နိုင်ငံခြားအလုပ်သမားများကို နိုင်ငံတွင်းမှ နှင်ထုတ်ရန် မည်သည့်မူဝါဒမှမရှိဟု ထိုင်းဝန်ကြီးချုပ်ပြော
ဇွန်လ ၁၆၊ ၂၀၂၅။သောင်ရင်းသတင်းလွှာ ထိုင်းအစိုးရသည် နိုင်ငံခြားအလုပ်သမားများကို နိုင်ငံတွင်းမှ နှင်ထုတ်ရန် မည်သည့်မူဝါဒမှ မရှိကြောင်း ဝန်ကြီးချုပ် Paetongtarn Shinawatra က ပြောကြားခဲ့သည်ဟု Thai Enquirer သတင်းက ဇွန်လ ၁၅ရက်နေ့တွင်ပြောကြားသည်။ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်ကကမ္ဘောဒီးယား အလုပ်သမား အများအပြား ထိုင်းနိုင်ငံမှ ပြန်လာပါက ကမ္ဘောဒီးယား အဆင်သင့် ဖြစ်နေပြီဟု ပြောကြားချက် အပြီးတွင်သူက မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။ အလုပ်သမားဝန်ကြီး Phiphat Ratchakitprakarn က ကမ္ဘောဒီးယား အလုပ်သမား ၅၀၀,၀၀၀ ခန့်သည် ထိုင်းနိုင်ငံတွင် ပုံမှန်အတိုင်း အလုပ်လုပ်ကိုင်နေကြဆဲဖြစ်သည်ဟုဆိုသည်။ Paetongtarn က မည်သည့်နိုင်ငံမှမဆို၎င်း၏ အလုပ်သမားများကို ပြန်လည်ခေါ်ယူပြီး အလုပ်များ ကမ်းလှမ်းပါက အလုပ်သမားများ၏ ဆုံးဖြတ်ပိုင်ခွင့်နှင့် ထိုနိုင်ငံ၏ အစိုးရ၏ တာဝန်သာဖြစ်ကြောင်း ဆက်လက်ပြောသည်။ နိုင်ငံတကာ လုပ်ဆောင်ချက်များသည် အမျိုးသား အကျိုးစီးပွားကို ဦးစားပေးပြီး အခြေအနေကို ပိုမိုဆိုးရွားစေခြင်းမှ ရှောင်ကြဉ်ရန်လည်းသူက တိုက်တွန်းခဲ့သည်။ (more…)