တပ်ပေါင်းစု၊ တပ်ပေါင်းစုဆိုသော်လည်းနိုင်ငံရေး”ချို”၊ စစ်ရေး”ပို”သင့်

တပ်ပေါင်းစု၊ တပ်ပေါင်းစုဆိုသော်လည်းနိုင်ငံရေး”ချို”၊ စစ်ရေး”ပို”သင့်

တပ်ပေါင်းစု၊ တပ်ပေါင်းစုဆိုသော်လည်းနိုင်ငံရေး”ချို”၊ စစ်ရေး”ပို”သင့်

ကောမရိတ်မော်မှ တော်လှန်ရေးအောင်မြင်ရန် -မိမိအခြေအနေ -ရန်သူ့အခြေအနေ -ပြည်သူ့အခြေအနေ -နိုင်ငံတစ်ကာအခြေအနေ များဆုံချက်ကြ၊အခြေအနေပေးသည့်အချိန်တွင်အောင်မြင်လိမ့်မည်ဟု့ဆိုခဲ့သည်။ တရုတ်တော်လှန်ရေးခရီးရှည်ကြီးတွင် ဒုတိယကမ္ဘာစစ်အပြီးကာလ အမေရိကန်၊ဆိုဗီယက်စစ်အေးကာလအစတွင် နိုင်ငံတစ်ကာအခြေအနေပေး ခဲ့သည်။ဆိုဗီယက်သည် မွန်ဂိုလီးယားနှင်ကိုရီးယားကျွန်းဆွယ်မှ သိမ်းပိုက်ရရှိ့‌ထားသော ဂျပန်လက်နက်တိုက်အစုလိုက်အပုံလိုက်ကြီးကို ကွန်မြူနစ်မော်စီတုန်းတို့အားလွဲပြောင်းပေးခဲ့သည်။ဤတွင်တရုတ်ပြည်တွင်းစစ်ချိန်ခွင်လျာပြောင်းသွားခဲ့ပြီး ကူမင်တန်ချန်ကေရှိတ်တို့ ဖော်မိုဆာကျွန်းသို့ဆုတ်ခွာခဲ့ရပြီး တရုတ်ပြည်တွင်ကွန်မြူနစ်မာ်စီတုန်းတို့အနိုင်ရသွားသည်။ မော်စီတုန်းမှ ဆိုဗီယက်နှင့်တရုတ် နယ်နမိတ်ရှည်လျားစွာဆက်စပ်နခြင်းနှင့်စစ်အေးခေတ် နိုင်ငံတစ်ကာအခြေအနေအပြောင်းအလဲသည်လည်း တရုတ်ပြည်တာ်လှန် ရေး အတွက် နိုင်ငံတစ်ကာအခြေအနေ ပေးမှု့တစ်ခုဖြစ် ကြောင်းရှင်းပြသည်။ မြန်မာနွေဦးတော်လှန်ရေးတွင် -မိမိအခြေအနေမှာ အရှိန်အဟုန်ဖြင့်တိုးတက်လျက်ရှိ့သည်။ လက်နက်၊လူသူ၊နေ့စဉ်တိုကိပွဲဝင်နိုင်မှု့၊နယ်မြေ မှာ တိုးတက်လျက်ရှိ့သည်။ -ရန်သူ့အခြေအနေမှာ ပုံမှန် ဆုတ်ယုတ်ကျဆင်းလျက်ရှိ့သည်။ နယ်မြေမှာအစဉ်ကျဉ်းကျုံ့လျက်ရှိ့သည်။ -ပြည်သူအခြေအနေမှာ စစ်အာဏာရှင်စနစ်ကို အရှုံးပေးရန်မဖြစ်နိုင်တော့သည်အခြေအနေသို့ ရောက်ရှိ့နေသည်။ -နိုင်ငံတစ်ကာအခြေအနေမှာ ဝံပုလွေများကြားရောက်နေသော သိုးသူငယ်လို ဖြစ်နေပြီး နိုင်ငံတစ်ကာအခြေအနေအား တော်လှန်ရေးအခြေအနေမှ စီမံသည့် အခြေအနေသို့ရောက်ရန် အားထုတ်နေရဆဲဖြစ်သည်။ တပ်ပေါင်းစု၊ တပ်ပေါင်းစုဆိုသော်လည်းနိုင်ငံရေး"ချို"၊ စစ်ရေး"ပို"သင့် ------------------------------------------ အောက်တိုဘာ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ယခုတစ်လော တော်လှန်ရေးတပ်‌ပေါင်းစု ဖွဲ့ရန်အသံများ၊ရေးသားကြသည်များကိုဖတ်နေရပါသည်။ ဤနေရာတွင် ရဲဘော်မော်စီတုန်း၏ တပ်ပေါင်းစုပြဿနာနှင့်ပက်သက်သော သဘောတရားအချို့ဖတ်မှတ်မိသည်များမှ မှတ်မိသလောက်ဆွေးနွေးတင်ပြရန်ကြိုးပန်းကြည့်ပါမည်။ ကောမရိတ် မော် မှ -တပ်ပေါင်းစုဆိုလျှင် မည်သူဦးဆောင်မည်နည်းဆိုသည့် ဦးဆောင်မှု့ပြဿနာပေါ်မည်ဟု့ ဆိုသည်။ -ဖက်ဆစ်ဂျန်ပန်ခုခံရေး တရုတ်ပြည်တွင် ကူမင်တန်နှင့်ကွန်မြူနစ် ဂျပန်ခုခံရေးတပ်ပေါင်းစုကို မည်သူဦးဆောင်မည်နည်းဟူသော ပြဿနာသည် သဘာဝကျစွာပေါ်ထွန်းခဲ့သည်။ -ကွန်မြူနစ်ပါတီအနေဖြင့် လက်တွေ့အင်အားအရ၊အခြေအနေအရ ကူမင်တန်၊ချန်ကေရှိတ်တို့ကို တပ်ပေါင်းစုဦးဆောင်မှု့အခန်းကဏ္ဍကို ပေးခဲ့သည်။ -လက်တွေ့တွင် ကူမင်တန်တို့သည် ဂျပန်တို့ကို သေသေချာချာမတိုက်ပဲ လှည့်ပတ်ရှောင်တိန်းရေး ကိုသာကျင့်သုံးခဲ့သည်။ -ထို့အပြင် ဂျပန်ကိုတိုက်ဖို့ထက် ကွန်မြူနစ်တို့ကို တိုက်ရန်သာဦးစားပေးလုပ်ဆောင်ခဲ့သည်။ -ကွန်မြူနစ်ပါတီနှင့်တပ်သည် ဂျပန်ခုခံရေး တပ်ပေါင်းစုပေါ်လစီကို…
Read More