စစ်ခေါင်းဆောင် တရုတ်သွားမယ်လို့သိရ
ဩဂုတ်လ ၂၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လာမယ့်တစ်ပတ်မှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောတယ်လို့ BBC သတင်းကသြဂုတ် ၂၅ ရက်ကဖော်ပြပါတယ်။ အာဏာသိမ်း မင်းအောင်လှိုင်ဟာ ရန်ကုန်မြို့မှာ သြဂုတ်လ ၃၀ နဲ့ စက်တင်ဘာလ ၁ ရက်အထိပြုလုပ်မယ့် လူငယ် ညီလာခံကို တက်ပြီးရင် တရုတ်ကို ခရီးဆက်မှာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ တရုတ်နိုင်ငံမှာ သြဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာလ ၁ ရက်အထိ ပြုလုပ်မယ့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)ရဲ့ ၅ ကြိမ်မြောက်အစည်းအဝေး၊ စက်တင်ဘာလ ၃ ရက်မှာ ပြုလုပ်မယ့် ဂျပန်စစ်တပ် လက်နက်ချမှုနဲ့ ဒုတိယကမ္ဘာစစ်အောင်နိုင်မှု စစ်ရေးပြ ချီတက်ပွဲကို တက်ရောက်ဖို့ ရှိတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်းမှာ ကျင်းပမယ့် စစ်ရေးပြအခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဂုဏ်ပြုမှာဖြစ်ပြီး မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံးကို ဖိတ်ကြားထားတယ်လို့ တရုတ်နိုင်ငံရဲ့ သတင်းတွေမှာ ဖော်ပြပေမယ့် တရုတ်အာဏာပိုင်တွေကတော့ စစ်ရေးပြပွဲတက်ရောက်မယ့်သူစာရင်းကို မထုတ်ပြန်သေးပါဘူး။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စမော်နင်းကတော့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ အချိန်နဲ့ တပြေးညီထုတ်ပြန်ပေးမယ်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်က သတင်စာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ (more…)