ပိတ်ဆို့အရေးယူ

BGF ခေါင်းဆောင် စောချစ်သူရဲ့ လုပ်ငန်းတချို့နဲ့ စီးပွားဖက် ရှီကျီကျန်း တို့ကို အမေရိကန်ပိတ်ဆို့အရေးယူ

BGF ခေါင်းဆောင် စောချစ်သူရဲ့ လုပ်ငန်းတချို့နဲ့ စီးပွားဖက် ရှီကျီကျန်း တို့ကို အမေရိကန်ပိတ်ဆို့အရေးယူ

စက်တင်ဘာ ၉၊ ၂၀၂၅  ။ သောင်ရင်းသတင်းလွှာ ထိုင်း - မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ရွှေကုက္ကိုဒေသမှာ လည်ပတ်နေတဲ့ အွန်လိုင်းငွေကြေးလိမ်လည်တဲ့လုပ်ငန်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ် ပစ်မှတ် ၉ ခု ကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ အမေရိကန်ဘက်က ကြေညာတယ်လို့ ဘီဘီစီသတင်းက စက်တင်ဘာ ၉ ရက်မှာဖော်ပြပါတယ်။ စက်တင်ဘာ ၈ ရက်ထုတ်တဲ့ အမေရိကန်၊ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အဲဒီကြေညာချက်မှာ အရှေ့တောင်အာရှက ငွေလိမ်လုပ်ငန်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေ အနည်းဆုံး ဒေါ်လာ ၁၀ ဘီလျံဆုံးရှုံးနေရတာကြောင့် အခုလို ပိတ်ဆို့အရေးယူရတာဖြစ်တယ်လို့ ‌ပြောထားပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့မှုစာရင်းထဲမှာ ထိုင်းက အကျဥ်း‌ထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ ကျားဖြန့်ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရတဲ့ ရှီကျီကျန်း၊ BGF ( ကရင်နယ်ခြားစောင့်တပ်) အသွင်ပြောင်း KNA က ဗိုလ်မှူးကြီး စောမင်းမင်းဦးနဲ့ ဗိုလ်မှူးစောတင်ဝင်းတို့လည်း လူပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် အရေးယူခံရတဲ့စာရင်းထဲ ပါလာပါတယ်။ ရှီကျီကျန်းရဲ့ လုပ်ငန်းတွေထဲ အကြီးဆုံးစီမံကိန်းတွေက ရွှေကုက္ကိုလ်မှာလို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက အထောက်အထားတွေနဲ့ ထုတ်ဖော်ထားပါတယ်။ (more…)
Read More
ဆိုက်ဘာလိမ်လည်မှုများနှင့် ဆက်နွှယ်နေသည့် မြန်မာစစ်ခေါင်းဆောင်နှင့် ပြည်သူ့စစ်များကို အမေရိကန်ဘဏ္ဍာရေးဌာနက ပိတ်ဆို့အရေးယူ

ဆိုက်ဘာလိမ်လည်မှုများနှင့် ဆက်နွှယ်နေသည့် မြန်မာစစ်ခေါင်းဆောင်နှင့် ပြည်သူ့စစ်များကို အမေရိကန်ဘဏ္ဍာရေးဌာနက ပိတ်ဆို့အရေးယူ

မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမေရိကန်ပြည်ထောင်စုကလူမှောင်ခိုကူးမှုနှင့် နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးသန်းရောင်းဝယ်မှုများနှင့်ဆိုက်ဘာလိမ်လည်မှုများကို နှိမ်နှင်းရန်အတွက်မြန်မာနိုင်ငံမှ စစ်ဘုရင်တစ်ဦး၊ ၎င်း၏သားနှစ်ဦးနှင့် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးတို့ကို ပစ်မှတ်ထားကာ ပိတ်ဆို့အရေးယူမှုအသစ်များကိုမေလ ၅ ရက်တွင် ချမှတ်လိုက်ကြောင်း ဘဏ္ဍာရေးဌာနက ပြောသည်ဟာ CNA သတင်းကမေလ ၆ရက်တွင်ဖော်ပြသည်။ (more…)
Read More