ဦးထုပ်မဆောင်းတဲ့ ဆိုင်ကယ်သမားတွေကို ထိုင်းရဲတွေက ဒဏ်ကြေးတိုးကောက်မယ်
မေလ ၂၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ရဲတပ်ဖွဲ့က ဇွန်လ ၁ ရက်နေ့မှစပြီး ဆိုင်ကယ်စီးသူများနှင့် ခရီးသည်များအားဦးထုတ်မဆောင်းပါက ဒဏ်ငွေ ဘတ် ၂၀၀၀ ပေးဆောင်ရန် ရဲတပ်ဖွဲ့က စတင်ဆောင်ရွက်မည်ဖြစ်သည်ဟု Bangkok Postက မေ ၂၇ရက်တွင်ဖော်ပြသည်။ ယာဉ်မတော်တဆမှုများ လျော့ပါးစေရန်နှင့် ယာဉ်စည်းကမ်း ပိုမိုကောင်းမွန်စေရန် ပိုမိုကျယ်ပြန့်သော လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ယာဉ်ထိန်းရဲ ပုံရိပ်မြှင့်တင်ရေး အဖွဲ့ အကြီးအကဲဒုတိယရဲဗိုလ်ချုပ်ကြီး Nitithorn Jintakanon က “Safe Roads Project” ကိုမေ ၂၇ရက်နေ့တွင် စတင်မိတ်ဆက်ကြောင်း ကြေညာခဲ့သည်။ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာများ တိုးပွားလာစေရန်နှင့် ပိုမိုထိရောက်သော ယာဉ်ကြောစီမံခန့်ခွဲမှုကို သေချာစေရန် ရည်ရွယ်ပါသည်။ အထူးသဖြင့် အန္တရာယ်များသောနေရာများနှင့် စာသင်ကျောင်းများအနီးတွင် ဦးထုတ်အသုံးပြုမှုကို ပိုမိုတင်းကျပ်စွာ လိုက်နာဆောင်ရွက်စေခြင်း လည်းပါဝင်သည်။ (more…)