ထိုင်းနယ်စပ်

ထိုင်းနယ်စပ်တွင် လိမ်လည်သူများနှင့် ဆိုက်ဘာရာဇ၀တ်မှုများကိုချက်ချင်း နှိမ်နင်းရန် ၀န်ကြီးချုပ်က အမိန့်ထုတ်

ထိုင်းနယ်စပ်တွင် လိမ်လည်သူများနှင့် ဆိုက်ဘာရာဇ၀တ်မှုများကိုချက်ချင်း နှိမ်နင်းရန် ၀န်ကြီးချုပ်က အမိန့်ထုတ်

ဇွန်လ ၂၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub သည် ယခုအခါ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည့် ခေါ်ဆိုလ်စင်တာလိမ်လည်မှု၊ အွန်လိုင်းလိမ်လည်မှုနှင့် တရားမဝင်လောင်းကစားမှုပုံစံအားလုံးကို နှိမ်နင်းရန် ဝန်ကြီးချုပ် Paetongtarn Shinawatra မှ နိုင်ငံတော်မူဝါဒကို အရေးပေါ်အကောင်အထည်ဖော်ရန် အမိန့်ပေးထားကြောင်း ဇွန် ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု The Nation သတင်းကဇွန်လ ၂၂ရက်ကဖော်ပြသည်။ ဇွန် ၁၉ ရက်က ဒုတိယဝန်ကြီးချုပ်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးဝန်ကြီး Prasert Jantararuangtong တို့၏ မကြာသေးမီက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲသည် ယခုလအစောပိုင်းက အကောင်အထည်ဖော်ဆောင်ရွက်မှုများ၏ တိုက်ရိုက်ရလဒ်ဖြစ်ကြောင်း Jirayu မှ အတည်ပြုပြောကြားခဲ့သည်။ ဇွန် ၇ ရက်က ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်နိမိတ် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ခြင်းနှင့် ပိတ်သိမ်းခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပါဝင်သည်။ ထိုအချိန်မှစ၍ စာရင်းဇယားများအရ လိမ်လည်မှုနှင့်ပတ်သက်သည့် ကိစ္စရပ်များ သိသိသာသာ ကျဆင်းလာကာ နိုင်ငံတော်တည်ငြိမ်မှုကို ထိခိုက်စေသည့် ရာဇ၀တ်မှုကွန်ရက်များမှ ထိုင်းနိုင်ငံသားများအတွက် ပိုမိုအကာအကွယ်ပေးစွမ်းနိုင်ခဲ့သည်ဟုသူကဆိုသည်။ (more…)
Read More
မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ရာနှင့်ချီသောလူများ ထိုင်းနယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးခဲ့ရ

မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ရာနှင့်ချီသောလူများ ထိုင်းနယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးခဲ့ရ

မေလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးပြီး ရက်ပိုင်းအကြာတွင် မြန်မာစစ်တပ်မှထိုးစစ်ဆင်မှုကြောင့် လူပေါင်း ၃၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း ထိုင်းစစ်တပ်ကပြောကြားခဲ့သည်ဟု မေလ ၈ရက်တွင် AFP သတင်းကဖော်ပြသည်။ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်း ပဋိပက္ခတွင် နစ်မြုပ်နေခဲ့ပြီး စစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ လိုလားသော တော်လှန်ရေး အင်အားစုများနှင့် တိုက်ပွဲများ ဖြစ်ပွားနေပါသည်။ (more…)
Read More
မြန်မာဘက်မှတိုက်လေယာဥ်များ ထိုင်းနယ်စပ်သို့ချဥ်းကပ်လာသောကြောင့် ထိုင်းလေတပ်က ကြားဖြတ်ဟန့်တားခဲ့ရ

မြန်မာဘက်မှတိုက်လေယာဥ်များ ထိုင်းနယ်စပ်သို့ချဥ်းကပ်လာသောကြောင့် ထိုင်းလေတပ်က ကြားဖြတ်ဟန့်တားခဲ့ရ

မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာမှ တိုက်လေယာဉ်များ ထိုင်းနယ်စပ်သို့ ချဉ်းကပ်လာရာ ထိုင်းတော်ဝင်လေတပ်က F-16 တိုက်လေယာဉ်နှစ်စင်းကို မေလ ၆ ရက်က ကြားဖြတ်ဟန့်တားခဲ့ရသည်ဟု Khaosod သတင်းကဖော်ပြသည်။ (more…)
Read More