ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်စဉ် လှေမှောက်လို့ မြန်မာနိုင်ငံသား သုံးဦး သေဆုံးခဲ့

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်စဉ် လှေမှောက်လို့ မြန်မာနိုင်ငံသား သုံးဦး သေဆုံးခဲ့

စက်တင်ဘာ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် ဆန်ခလာဘူရီမြို့နယ်တူးမြောင်းအတွင်း ရေနစ်သေဆုံးတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို စက်တင်ဘာ ၁၁ ရက်က တွေ့ရှိခဲ့တယ်လို့ The Nation သတင်းကစက်တင်ဘာ ၁၅ ရက်မှာဖော်ပြပါတယ်။ တူးမြောင်းအတွင်း ရေနစ်သေဆုံးသွားတဲ့မြန်မာနိုင်ငံသား သုံးဦးရဲ့ အလောင်းတွေဟာာ ထိုင်း-မြန်မာနယ်စပ်ရှိ မွန်နဲ့ ကရင်ပြည်နယ်တို့ကနေရေလမ်းနဲ့ ထိုင်းကိုတရားမဝင် ဝင် ရောက်လာသူတွေဖြစ်ပါတယ်။ စက်လှေနဲ့ ရောက်ရှိလာသူ ၂၃ ဦးအနက် ၁၉ ဦး ပျောက်ဆုံးနေပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံရေးရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောပါတယ်။ မွန်ပြည်နယ်၊ကရင်ပြည်နယ်တို့နဲ့ထိစပ်နေတဲ့ ကန်ချနပူရီခရိုင် ကန်ချနပူရီခရိုင် ဆန်ခလာဘူရီမြို့မှာစက်တင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီခန့်က အမျိုးသား ၂ ဦးနဲ့အမျိုးသမီးတစ်ဦးရဲ့ အလောင်းတွေကို ကယ်ဆယ်ရေးအဖွဲ့ကရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရုပ်အလောင်းတွေကို စုံစမ်းရှာဖွေရာမှာ စက်တင်ဘာ ၉ ရက်က မြန်မာကမ်းလွန်ပင်လယ်ပြင်မှာစက်လှေတိမ်းမှောက်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ လှေပေါ်ပါလူ ၂၂ ဦးမှာ လူ၉ ဦးဟာပျောက်ဆုံးနေတယ်လို့သိရပါတာ်။သေဆုံးနေသူတွေကိုတော့ Sankhla Buri ဆေးရုံကို ပို့ထားပါတယ်” လို့ ဦးမိုးကြိုးကပြောပါတယ်။ (more…)
Read More