဲပြားလာပါတယ်။အရှေ့ရောမသာသနာရဲ့ဗဟိုဖြစ်တဲ့ ကွန်စတင်တီနိုပိုကို တူရကီတို့သိမ်းပိုက်လိုက်ကထဲက အရှေ့သာသနာဟာ ဘော်လကန်ဒေသ၊ရုရှားနဲ့အရှေ့ဥရောပ ပထဝ‌ဝီရဲ့ အဓိကကိုးကွယ်ရာဖြစ်ခဲ့ပါတယ်။ အရှေ့ရောမသာသနာကို တာတာတို့ ဖြိုခွဲရာမှာ ထိုစဉ်က အနောက်ရောမသာသနာနဲ့သာသနာစောင့် ပြင်သစ်က ချားလမိန်းအင်ပါယာရဲ့ ပူးပေါင်းကြံစည်မှု့ ပါဝင်ခဲ့ပါတယ်။ ရုရှားဇာဟာ အရှေ့ရောမသာသနာ (အော်တိုဒေါ့)ရဲ့ သာသနာစောင့်အင်ပါယာအရှင်ကိုခံယူထားပါတယ်။ အလာစကားဆွေးနွေးပွဲမှသည် ------------------------------------------ ဩဂုတ်လ ၁၈၊ ၂၀၂၅ သောင်ရင်းသတင်းလွှာ ကမ္ဘာကြီးတည်ငြိမ်မှု့နဲ့လုံခြုံရေးကိုထိမ်းသိမ်းဖို့ ဆိုတာ ကမ္ဘာ့အစီအစဉ် World Order လို့ပြောတာဆိုတဲ့အဓိပ္ပါယ်ကို ဖတ်မှတ်ဖူးပါတယ်။ အဲ့ဒီကမ္ဘာ့အစီအစဉ်ဆိုတာကို ဘယ်သူတွေကချမှတ်ပါသလဲ။ ရဲဘော်ဗိုလ်ကြင်မောင်ကတော့ "ကမ္ဘာ့အစီအစဉ်ကို စစ်နိုင်တဲ့သူတွေက ချမှတ်တာပါ"လို့ ပြည်ချစ်ဝါဒစာတမ်းမှာဆွေးနွေးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးတော့ UN ကုလသမဂ္ဂစနစ်ပေါ်လာပါတယ်။ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိမ်းသိမ်းဖို့ လုံခြုံရေးကောင်စီ UNSC စနစ်ပေါ်လာပါတယ်။UNSC မှာ စစ်နိုင် ကြီးငါးကြီးက အခရာဖြစ်ပြီး တစ်ချက်လွတ် ဗီတိုအာဏာကိုင်စွဲထားကြပါတယ်။…
Read More
ထရမ့် က စက္ကူကျားပါ

