ဝ’ စစ်တပ်က သက်ဆင်၏ မူးယစ်ဆေးဝါးစွပ်စွဲမှုကို ပယ်ချ
မေလ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့မှောင်ခိုတင်သွင်းလာသည့်မူးယစ်ဆေးဝါးများ၏ အဓိကရင်းမြစ်ဖြစ်သည်ဟုစွပ်စွဲချက်များကို အခြေအမြစ်မရှိ ငြင်းဆိုလိုက်သည်ဟုဘန်ကောက်ပို့စ်သတင်းကမေလ ၂၉ရက်နေ့၌ဖော်ပြသည်။ သက်ဆင်၏ ပြောဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် UWSA ပြောရေးဆိုခွင့်ရှိသူ ညီရန်း က “ဒါဟာ စွပ်စွဲချက်တစ်ခုပါပဲ"ဟုပြောသည်။ “သူတို့စွတ်စွဲချက်အတွက် သက်သေအထောက်အထားတွေ တင်ပြဖို့ လိုတယ်။ ကျနော်တို့က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်နေတယ်။ နယ်စပ်ဒေသမှာ လက်နက်ကိုင်အဖွဲ့ အများအပြား ရှိတယ်ဆိုတာ လူတိုင်းသိတယ်။ မူးယစ်ဆေးဝါး ဆက်တိုက် တိုက်နေတာ” ဟု လွတ်လပ်သော မြန်မာ သတင်းပေါ်တယ် ဖြစ် သည့် ဧရာဝတီသို့ သူကပြောသည်။ ‘ဝ’ နယ်မြေမှ မူးယစ်ဆေးဝါးများ ထွက်လာသည်ဟု ထိုင်းနိုင်ငံ၏ အခိုင်အမာပြောဆိုမှုသည် ‘ဝ’ တပ်ဖွဲ့သည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု မဆိုလိုကြောင်း ညီရန်းက ဆက်ပြောသည်။ “ကျွန်တော်တို့က နယ်စပ်ဒေသမှာနေနေတော့ပြည်တွင်းကနေ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေက နယ်စပ်ကို မလွဲမသွေ ဖြတ်သန်းသွားမှာပါ” ဟု ၎င်းက ဆိုသည်။ Narcotopia စာအုပ်ကို ရေးသားသူ ဘန်ကောက်အခြေစိုက် သတင်းထောက် Patrick Winn က UWSA သည် ၎င်း၏နယ်မြေအတွင်း မရှိမဖြစ်လိုအပ်သော အစိုးရဝန်ဆောင်မှုများကို အပြည့်အ၀လုပ်ဆောင်နေသော်လည်း “မူးယစ်ဆေးပြည်နယ်” ကို ထိထိရောက်ရောက် ဦးစီးဆောင်ရွက်နေသည်ဟု ဆိုသည်။ "ဒါကို မူးယစ်ဂိုဏ်းတစ်ခုနဲ့ ရစ်ပတ်နေတဲ့ ပြည်နယ်တစ်ခုလို့ပဲ တွေးကြည့်ပါ" ဟု Mr Winn က…