တွေ့ဆုံရဖို့အာဆီယံရဲ့ ပျက်ကွက်မှု

ရွေးကောက်ပွဲအတွက် မြန်မာစစ်အစိုးရနဲ့တွေ့ဆုံရဖို့အာဆီယံရဲ့ ပျက်ကွက်မှုဟာ မအောင်မြင်မှု ကို ပြသနေ

ရွေးကောက်ပွဲအတွက် မြန်မာစစ်အစိုးရနဲ့တွေ့ဆုံရဖို့အာဆီယံရဲ့ ပျက်ကွက်မှုဟာ မအောင်မြင်မှု ကို ပြသနေ

စက်တင်ဘာ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အာဆီယံမြန်မာ ခေါင်းဆောင်တွေဟာ အခုနှစ်နှောင်းပိုင်းမှာ ကျင်းပမယ်​့မြန်မာနိုင်ငံကအထွေထွေ ရွေးကောက်ပွဲအတွက် အာဆီယံက ဝင်ရောက်စွက်ဖက်ခြင်းကို တားဆီးဖို့ စစ်အစိုးရကအစီအစင်ကြောင့် “သံတမန်ရေးထွက်ပေါက်ပိတ်” နေတယ်လို့လေ့လာသူတွေဆီကသိရပါတယ်။ ဒီဇင်ဘာလမှာ စတင်မယ့် ရွေးကောက်ပွဲနဲ့အခြားကိစ္စရပ်တွေဆွေးနွေးဖို့ မြန်မာနိုင်ငံကိုလာရောက်မယ့်အရှေ့တောင်အာရှနိုင်ငံများအသင်းကနိုင်ငံခြားရေး ဝန်ကြီးလေးဦးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အစီအစဥ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက သံတမန်တွေဟာ စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြီးခဲ့တဲ့ စက်တင်ဘ ၁၉ ရက်နေ့က မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က စက်တင်ဘာ ၁၈ရက်နေ့မှာ ရီးစဉ်ကို အောက်တိုဘာလဆန်းပိုင်းကို ရွှေ့ဆိုင်းထားတယ်လို့ပြောကြားခဲ့ပေမယ့်လည်း အသေးစိတ်အချက်အလက်တွေကိုတော့ မပြောကြားဘူးလို့ Nikkei Asia သတင်းမှာ ဖော်ပြထားပါတယ်။ စစ်အစိုးရ ခေါင်းဆောင်မင်းအောင်လှိုင်ဟာတရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ဆီကခေါက်ခံမှုတွေရရှိပြီးနောက် အာဆီယံရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နားထောင်ဖို့ စိတ်အားထက်သန်ခြင်းမရှိတော့ဘူးလို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားအြီး ဧရာဝတီသတင်းဌာနရဲအ ဖော်ပြချက်အရ သိရပါတယ်။ မင်းအောင်လှိုင်က အာဆီယံ ကိုယ်စားလှယ်အဖွဲ့ကို ပြေလည်အောင်လုပ်ဖို့ မလိုအပ်ဘူးလို့ ဆုံးဖြတ်ဖွယ်ရှိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ မဘေးရှား နိုင်ငံခြားရေးဝန်ကြီးမိုဟာမက်သကစစ်အစိုးရ ဦးဆောင်တဲ့အစိုးရ အရေးပေါ် အခြေအနေ ရပ်ဆိုင်းပြီးနောက် မြန်မာနိုင်ငံ အခြေအနေကို အကဲဖြတ်ဖို့ အာဆီယံ ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်မယ်လို့သြဂုတ်လ အတွင်းက အတည်ပြု ပြောဆိုခဲ့ပါတယ်။ (more…)
Read More