နိုင်ငံခြားရေးပေါ်လစီ

NUG နိုင်ငံခြားရေးပေါ်လစီ အာဖရိက ဂျီဘူတီ လို့ ရေလာမြောင်းပေးဖြစ်လာပါကတော်လှန်ရေးတစ်ရပ်လုံးနဲ့မသက်ဆိုင်

NUG နိုင်ငံခြားရေးပေါ်လစီ အာဖရိက ဂျီဘူတီ လို့ ရေလာမြောင်းပေးဖြစ်လာပါကတော်လှန်ရေးတစ်ရပ်လုံးနဲ့မသက်ဆိုင်

မြန်မာပြည်ဟာ စစ်အေးခေတ်အစပိုင်းမှာ မနီလာစစ်စာချုပ်ထဲဝင်ဖို့စဉ်းစားခဲ့ပေမယ့်တရုတ်မှာ ချန်ကေရှိတ်အစိုးရပြုတ်ကျသွားပြီး မော်စီတုန်းတို့ကွန်မြူနစ်တွေတက်တော့ ပေါ်လစီကို ‌ဂငယ်ကွေ့ ကွေ့လိုက်ရပါတယ်။ကြားနေရေးပေါ်လစီကိုချမှတ်ကျင့်သုံးရပါတော့တယ်။ မြန်မာပြည်မှာ ဘယ်နိုင်ငံရဲ့နိုင်ငံခြားစစ်အခြေစိုက်စခန်းချထားတာတွေကို လက်မခံဘူးလို့ အခြေခံဥပဒေမှာပါအာမခံချက်ပေးလာကြရပါတယ်။ အာရှမှာ အမေရိကန်ရဲ့ တရုတ်ဝိုင်းပတ်ပိတ်ဆို့ရေးအရ အရှေ့အာရှနဲ့အရှေ့တောင်အာရှမှာ နိုင်ငံအချို့က အမေရိကန်လုံခြုံရေးအစီအစဉ် အနုမြူထီးရိပ်အောက်မှာ (American Nuclear Umbrella) ခိုလှုံကြပါတယ်။အချို့ကတော့အရင်ကထဲက အမေရိကန်ကိုလိုနီနဲ့ဩဇာ ညောင်းပြီးသားတွေဖြစ်လို့ အမေရိကန်စစ်အခြေစိုက်စခန်းတွေချထားပါတယ်။ ဒေသတွင်းမှာ စစ်အေးခေတ်အတွင်းကထဲက တရုတ်ရဲ့နောက်ဖေးထွက်ပေါက်အနေနဲ့တစ်ပေါက်ဟာ မြန်မာနိုင်ငံဖြစ်ခဲ့ပါတယ်။မြန်မာနိုင်ငံကလည်း ကြားနေရေးဝါဒကို တင်းတင်းကျပ်ကျပ်ကျင့်သုံးနိုင်ခဲ့လို့စစ်အေးခေတ် တစ်ဆင့်ခံစစ်ပွဲ(Proxy War) ထဲက နေ ရှောင်နိုင်ခဲ့ပါတယ်။ တီတီမီမီပြောတဲ့ တစ်ပေါက်တော့ဖွင့်ပေးထားရမယ်ဆိုတဲ့ ဆွန်ဇု့ ဗျူဟာအရ မြန်မာဟာ တရုတ်ဝိုင်းပတ်ပိတ်ဆို့ရေးရဲ့ဖွင့်ပေးထားတဲ့တစ်ပေါက်ဖြစ်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာ ထိုင်း၊မြန်မာနယ်စပ် O 7 တောင်ကုန်းနဲ့လွယ်လန်းတောင်ကြားကိစ္စများအပေါ်မှုတည်ပြီး နယ်စပ်စစ်ပွဲဖြစ်ခဲ့ပါတယ်။အဆိုပါကိစ္စနဲ့ပက်သက်ပြီး ဗမာ တတိယစစ်အုပ်စု အပေးအယူနဲ့ထွက်သွားပြီး သူတို့အလှည့်မရောက်မှာစိုးရိမ်နေတဲ့ စတုတ္ထစစ်အုပ်စု လက်ရာပါနိုင်တယ်လို့ ရဲဘော်ဗိုလ်ကြင်မောင်က တွက်ချက်ပြခဲ့ပါတယ်။ အမေရိကန်ကလည်း ဗီယက်နမ်စစ်ပွဲပြီးကထဲကဘေးထွက်နေရတဲ့ အင်ဒိုချိုင်းနားမှာ တစ်ပွဲတစ်လန်းအကဲစမ်းချင်နေပါတယ်။ထိုင်း၊မြန်မာစစ်ပွဲကနေတစ်ဆင့် အကဲစမ်းချင်နေပါတယ်။တရုတ်က လက်ဦးမှုယူပြီး နှစ်ဖက်စလုံးကို နားချနိုင်ခဲ့လို့ခေတ္တပြေလည်သွားတဲ့အကြောင်း ပြောခဲ့ပါတယ်။ ---------------------------------- ဇူလိုင်လ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဗိုလ်မောင်မောင်ရဲ့ အိမ်စောင့်အစိုးရ စာအုပ်မှာ "CIA ကိုခေါ်သွင်းလာသူမှာ မောင်မောင်မဟုတ်"ဆိုပြီး ရှင်းတမ်းတစ်ခန်းပါပါတယ်။ ဗိုလ်နေဝင်းနဲ့အမေရိကန်သံတို့သဘောတူညှိနှိုင်းဆုံးဖြတ်တာကို သူက အကောင်အထည်ဖော်ရတာပါလို့ဆိုပါတယ်။၇ မိုင်ကုန်းက ဝါးတောထဲက ဘန်ဂလိုအိမ်တစ်လုံးမှာ အမေရိကန် CIA က သင်တန်းဆရာတွေ အလှည့်ကျလာသင်တာကို သူကစီမံရတယ်ရှင်းပါတယ်။ကျောင်းအုပ်ကတော့ အခု ဦးတေဇ အဖေ ရှမ်းမြင့်ဆွေတို့ပါပါတယ်။ ဦးတေဇက သူ့အဖေအကြောင်းကို ဦးငွေကိုင်ဆွဲပေးထားတယ်ဆိုတဲ့ပန်းချီကားအဖုံးနဲ့စာအုပ်ထုတ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းရဲ့လုံခြုံရေးလုပ်ဖူးတယ်ဆိုသလို ဗိုလ်နေဝင်းငပလီကမ်းခြေမှာရိုက်ထားတဲ့အုပ်စုပုံမှာလည်းပါပါတယ်။ဗိုလ်နေဝင်းလူယုံလူရင်းတစ်ယောက်ဖြစ်ခဲ့ပုံပေါ်ပါတယ်။ပွဲတစ်ခုပုံမှာ ဗိုလ်နေဝင်းရဲ့ထောက်လှမ်းရေးချုပ်…
Read More