တရုတ်သမ္မတ ရှီ

မြန်မာ့နိုင်ငံရေး အစီအစဉ်ကို ‘သတိရှိရှိ’ မြှင့်တင်ရန် တရုတ်သမ္မတ ရှီက တောင်းဆို

မြန်မာ့နိုင်ငံရေး အစီအစဉ်ကို ‘သတိရှိရှိ’ မြှင့်တင်ရန် တရုတ်သမ္မတ ရှီက တောင်းဆို

မေလ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မော်စကိုတွင် မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်ကို “သတိရှိရှိ” မြှင့်တင်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင် က မေလ ၉ ရက်နေ့တွင် တောင်းဆိုခဲ့သည်ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Mao Ning က X တွင် ရေးသားခဲ့သည် Anodolu Agency သတင်းကဖော်ပြသည်။အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နယ်မြေစိုးမိုးရေးနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းနိုင်ငံရေး လုပ်ငန်းစဉ်များကို သတိရှိရှိဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ထောက်ခံအားပေးကြောင်း ရှီက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းများ၊ အဖွဲ့အစည်းများနှင့် ပရောဂျက်များ၏ လုံခြုံရေးကို ထိရောက်စွာ ကာကွယ်ရန် မြန်မာနိုင်ငံအား တိုက်တွန်းပြီး နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများကို ရပ်တန့်ရန် ပိုမိုအားထုတ်ရန်လည်း မြန်မာအစိုးရကိုတိုက်တွန်းထားသည်။ ခေါင်းဆောင်နှစ်ဦးစလုံးသည် နာဇီဂျာမနီကို နှိမ်နင်းသည့် နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ရုရှားနိုင်ငံသို့ ရောက်ရှိနေကြသည်။ (more…)
Read More