တရုတ်က မြန်မာစစ်တပ်ကို ပြန်ကူညီလာ
စက်တင်ဘာ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာစစ်အစိုးရက အခုနှစ် ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေပါတယ်။ တရားမျှတမှု သို့မဟုတ် ဒီမိုကရေစီ မရနိုင်ပါဘူး။ ဒေါပေမယ့်အဆိုပါ အစီအစဉ်ဟာမြန်မာရဲ့ ကြီးမားတဲ့အိမ်နီးချင်း တရုတ်နဲ့၎င်းရဲ့ မဟာမိတ်တွေဖြစ်တဲ့ ရုရှားတို့ဆီကခွင့်ပြုချက် ရရှိထားပါတယ်။ စက်တင်ဘာလအစောပိုင်းက တရုတ်နိုင်ငံက Tianjin မှာကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးမှာမြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့ပြီး၊ ဒိနောက် ဘေဂျင်းမှာ၎င်းရဲ့ ဧရာမ စစ်ရေးပြအခမ်းအနားကိုတက်ရောက်စေခဲ့ပါတယ်။ မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ တီယန်ကျင်းမှာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနဲ့လည်းတွေ့ဆုံခဲ့ပြီး မြန်မာမှာလုပ်မယ့်ရွေးကောက်ပွဲကိုအိန္ဒိယကလေ့လာသူစေလွှတ်မယ်လို့ မြန်မာစစ်အစိုးရမီဒီယာက ကြေညာခဲ့ပါတယ်။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က မြန်မာစစ်အစိုးရကို ဆန့်ကျင်တဲ့အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။ တရုတ်တို့နဲ့ချိတ်ဆက်ထားပါတယ်။ UWSA က တရုတ်နယ်စပ်ရှိ ဒေသတစ်ခုနဲ့ထိုင်းနယ်စပ်ရှိ အခြားဒေသတစ်ခုကို ထိန်းချုပ်ထားပါတယ်။ ၄င်းရဲ့နယ်မြေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာစစ်တပ်အာဏာသိမ်းမှုမတိုင်မီကပင် ကြီးမားတဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိခဲ့ပြီး ၎င်းရဲ့စံဘာသာစကားအဖြစ် တရုတ်မန်ဒရင်းဘာသာစကားကိုအသုံးပြုပြီး တရုတ်နိုင်ငံရဲ့စီးပွားရေးနဲ့ မြင့်မားစွာပေါင်းစပ်ထားပါတယ်။ ၎င်းဟာ မြန်မာစစ်အစိုးရ ထိန်းချုပ်ထားတဲ့နယ်မြေတွေထက် နည်းလမ်းများစွာနဲ့ ပိုမိုချမ်းသာပါတယ်။ UWSA က အခြားသော ဒေသဆိုင်ရာ တော်လှန်ရေး တပ်ဖွဲ့တွေကို စစ်ရေးအရ ပံ့ပိုးပေးတော့မှာ မဟုတ်ဘူးလို့သြဂုတ် ၂၀ ရက်က ပြောခဲ့ပါတယ်။ (more…)