တော်လှန်ရေးအလှည့်အပြောင်းဆီသို့

စစ်တွေဆန်အရေးအခင်းမှသည် တပြည်လုံးအတိုင်းအတာ တော်လှန်ရေးအလှည့်အပြောင်းဆီသို့

စစ်တွေဆန်အရေးအခင်းမှသည် တပြည်လုံးအတိုင်းအတာ တော်လှန်ရေးအလှည့်အပြောင်းဆီသို့

စစ်အာဏာရှင်စနစ် ရှိနေသေးသရွေ့ လူမျိုးစုတွေအပေါ် မှန်မှန်ကန်ကန် ဆက်ဆံမှာမဟုတ်သလို လူမျိုးစုဖြစ်ခြင်းကိစ္စအပေါ် အကြောင်းပြုပြီး ပုံစံမျိုးစုံနဲ့ နှိပ်ကွပ်မှုတွေရှိလာမှာပဲဖြစ်တယ်။ ရခိုင်ကမ်းလွန်က ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့အတွက် တလ တလကို ဒေါ်လာသန်းချီပြီးဝင်ငွေရနေပေမယ့် ရခိုင်ရွာတွေကို လျှပ်စစ်မီးတောင် မပေးထားတာကို တွေ့ရပါတယ်။ ကျနော်တို့ ကျောက်ဖြူ မဒေးကျွန်းရောက်တုန်းကလည်း တရုတ်ပိုင် ရေနံနဲ့သဘာဝဓာတ်ငွေ့စက်ရုံဘေးက ရွာကလေးမှာ ပညာသင်ရတဲ့ ကလေးတွေအတွက် မူလတန်းကျောင်းတောင် ခိုင်ခိုင်မာမာ မတည်ဆောက်ပေးထားတာကို မျက်စိနဲ့တပ်အပ်မြင်ခဲ့ရပါတယ်။ တောထဲက ယာစောင့်တဲကမှ အဲ့ဒီစာသင်ကျောင်းထက်ပိုပြီး လုံခြုံတောင့်တင်းနေသေးတယ်လို့ ပြောရမှာပါ။ စီးပွားရေးအရင်းအမြစ်မှန်သမျှကို စစ်အုပ်စုက လက်ဝါးကြီးအုပ်ထားတဲ့အတွက် ပြည်သူတွေ ဆင်းရဲမွဲတေနေတယ်လို သေသေချာချာ အခိုင်အမာ နားလည်သဘောပေါက်ရင် ရခိုင်အပါအဝင် နေရာတိုင်းမှာ လူမျိုးစုပြဿနာတင်မကဘဲ လူတန်းစားပြဿနာပါရှိနေတယ်ဆိုတာ သိနိုင်ပါလိမ့်မယ်။ စစ်အုပ်စုကိုဖြုတ်ချတဲ့နေရာမှာ လူမျိုးစုတော်လှန်ရေးအဖွဲ့တွေက လူမျိုးစုအလံလွှင့်ပြီး တော်လှန်နေတာဟာ တစိတ်တဒေသအားဖြင့် မှန်ကန်တယ်၊တရားမျှတတယ်၊လက်တွေကျတယ်။ဘာလို့လည်းဆိုရင် ဒီစစ်တပ်ဟာ လူမျိုးကြီးဝါဒလက္ခဏာဆောင်နေလို့ပဲဖြစ်တယ်။ ဩဂုတ်လ ၁၆၊ ၂၀၂၅ သောင်ရင်းသတင်းလွှာ --------------------------------- စစ်တွေဆန်အရေးအခင်းမှသည် တပြည်လုံးအတိုင်းအတာ တော်လှန်ရေးအလှည့်အပြောင်းဆီသို့ ၁၃ သြဂတ်စ် မမေ့အပ် ဒီကနေ့ဟာ စစ်တွေဆန်အရေးအခင်းဖြစ်ပွားခဲ့တဲ့ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ၁၉၆၇ သြဂတ်စ် ၁၃ ရက်နေ့မှာ ဗိုလ်နေဝင်းစစ်အုပ်စုက စစ်တွေမြို့မှာ အေးချမ်းစွာ ဆန္ဒပြနေတဲ့ ရခိုင်လူမျိုး ပြည်သူ(၂၀၀)ကျော်ကို ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းခဲ့တဲ့နေ့ဖြစ်တယ်။ ရာသီဥတုဆိုးဝါးတဲ့နှစ်တနှစ်ဖြစ်လို့ ရခိုင်တပြည်လုံးမှာ ဆန်စပါးအထွက်နည်းပြီး စားနပ်ရိက္ခာရှားပါးခဲ့ပါတယ်။ ထွက်သမျှ ဆန်တွေကို ဗိုလ်နေဝင်းက နိုင်ငံခြားတင်ပို့ဖို့ အတင်းသိမ်းဆည်းပြီး စစ်တွေက ဆန်ဂိုဒေါင်တွေမှာ သိုလှောင်ထားပါတယ်။ ထမင်းမစားရတဲ့ရခိုင်ပြည်သူတွေက "ပြုတ်ဆန်မစား ရခိုင်သား" " ဆန်ကွဲမစား…
Read More