ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် တွေ့ရသော အဆိပ်သင့်သတ္တုများက ကျန်းမာရေး အတွက် စိုးရိမ်စရာ ဖြစ်စေ
မေလ ၂၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ချင်းရိုင်ခရိုင် Kok မြစ်တစ်စိတ်တစ်ပိုင်းနှင့် Sai မြစ်တို့တွင် အာဆင်းနစ်နှင့် ခဲဓာတ်များ မြင့်မားစွာ တွေ့ရှိခဲ့ပြီး ရေဘေးကင်းရေး၊ ဒေသခံငါးများ နှင့် ဒေသခံပြည်သူများအတွက် ကျန်းမာရေးအန္တရာယ် ဖြစ်နိုင်ခြေကို စိုးရိမ်မှုများ မြင့်တက်လာကြောင်း မကြာသေးမီက အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်ဟု ဘန်ကောက်ပို့စ်က မေလ၂၀ရက်ကဖော်ပြသည်။ ချင်းမိုင်မြို့ ပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး တိုင်းဒေသကြီး ၁ ရုံးမှ ၂၀၂၅ ခုနှစ် မေလတွင် ပြုလုပ်ခဲ့သော ရေမျက်နှာပြင် အရည်အသွေး စစ်ဆေးခြင်းမှ တွေ့ရှိချက်များကို Kok ၊ မဲခေါင်နှင့် Saiမြစ်များ အတွင်းသို့ စီးဝင်သော မြစ်လက်တက်များ ဖြတ်ကျော်သည့် နေရာရှစ်ခုတွင်ယင်းကဲ့သို့တွေ့ရှိခဲရကြောင်း ထုတ်ပြန်ခဲ့သည်။ (more…)