ထရမ့် က စက္ကူကျားပါ

ဖေဖော်ဝါရီ ၁၆၊၂၀၂၅။ သောင်ရင်းသတင်းလွှာ(ဆောင်းပါး) အိန္ဒိယဝန်ကြီးချုပ် မိုဒီး အမေရိကန်သွားတဲ့ သတင်းအလှည့်ရောက်လာပါတယ်။လတ်တလော ထရမ့်ရဲ့ ငါ့လှေငါထိုး ပဲခူးရောက်ရောက် သတင်းတွေနဲ ကျားဖြန့်သတင်းတွေကပဲ လွှမ်းမိုးထားပါတယ်။ ယေဘူယျတော့ ကမ္ဘာ့အခင်းအကျင်းရှုတ်ရှုတ်ထွေးထွေးကြီးထဲမှာ ဘာကို ဘယ်လိုနားလည်ရမယ်ဆိုတာကိုက မျက်စေ့လည်နေရပါတယ်။ဒါကြောင့် ရဲဘော်ဗိုလ်ကြင်မောင်ကကမ္ဘာ့အရေးအခင်းရှုတ်ရှုတ်ထွေးထွေးကြီးထဲတွင် မြန်မာပြည်သူတွေ မိမိတို့အရေးမှ မျက်စေ့လည်ပြီး ကျန်ရစ်ခဲ့မှာ စိုးရိမ်မိပါတယ်လို့ ၂၀၀၁ ပြည်ချစ်ဝါဒစာတန်းတင်ပြစဉ်ကထဲက စိုးရိမ်ခဲ့ပါတယ်။ မိုဒီးရဲ့ အမေရိကန်ခရီးစဉ်သတင်းတွေထဲမှာ အနာဂါတ် အိန္ဒိယနိုင်ငံအတွက် အဓိက စွမ်းအင်ရောင်းချပေးမယ့် တိုင်းပြည်က အမေရိကန်ပဲဖြစ်ရမယ်ဆိုတဲ့ သတင်းကလည်းစိတ်ဝင်စားစရာဖြစ်ပါတယ်။မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်း၊ကျောက်ဖြူ၊မဒဲကျွန်းမှာ တည်ဆောက်ထားတဲ့ တရုတ်ရေနံချဆိပ်ကမ်းရဲ့ ပထမဦးဆုံးအကြိမ်ဆိုက်ကပ်တဲ့ ရေနံစိမ်းတင် သင်္ဘောက တန်ချိန် ၄ သိန်း ရေနံတင်သင်္ဘောကြီးဖြစ်တယ်လို့ ဖတ်မှတ်ရပါတယ်။ဒီသင်္ဘောရဲ့ ထူးခြားချက်က အရှေ့အလယ်ပိုင်းက ရေနံစိမ်းတွေ တင်ဆောင်လာရာမှာအမေရိကန်စီးပွားရေးပိတ်ဆို့ထားတဲ့ အီရန် နိုင်ငံက ရေနံစိမ်းအမျိုးအစားတွေက အများစုပါဝင်ခဲ့တယ်လို့ ထိုစဉ်က ရေကြောင်းစာမျက်နှာ အချို့အရသိရှိ့ရပါတယ်။ (more…)
Read More
လားရှိုးကိစ္စက၊ရော့ပတ္တမြား-ရော့နဂါး အခြားနယ်များလဲဆက်လာဦးမည်ထင်သည်

လားရှိုးကိစ္စက၊ရော့ပတ္တမြား-ရော့နဂါး အခြားနယ်များလဲဆက်လာဦးမည်ထင်သည်

"ဟိုဂင်နောက်ပိုင်း သတင်းမီဒီယာများတွင် ထုတ်ပြန်သော ဆွေးနွေးပွဲများနှင့်မထုတ်ပြန်သောဆွေးနွေးပွဲများ (ရှိ့တန်ကောင်းသဘော)မှမည်သည့် ကိစ္စများဆက်လက်ဆွေးနွေးကြမည်နည်းဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်လာသည်" ဇန်နဝါရီ ၃၀၊ ၂၀၂၅ သောင်ရင်းသတင်းလွှာ မြန်မာစာပေထဲက မြန်မာမင်းအုပ်ချုပ်ပုံစာတန်းတွင်ဖော်ပြထားသောစစ်ပြေငြိမ်းရေး၊စေ့စပ်ရေး (၁၆)ပါးမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ (၁)ကပါလသန္ဓိ အညီအညွတ်မိတ်ဖြစ်အောင်စေ့စပ်ခြင်း။ (၂)ဥပကာရသန်ဓိ ဥစ္စာပစ္စည်းပေးကမ်း၍စေ့စပ်ခြင်း (၃)သန်တာနသန္ဓိ သမီး၊နှမတို့ကိုပေး၍စေ့စပ်ခြင်း။ (၄)သင်္ဂဘသန္ဓိ အသက်ထက်ဆုံး မပျက်မစီး ဆင်းရဲအတူ၊ ချမ်းသာအမျှဖြစ်ပါမည်ဟု ခံဝန်စာချုပ် ထား၍မိတ်ဖြစ်အောင်စေ့စပ်ခြင်း။ (၅)ဥပညာသန်ဓိ အစေ့အစပ်မိတ်ဖြစ်ရလျင် ထိုက်လျောသော အကျိုးတစ်စုံတစ်ခု၏ ဧကန်ပြီးစီးမည်ကို ညွန်ပြ၍ ပြု့အပ်သော မိတ်ဖွဲ့ခြင်းအစေ့အစပ်။ (more…)
Read More