ရာထူးတရားဝင်စတင်ရယူရန် လူ၂၀၀,၀၀၀ စုဝေးနေတဲ့ပွဲမှာ ဂါဇာ၊ မြန်မာနှင့် ယူကရိန်းတို့အတွက် ပုပ်ရဟန်းမင်းကြီးက မေတ္တာရပ်ခံ
မေလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပုပ်ရဟန်းမင်းသစ် လီယို-၁၄ အားတရားဝင်တင်မြှောက်ပွဲ၌ ဂါဇာနှင့် မြန်မာနိုင်ငံအတွက် ဆုတောင်းပေးခဲ့ပြီး ယူကရိန်းတွင်တရားမျှတပြီး အဓွန့်ရှည်သော ငြိမ်းချမ်းရေး ရရှိစေရန်ဆုတောင်းပေးခဲ့ကြောင်း Asia News ကမေလ၁၈ရက်တွင်ဖော်ပြသည်။ “မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် အပြစ်မဲ့လူငယ်တွေရဲ့ အသက်တွေ ဆုံးရှုံးနေရပါတယ်” ဟုပုပ်ရဟန်းမင်းကြီး၏ မဆ္စား တရားတွင် ထည့်သွင်းဟောကြားခဲ့သည်။ မေ ၁၈ ရက်က စိန့်ပီတာရင်ပြင်၌ယင်းအခမ်းအနားကိုကျင်းပခဲ့ခြင်းဖြစ်သည်။ (more…)