ထောင့်သန်းရောဂါလူနာများ တွေ့ရှိဟု ထိုင်းကြေညာ
မေလ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါထိန်းချုပ်ရေးဦးစီးဌာနက ၂၀၂၅ ခုနှစ် မေလ ၂၀ ရက်တွင်၅ ယောက်မြောက် ထောင့်သန်းရောဂါ လူနာတွေ့ရှိကြောင်း အစီရင်ခံစာကို မေလ ၂၈ ရက်က ထုတ်ပြန်ခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။ အဆိုပါလူနာသည် ဧပြီလ ၁၉ ရက်နေ့တွင် အမဲသားသတ်ခဲ့ခြင်းရာဇဝင်ရှိသူ အသက် ၅၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး၊ နံပါတ် ၁ နှင့် အမှတ် ၂ ဝေဒနာရှင်များနှင့်အတူ ၎င်း၏ဘယ်ဘက်လက်ညိုးနှင့် လက်ခလယ်တွင် ဓားရှခဲ့သည်။ (more…)