ထိုင်းမှမဟုတ်

မြန်မာ ၄ဦးပါဝင်ပြီးမူးယစ်ဆေးဝါး ဖမ်းမိသည့် သင်္ဘောမှာ ထိုင်းမှမဟုတ်ဟုဆို

မြန်မာ ၄ဦးပါဝင်ပြီးမူးယစ်ဆေးဝါး ဖမ်းမိသည့် သင်္ဘောမှာ ထိုင်းမှမဟုတ်ဟုဆို

မေလ ၂၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အင်ဒိုနီးရှာနိုင်ငံဆူမားတြားကမ်းလွန်တွင် တရားမဝင် မူးယစ်ဆေးဝါး ၂ တန်နီးပါးရှိပြီးအင်ဒိုနီးရှားရေတပ်မှ ကြားဖြတ်ဖမ်းဆီးရမိခဲ့သည့် သင်္ဘောတစ်စီးသည် ထိုင်းအလံကို လွှင့်ထူထားသော်လည်း ထိုင်းနိုင်ငံတွင် မှတ်ပုံမတင်ခဲ့ကြောင်း ထိုင်းရေကြောင်းထိန်းသိမ်းရေးကွပ်ကဲမှုဌာန (Thai-MECC) မှ သိရသည်ဟု ဘန်ကောက်ပို့စ်သတင်းကမေလ ၂၀ရက်တွင် ဖော်ပြသည်။ လွန်ခဲ့သည့်အပတ်က ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၄၂၈ သန်း (ဘတ် ၁၄ ဘီလီယံ)တန်ကြေးရှိသောမူးယစ်ဆေးဝါးများသယ်ဆောင်လာသည့်သင်္ဘောတစ်စီးကိုအင်ဒိုနီးရှားကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုင်း-MECC ၏ ဒါရိုက်တာဖြစ်သည့် ၀န်ကြီးချုပ် Paetongtarn Shinawatra အား သင်္ဘော Aungtoetoe99 နှင့် ပတ်သက်သည့် အဓိက လူကုန်ကူးမှု ကြိုးပမ်းမှုအကြောင်းကိုသတင်းပို့ခဲ့ပြီးဖြစ်ကြောင်း မေလ ၁၉ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အစိုးရ ပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub က ပြောကြားခဲ့သည်။ (more…)
Read More