နွေရာသီ

ထိုင်းနိုင်ငံ အထက်ပိုင်းအတွက် နွေရာသီ မုန်တိုင်းသတိပေးချက်

ထိုင်းနိုင်ငံ အထက်ပိုင်းအတွက် နွေရာသီ မုန်တိုင်းသတိပေးချက်

မတ်လ ၂၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မတ် ၂၉ ရက်မှ ဧပြီလ ၁ ရက်နေ့အထိ ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်၊ အလယ်ပိုင်း၊ဘန်ကောက်မြို့အပါအဝင် အရှေ့ပိုင်းဒေသများတွင် နွေလေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ကြုံတွေ့ရနိုင်သည်ဟု ထိုင်းမိုးလေဝသဌာနက မတ်လ ၂၆ ရက်နေ့နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။ ယင်းအခြေအနေများသည် တရုတ်နိုင်ငံမှ လာအိုအထက်ပိုင်း၊ ဗီယက်နမ်အထက်ပိုင်းနှင့် တောင်တရုတ်ပင်လယ်တို့တွင် အားကောင်းနေသည့် လေဖိအားနည်းရပ်ဝန်းကြောင့်ဖြစ်ပြီး တောင်တရုတ်ပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့တို့မှ အစိုဓာတ်ကို နိုင်ငံအပေါ်ပိုင်းသို့ သယ်ဆောင်သွားကြောင်း အဆိုပါဌာနက ဆိုသည်။ (more…)
Read More