ကင်ညာနိုင်ငံသား ဒါဇင်ပေါင်းများစွာကို မြန်မာနိုင်ငံတွင် ပိတ်မိနေသော လိမ်လည်မှုစင်တာများမှ ကယ်တင်နိုင်ခဲ့
မတ်လ ၄၊၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံတွင် နာမည်ဆိုးဖြင့်ကျော်ကြားသောအွန်လိုင်းငွေလိမ်ဂိုဏ်းများမှ ကယ်တင်ခဲ့သည့် ကင်ညာနိုင်ငံသား ၆၀ ကျော်သည် ထိုင်းနိုင်ငံနှင့် နယ်စပ်တွင် ဆိုးရွားသော အခြေအနေတွင် ပိတ်မိနေကြောင်း အရှေ့အာဖရိကနိုင်ငံမှ သိရသည်ဟု Peninsula သတင်းဌာနကမတ်လ ၃ ရက်ကဖော်ပြသည်။ မြန်မာနိုင်ငံ၏ ဥပဒေမဲ့နယ်စပ်များတွင် နှစ်အတော်ကြာ ကြီးထွားလာခဲ့သည့်အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်းများသည် လစာမြင့်မားသည့် အလုပ်များပေးမည်ဟု ကတိဖြင့် နိုင်ငံခြားအလုပ်သမားများကို ဆွဲဆောင်လျက်ရှိသည်။ (more…)