တွေ့ဆုံ

စစ်းအုပ်စု နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးတို့ တွေ့ဆုံပြီး နယ်စပ်ကုန်သွယ်ရေးကိစ္စ ဆွေးနွေး

စစ်းအုပ်စု နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးတို့ တွေ့ဆုံပြီး နယ်စပ်ကုန်သွယ်ရေးကိစ္စ ဆွေးနွေး

စက်တင်ဘာ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အာဏာလုစစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr.Mongkol Wisitsan တို့ တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ချောမွေ့စေရေး နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ Asia News Network သတင်းကစက်တင်ဘာ ၁၂ ရက်မှာဖော်ပြပါတယ်။ စစ်အုပ်စုနိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး ဦးသန်းဆွေနဲ့မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ Wisitsanတို့ဟာစက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းကနေပြည်တော်ရှိ နိုင်ငံခြားရေဝန်ကြီးဌာနမှာတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ (more…)
Read More
တရုတ်သမ္မတ ရှီကျင့်ဖျင် အာဏာသိမ်းစစ်ခေါင်းနဲ့ တွေ့ဆုံ

တရုတ်သမ္မတ ရှီကျင့်ဖျင် အာဏာသိမ်းစစ်ခေါင်းနဲ့ တွေ့ဆုံ

ဩဂုတ်လ ၃၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံ ယာယီသမ္မတ မင်းအောင်လှိုင်နဲ့ ဆိပ်ကမ်းမြို့ Tianjin မှာ သြဂုတ် ၃၀ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ ဆင်ဟွာကဖော်ပြပါတယ်။ မင်းအောင်လှိုင်ဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၂၀၂၅ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး ဂျပန်ကျူးကျော်စစ်နဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး တရုတ်ပြည်သူ့စစ် အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကိုလည်းတက်ရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ဖက်ဆစ်ဝါဒကို တိုက်ဖျက်ရာမှာ အရှေ့စစ်မြေပြင်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး SCO ရဲ့ အရေးကြီးတဲ့ဆွေးနွေးဖက်အဖြစ် ရပ်တည်နေကြောင်း ရှီက မှတ်ချက်ပြုခဲ့ပါတယ်။ ရှီက နှစ်နိုင်ငံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန်၊ မျှဝေထားတဲ့ အနာဂတ်နဲ့အတူ အသိုက်အဝန်း တည်ဆောက်ရေးကို အရှိန်မြှင့်ရန်နဲ့ နှစ်နိုင်ငံ ပြည်သူတွေအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေရန် တောင်းဆိုခဲ့ပါတယ်။ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် ကျယ်ပြန့်တဲ့ ပြည်တွင်းနိုင်ငံရေး စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ရာမှာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ရှီက ပြောကြားခဲ့ပါတယ်။ (more…)
Read More
အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မယ့်ကိစ္စနဲ့ FMR ဖျက်သိမ်းရေးအတွက် မဏိပူရ အုပ်ချုပ်ရေးမှူး နာဂကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံ

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မယ့်ကိစ္စနဲ့ FMR ဖျက်သိမ်းရေးအတွက် မဏိပူရ အုပ်ချုပ်ရေးမှူး နာဂကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံ

ဩဂုတ်လ ၁၈၊ ၂၀၂၅ ။သောင်ရင်းသတင်းလွှာ United Naga Council (UNC)နာဂ ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အုပ်ချုပ်ရေးမှူး Ajay Kumar Bhalla နဲ့ သြဂုတ်၁၆ရက်နေ့က Raj Bhavan မှာတွေ့ဆုံခဲ့ပြီး အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်ခြင်းနဲ့ Free Movement Regime (FMR)(နှစ်နိုင်ငံကလူတွေပြည်ဝင်ခွင့်မလိုဘဲသတ်မှတ်ထားတဲ့အတိုင်းအတာအထိလွတ်လပ်စွာဝင်ထွက်သွားလာခွင့်) ဖျက်သိမ်းရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ The Indian Express သတင်းက သြဂုတ် ၁၇ရက်မှာဖော်ပြပါတယ်။ မဏိပူရပြည်နယ်ရှိ နာဂဝတ်စုံလူမျိုးစုတွေရဲ့အထွတ်အထိပ်ဖြစ်တဲ့UNC က နယ်စပ်ခြံစည်းရိုးခတ်ခြင်း နဲ့ FMR ကို ဖျက်သိမ်းခြင်းတို့ကို ဆန့်ကျင်နေပါတယ်။ “ဒါတွေက နယ်စပ်က ပိုင်းခြားထားတဲ့ အသိုက်အဝန်းကို တနည်းတဖုံ ထိခိုက်လိမ့်မယ်” လို့ ပြောပါတယ်။ UNC ဥက္ကဋ္ဌ Ng Lorho ဦးဆောင်တဲ့အဖွဲ့ဝင် ၁၀ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ နယ်စပ်ခြံစည်းရိုးခတ်ခြင်းနဲ့FMR ဖျက်သိမ်းခြင်းဆိုင်ရာကိစ္စတွေအပေါ်၎င်းတို့ရဲ့အမြင်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ရှင်းပြခဲ့ပြီး အဆိုပါပြဿနာတွေကို ဗဟိုအစိုးရဆီကိုတောင်းဆိုဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးကိုတောင်းဆိုခဲ့တယ်လို့ Raj Bhavan မှာ ထုတ်ပြန်ခဲ့ပါတယ်။ (more…)
Read More
မီဇိုရမ် လွှတ်တော်အမတ်က မြန်မာနိုင်ငံတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့စခန်းတစ်ခုသို့လာရောက်ပြီး အိန္ဒိယ ပြည်ထောင်စုနှင့် ပူးပေါင်းရန်တောင်းဆို

မီဇိုရမ် လွှတ်တော်အမတ်က မြန်မာနိုင်ငံတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့စခန်းတစ်ခုသို့လာရောက်ပြီး အိန္ဒိယ ပြည်ထောင်စုနှင့် ပူးပေါင်းရန်တောင်းဆို

မတ်လ ၇၊၂၀၂၅။ သောင်ရင်းသတင်းလွှာ မီဇိုအမျိုးသားတပ်ဦး လွှတ်တော်ကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ ခြေလျင်ဖြတ်၍ ချင်းပြည်နယ်ကောင်စီနှင့် တွေ့ဆုံကာ “ချစ်ကြည်ရင်းနှီးမှုနှင့် ညီရင်းအစ်ကိုရင်းမြစ်ကို တည်ဆောက်” ရန်၊ ၎င်းတို့သည် “တူညီသော မီဇိုမိသားစုနှင့် သက်ဆိုင်သည်” ဟု ပြောပြီး ၎င်း၏ ဆွေးနွေးပွဲတွင် ပြည်ထဲရေး၊ ပြည်ပရေးရာ ဝန်ကြီးများကို အကျဉ်းချုံး ပြောပြမည်ဖြစ်သည်ဟု The Hindu သတင်းစာမျက်နှာက မတ်လ ၅ရက်ကဖော်ပြသည်။ (more…)
Read More