ထိုင်းစစ်တပ်

ထိုင်းစစ်တပ်ကမဲဆောက်မြို့နယ် ဘန်မဲတန်ရှိ ထိုင်း-မြန်မာနယ်စပ်အနီးတွင်တပ်စွဲ

ထိုင်းစစ်တပ်ကမဲဆောက်မြို့နယ် ဘန်မဲတန်ရှိ ထိုင်း-မြန်မာနယ်စပ်အနီးတွင်တပ်စွဲ

မေလ ၁၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာစစ်တပ်က KNU တပ်ဖွဲ့များကို လေကြောင်းမှ တိုက်ခိုက်ပြီးနောက် အင်္ဂါနေ့ နံနက်ပိုင်းက တာ့ခ်ခရိုင် မဲဆောက်မြို့နယ် ဘန်မဲတန်ရှိ ထိုင်း- မြန်မာနယ်စပ် အနီးတွင် တပ်စွဲထားကြောင်း Khaisod သတင်းကမေလ ၁၃ ရက်တွင်ဖော်ပြသည်။ (more…)
Read More
ထားဝယ်မြို့နယ်အတွင်းက တိုက်ပွဲများကို ထိုင်းစစ်တပ်က အနီးကပ်စောင့်ကြည့်နေ

ထားဝယ်မြို့နယ်အတွင်းက တိုက်ပွဲများကို ထိုင်းစစ်တပ်က အနီးကပ်စောင့်ကြည့်နေ

မေလ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာစစ်တပ်နှင့် အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့များ အကြားဧပြီလ ၇ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့ပြီး ထိုင်းတပ်ဖွဲ့ ၏ အဆိုအရ ဧပြီလ ၁၉ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ် မှ ၁၀ ကီလိုမီတာ ခန့် အကွာရှိ ပထမ ဗျူဟာ ကွပ်ကဲမှု စခန်းအား တော်လှန်ရေးတပ်ဖွဲ့များကအောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု The Nation သတ င်းက မေလ ၇ ရက်တွင်ဖော်ကြသည်။ ဒီအောင်ပွဲရပြီးနောက်တွင် စစ်အစိုးရဆန့်ကျင်တော်လှန်ရေးတပ်များသည် ဘန်ဖူနမ်ရွန်နယ်စပ်အနီးရှိ မြန်မာစစ်တပ်အခြေစိုက်စခန်းများကို ဆက်တိုက်ထိုးစစ်ဆင်ကာ စစ်ဆင်ရေးများကို အရှိန်မြှင့်ခဲ့သည်။ အခြေအနေ ပိုမိုဆိုးရွားလာသဖြင့် ကန်ချနပူရီခရိုင်ရှိ ဆူရစီတပ်ဖွဲ့နှင့် ထိုင်း-မြန်မာနယ်စပ် ကွပ်ကဲရေးဌာနတို့က အခြေ​အနေများကို အနီးကပ် စောင့်ကြည့်နေကြောင်း အဆိုပါ တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ (more…)
Read More
ထိုင်းစစ်တပ်ကမြန်မာသို့ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ဒုတိယအဖွဲ့ကိုစေလွှတ်

ထိုင်းစစ်တပ်ကမြန်မာသို့ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ဒုတိယအဖွဲ့ကိုစေလွှတ်

ဧပြီလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Songwit Noonpakdee သည် ဧပြီလ ၅ ရက်နေ့ က Wing 6, Don Muang လေဆိပ်တွင် "Mandalay 82" ဟု အမည်ပေးထားသည့် စစ်ဆင်ရေး အတွက် မြန်မာနိုင်ငံတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ထိုင်း တပ်မတော် လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးသည့် ဒုတိယအဖွဲ့ကို စေလွှတ်ခြင်း အခမ်းအနားကို တက်ရောက် ခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။ (more…)
Read More
ထိုင်းစစ်တပ်က မြန်မာဒုက္ခသည် ၄၃၇ ဦးကို နေရပ်ပြန်ပို့

ထိုင်းစစ်တပ်က မြန်မာဒုက္ခသည် ၄၃၇ ဦးကို နေရပ်ပြန်ပို့

မတ်လ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းဘုရင့်တပ်မတော် Rachmanoo Task Force သည် Tha Songyang မြို့နယ်အုပ်ချုပ်ရေး၊ နယ်ခြားစောင့်ရဲ တပ်ဖွဲ့စု ၃၄ နှင့် တာ့ခ်ခရိုင် Tha Song Yang မြို့နယ် Nong Bua ကျေးရွာမှ ရပ်ရွာခေါင်းဆောင်များ နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ မတ် ၁၅ ရက်က မြန်မာနိုင်ငံသား ဒုက္ခသည် ၄၃၇ ဦးအား ဖားအန်ခရိုင် လေးပိုမြို့ မယ်ဂေကီးကျေးရွာရှိ နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ (more…)
Read More