ထိုင်းနိုင်ငံ Ratchamanu Task Forceက မြန်မာ-တာ့ခ်နယ်စပ်၌ တိုက်ပွဲများကို စောင့်ကြည့်နေ
မေလ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံတာ့ခရိုင် ဖုတ်ဖရာ့မြို့နယ်နှင့်မျက်နှာချင်းဆိုင်မြန်မာနိုင်ငံကရင်ပြည်နယ်တွင် မေလ ၂၂ရက်နေ့ နံနက်အထိ တိုက်ပွဲများ တညလုံး ဖြစ်ပွားနေသည့် အတွက်မြန်မာ နယ်စပ်တလျှောက် တိုက်ပွဲများကို ထိုင်းစစ်တပ်မှRatchamanu Task Force မှ အနီးကပ် စောင့်ကြည့်နေသည်ဟု The Nation ကဖော်ပြသည်။ ကရင်ပြည်နယ် မြဝတီခရိုင် နမ့်ဒန်စစ်ဆေးရေးဂိတ်အနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အား လက်နက်ကြီးများဖြင့်မေလ ၂၁ ရက် ညနေ ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မြန်မာစစ်တပ်တပ်ရင်း ၃၁၅ မှ တပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထိုင်း တပ်ဖွဲ့မှူး ဗိုလ်မှူးကြီး နတ္တခွန် ရူတင်းက ရှင်းပြသည်။ (more…)