တစ်ခါတရံ

ဆီးရီးယားမိုဒယ် Game Theory နှင့်သမ္မတ စကားလဲ တစ်ခါတရံ အရေးတယူထားကြပါရန်

ဆီးရီးယားမိုဒယ် Game Theory နှင့်သမ္မတ စကားလဲ တစ်ခါတရံ အရေးတယူထားကြပါရန်

ဆီးရီးယားမိုဒယ် Game Theory နှင့်သမ္မတ စကားလဲ တစ်ခါတရံ အရေးတယူထားကြပါရန် ---------------------------------------------- မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဆီးရီးယားပြည်တွင်းစစ်ပြီးသွားတဲ့အခါ အနောက်တိုင်းမီဒီယာအများစုက ဆီးရီးယားမှာရှိ့တဲ့ ရုရှားစစ်အခြေစိုက်စခန်းတွေဖြစ်တဲ့ တာတတ်စ် ရေတပ်စခန်းနဲ့ ဟာမေးမီးစ်လေတပ်စခန်းတွေကနေ ထွက်သွားရတော့မယ်ဆိုပြီး ရေးသားကြပါတယ်။ လက်တွေ့မှာ ဆီးရီးယားမှာရှိတဲ့ ရုရှား ရေတပ်နဲ့လေတပ်စစ်စခန်းများကို ဆီးရီးယားအစိုးရသစ်ကဆက်လက်ခွင့်ပြုရတဲ့အခြေအနေဖြစ်ပါတယ်။ ဆီးရီးယားအစိုးရသစ်ကို အမေရိကန်အထူးသံတွေလာတွေ့ပြီး အကြမ်းဖက်အဖွဲ့ကနေပယ်ဖျက် ပေးခဲ့ပါတယ်။နောက်ရုရှားနိုင်ငံခြားရေးဝန်ကြီးလာတွေ့ပြီးတဲ့နောက် ရုရှားနဲ့ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမယ်အသံထွက်လာပါတယ်။ ရုရှားဖက်က တာတတ်စ် ရေတပ်အခြေစိုက်စခန်းကို "လူသားခြင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးအတွက်" ဆက်လက်ဖွင့်လှစ်သွားမယ်ဆိုပါတယ်။ဆီးရီးယားနိုင်ငံရဲ့ စားနပ်ရိက္ခာအများစုဟာ ရုရှားအပါ်မှီခို နေရတာဖြစ်လို့ ဆီးရီးယားအတွက် အရေးပါနေပါတယ်။ ဆီးရီးယားမှာရှိ့တဲ့ရုရှား ရေတပ်အခြေစိုက်စခန်းတွေဟာ စစ်အေးကာလအတွင်း ၁၉၇၀ကျော်ကာလတွေကဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။မြေထဲပင်လယ်နဲ့အာဖရိကဒေသအတွက် အရေးပါတဲ့စခန်းတွေဖြစ်ပါတယ်။ဒီစခန်းတွေလက်လွတ်လိုက်ရရင်ရုရှားရဲ့ မြေထဲပင်လယ်နဲ့အာဖရိကစိုးမိုးရေးလက်လွတ်သွားမှာဖြစ်ပါတယ်။ ၂၀၁၁ လောက်ကထဲကစခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်ဟာ အမေရိကန်၊ရုရှား၊တူရကီ၊ကာတာနဲ ဒေသတွင်းနိုင်ငံများက အကူအညီ ပေးကြပြီး အဖွဲ့တွေကလည်းစုံနေပါတယ်။ မှုလက ရုရှားဟာ ဝင်မပါသေးပဲ ၂၀၁၅ မှာ IS အဖွဲ့တွေအားကောင်းလာတဲ့အချိန်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ဝင်လာပါတယ်။ တူရကီကလည်းသူ့နယ်စပ်မှာ ကဒ်အတိုက်အခံတွေ အားကောင်းလာတာကိုထိပ်လန့်လာပြီးကဒ်အဖွဲ့‌ကိုဝင်တိုက်ပြန်ပါတယ်။အမေရိကန်ကလည်း ဆီးရီးယားအတိုက်အခံအဖွဲ့တစ်ခုဖက်က နေ IS တွေကိုဝင်တိုက်ပြန်ပါတယ်။ အီရန်ကလည်း ရှီးယားအုပ်စုတွေနဲ့အာဆတ်ဖက်က ဝင်လာပြန်ပါတယ်။ဒီလိုရှုတ်ထွေးနတဲ့အ ခြေအနေမှာ အာဆတ်ဟာ ရုရှားနဲ့အီရန်ကိုအားပြုရပ်တည်နေရရင်း အာဏာကိုဆက်ထိမ်းထားပါတယ်။ (more…)
Read More