ဓါတ်ပုံ။ ။ဧရာဝတီဆောင်းပါးမှ ပုံအား ကူးယူသုံးစွဲပါသည်။

ကမ္ဘာ့အပူကွက်၊အာရှ ဂါဇာ သို့တစ်ရွေ့ရွေ့ တွန်းတင်လာခံနေရသောမြန်မာပြည်အနောက်ခြမ်း

ကမ္ဘာ့အပူကွက်၊အာရှ ဂါဇာ သို့တစ်ရွေ့ရွေ့ တွန်းတင်လာခံနေရသောမြန်မာပြည်အနောက်ခြမ်း

အဲ့ဒီ တရုတ်ကျူးကျော်မှု့ကာကွယ်ရေး စစ်အခြေခံမှုကြီးအတွက် စစ်အသုံးစားရိပ်ကို GDP ရဲ့ ၄၃ ရာခိုင်နှုန်းအထိ့ တင်ပါတယ်။ဦးနုက ကြားနေရေးဝါဒနဲ့ ပဉ္စသီလ လှုပ်ရှားမှု့ကြောင့် မလိုက်လျောလိုပါဘူး။ဒါပေမယ့်နောက်ဆုံးတော့ စစ်တပ်ကတင်တဲ့ ကာကွယ်ရေးစားရိပ် GDP ရဲ့ ၄၃ ရာခိုင်နှုန်းကို ခွင့်ပြု့ပေးလိုက်ရတယ် မေရီကလာဟန်က ရေးပါတယ်။ ဗိုလ်နေဝင်းတို့က စစ်အသုံးစားရိပ်တင်သလောက်ချမပေးရင် ဖဆပလ အစိုးရကိုမကာကွယ်နိုင်ဘူး၊စစ်မတိုက်တော့ဘူးသဟောက်သဟန်း လုပ်တော့ ဦးနုလည်း ကြောက်ပုံရပါတယ်။ ဦးကျော်ငြိမ်းက ဂျပန်စစ်လျော်ကြေးနဲ့ချေးငွေကို ဒီအတိုင်း‌ငွေသက်သက် ယူလိုက်ရင် တိုင်းပြည်အတွက်၊စက်မှု့လက်မှု့နဲ့စီးပွားရေးထူထောင်မှု့မှာ မသုံးလိုက်ရပဲ ဗိုလ်နေဝင်းတို့ စစ်အုပ်စု ယူဖြုန်းပစ်မှာကို စိုးရိမ်လို့ ဂျပန်နဲ့ပူးတွဲ ဖက်စပ်လုပ်ငန်းတွေထူထောင်ဖို့ လုပ်ခဲ့တယ်ယူဆပါတယ်။ ဂျပန်စစ်လျော်ကြေးကိစ္စဟာ ဗိုလ်နေဝင်းတို့စစ်အုပ်စု အကြပ် ကိုင်နေလို့ မပြေမလည်နဲ့ဖြစ်နေပြီး နောက်ဆုံး စစ်တပ်က ၆၂ အာဏာသိမ်းပြီးနောက် ဗိုလ်အောင်ကြီး ဂျပန် ကိုသွားညှိပြီး အပြီးသတ်စာချုပ်ချုပ်ခဲ့ပါတယ်။ဗိုလ်အောင်ကြီးက ထိုစဉ်က ဂျပန်ဝန်ကြီးချုပ် အီကေးဒါး ကိုတွေ့ဆုံပြီး ပိုက်ဆံတွေ ကျွန်တော်တို့ကိုပဲ ပေးပါ ဆွေးနွေးခဲ့ပါတယ်။ ဦးကျော်ငြိမ်းထစ်ထားတဲ့ ဂျပန်စစ်လျော်ကြေး စစ်အုပ်စု ရသွားပါတယ်။အထက်က အချက်အချို့အရ ရဲဘော်ဗိုလ်ကြင်မောင်ပြောတဲ့ ဗမာစစ်အုပ်စုကို ဘဏ္ဍာရေးထောက်ပံ့တာ ဂျပန်ဆိုတာ သက်သေခံချက်အချို့သာဖြစ်ပါတယ်။ဂျပန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့အရပ်သားအစိုးရ ကို ထောက်ပံ့တာ ဒေါ်လာ သန်း ၈၀၀ လောက်ပါ။ဂျပန်ကစစ်အစိုရတွေဟာ စစ်အစိုးရလောက်အရပ်သားအစိုးရတွေအပေါ် စေတနာရှိ့ပုံမပေါ်ပါဘူး။ စစ်တပ်က နောက်တစ်ခါအာဏာသိမ်းပြန်တဲ့ ၂၀၂၁ နောက်ပိုင်းမှာတောင် ဂျပန်ကြီး ဆာဆာကာဝါ ရခိုင်နှစ်ခေါက်လောက်သွားခဲ့ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားတော့ နစ်ကီအေးရှားနဲ့အင်တာဗျူးမှာ"ကျွန်မတို့ကို မိတ်ဆွေတွေကြားထဲမှာ တစ်ဖက် ဖက်ကို အပြတ်ရွေးပါ ဆိုတာမျိုး ရွေးချယ်ခိုင်းတာ မသင့်တော်ပါဘူး။မြန်မာပြည်မှာ မိတ်ဆွေတွေအားလုံး…
Read More