ဓားနှင့်အထိုးသတ်ခံခဲ့ရသောမြန်မာအမျိုးသား

လေးရှားနိုင်ငံTangkakမြို့တွင် ဓားနှင့်အထိုးသတ်ခံခဲ့ရသောမြန်မာအမျိုးသားတဦးကိစ္စဂျိုဟိုးရဲများက UNHCR ကတ်ကိုင်ဆောင်ထားသူဟုသံသယရှိသူကို လိုက်လံရှာဖွေနေ

လေးရှားနိုင်ငံTangkakမြို့တွင် ဓားနှင့်အထိုးသတ်ခံခဲ့ရသောမြန်မာအမျိုးသားတဦးကိစ္စဂျိုဟိုးရဲများက UNHCR ကတ်ကိုင်ဆောင်ထားသူဟုသံသယရှိသူကို လိုက်လံရှာဖွေနေ

ဇွန်လ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမျိုးသားတစ်ဦးသည် ဇနီးဖြစ်သူအားဟင်းရွက်ဓားဖြင့် လည်ချောင်းကိုလှီးဖြတ်သတ်ပြီးနောက် သီတင်းနှစ်ပတ်မပြည့်သေးသောအချိန်တွင်အခြားလူသတ်မှုတစ်ခုကြောင့်Tangkak,မြို့ ဂျိုဟိုးခရိုင်တွင် လှုပ်ခတ်သွားခဲ့ပြီး ယခုတစ်ကြိမ်တွင် နိုင်ငံခြားသားနှစ်ဦးပါဝင်ခဲ့ဟု Malay Mail သတင်းကဇွန်လ ၁၂ ရက်တွင်ဖော်ပြသည်။Jalan Kemajuan အငှားအိမ်တွင် ဇွန်လ ၁၁ရက်နေ့ည ၇ နာရီခန့်က မြန်မာအမျိုးသားတစ်ဦးဓားဖြင့်ထိုးခံရပြီး သေဆုံးခဲ့ကြောင်း Harian Metro တွင် ဖော်ပြချက်အရ သိရသည်။ အခင်းဖြစ်ပွားပြီးနောက်နေရာမှ ထွက်ပြေးသွားသည့် အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသား သံသယရှိသူနှင့်အသတ်ခံရသူတို့အကြား စကားများ ရန်ဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ (more…)
Read More