ဗမာမျိုးနွယ်စုတော်လှန်ရေးဒီရေမြင့်လာလို့ ဒီပွဲနိုင်ပြီ
အောက်တိုဘာ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာပြည်လွတ်လပ်ရေးရပြီးကထဲက ဌာနေတိုင်းရင်းသားဒေသများ ကံဆိုးမိုးမှောင်ကြတော့သည်။ စစ်အာဏာရှင်၏ဖိနိုပ်သတ်ဖြတ်မှူ့များကြောင့်လည်းကောင်း အရာရှိ့အရာခံအကြပ်တပ်သားအများစုမှာ မြေပြန့်နေဗမာအများစုဖြစ်ခြင်းကြောင့်လည်းကောင်း အာဏာကိုလက်နက်ဖြင့်တောက်လျောက်ယူခဲ့သောစစ်အုပ်စုမှာ ပြည်မသားများသာများသည့်အတွက်ကြောင့်လည်းကောင်း တိုင်းရင်းသားလူ့အဖွဲ့အစည်းအတွင်းမြန်မာနိုင်ငံ၏စစ်တပ်ကို ဗမာစစ်တပ် ဗမာစစ်သားတွေဟု့သာခေါ်ဝေါ်ကြသည်။လက်တွေ့အရခေါ်ဆိုလာရသောအမည်ဖြစ်သည်။ တိုင်းရင်းသားတို့သည်နှစ်ပေါင်းများစွာစစ်တပ်၏ဖိ့နှိပ်မှု့ကိုလက်နက်ကိုင်နည်းလမ်းဖြင့်သာခုခံတွန်းလှန်နေရသည်မှာနှစ် ၇၀ ကျော်ပြီပင်ဖြစ်သည်။တစ်လျောက်လုံးစစ်တပ်၏ထိုးစစ်ဆင်တိုက်ခိုက်မှု့ကိုသာခုခံတိုက်ခိုက်နေရခြင်းဖြစ်သည်။ခုခံရမှု့အတွက် ပြည်သူလူထု၏ ဘဝများစွာ အိုးအိမ်ပျက် ရွာဖျက်ခံရ စစ်ရှောင်ရဖြင့် မရေမတွက်နိုင်အောင်ပေးဆပ်နေကြရသည်။ ပြောလိုသည်မှာတိုင်းရင်းသားအများစုသည်မိမိကိုယ်ကိုမိမိ ခက်ခဲစွာခုခံကာကွယ်နေရသည့်အခြေအနေဟုမြင်သည်။ မြန်မာဒီမိုဂရပ်ဖီအရ ဗမာမျိုးနွယ်စုမှာ လူဦးရေ၏ ၆၃ ရာခိုင်နှုန်းကျော်ဟု သန်းခေါင်စာရင်းများအရသိရသည်။ကျန်သည့်မျိုးနွယ်စုများမှာ ကရင်နှင့် ရှမ်းမှလွဲ၍ လူနည်းစုများသာဖြစ်သည်။ အချို့မှာ သိန်း ဂဏန်းသာရှိ့ကြသည်။ လူဦးရေအချိုးအစား လက်နက်ရုပ်ဝတ္ထုအမျိူးအစား လုံးဝမညီပဲ အချိုးမညီစစ်ပွဲကို ခုခံနေကြရခြင်းဖြစ်သည်။ မြန်မာပြည်မ မှအာဏာဗဟိုချက်သည် ပဒေသရာဇ်ခေတ်ကလည်း လက်နက်နိုင်ငံတော်ဖြစ်သလို ယနေ့ထိလည်းလက်နက်နိုင်ငံတော်ပင်ဖြစ်နေသည်။နိုင်ငံရေးစနစ်မည်မျှပင်ပြောဆိုနေသောလည်းလက်နက်သည်အခရာဖြစ်နေသည်။ ပဒေသရာဇ်ခေတ်ကလည်း သားကအဖေထံ ညီကအစ်ကိုထံ မြို့စားကနန်းတော်ထံမှအာဏာကိုလက်နက်ဖြင့်သာလုယူကြသည်။မင်းညီမင်းသားများကကျေးလက်တွင်ဗိုလ်ဝင်ခံပြီး ထီးနန်းလု့ကြသည်။ပြည်သူကလည်းသူရဲကောင်းမျှော်သည် သူရဲကောင်းနောက်လိုက်ကြသည်။ ဗမာမျိုးနွယ်စုတော်လှန်ရေးဒီရေမြင့်လာလို့ ဒီပွဲနိုင်ပြီ ------------------------------------------------- (မုံရွာမှာစတင်အပစ်ခံရပြီး ကနီနယ်မှာ ဗိုလ်မှုးကားတစ်စီးအတိုက်ခံရပြီးနောက် ကနီကိုစစ်ကောင်စီက စစ်သား၄၀လောက်ပို့ပြီးဖိ့နှိပ်ရာကနေ အညာဒေသ ခုခံတိုက်ခိုက်မှု့စတင်ပါတယ်။ကနီသားမိတ်ဆွေတစ်ဦးနဲ့စကားပြောရင်း ထိုစဉ်ကခေတ်စားနေတဲ့တိုင်းရင်းသားတပ်တွေနဲ့NUG ပေါင်းပြီးပြည်မကိုနေချင်းညချင်းသိမ်းစေချင်တဲ့လိုင်းဆွေးနွေးပါတယ်။ကျွန်တော်ကမဖြစ်နိုင်ဘူး တိုင်းရင်းသားတွေမှာ လူသားအရင်းအမြစ်နည်းတယ်။လူတစ်သောင်းကျသွားလို့ထပ်ဖြည့်ဖို့ခက်မယ်။ကျွန်တော်တို့မွန်ဆိုသိန်းဂဏန်းရှိ့တာ တစ်သောင်းကျသွားရင် မွန်မလေးတွေတစ်သောင်းအပျိုကြီးဖြစ်ကုန်မယ်။ ခင်ဗျားတို့ဗမာကသန်းချီတယ်။သိန်းချီဖြည့်ဖို့လူသားအရင်းအမြစ်ရှိ့တယ်။ဗမာတွေပုန်ကန်မှအောင်မြင်မှာလို့ဆွေးနွေးပါတယ်။သိပ်သဘောမတူလို့၊၊ဘာလည်ဗျ အညာမှာစစ်ကြောင့် အနိဌာရုံတွေမဖြစ်စေချင်တာလားလို့မေးတော့။အဲ့ဒါတော့ဟုတ်တယ် မဖြစ်စေချင်ဘူးဗျာလို့ဖြေပါတယ်။ ထူးဆန်းတာအလားတူအဖြေကို ဝါရင့်နိုင်ငံရေးသမားအချို့ကလည်းဗြောင်ဖြေတာကြားရပါတယ်။သူတို့ကတိုင်းရင်းသားတွေစုပေါင်းပြီး ပြည်မကိုသိမ်းစေချင်နေတာပါပဲ။အခုနွေဦးတော်လှန်ရေး အောင်မြင်မှု့ဆီဦးတည်လာတာဗမာလူမျိုးစု ကိုယ်တိုင် စစ်တပ်ကိုခုခံလာတာလည်းအရေးပါတဲ့သော့ချက်ဖြစ်ပါတယ်။ (more…)