ပေထုန်တန်အခက်

ပေထုန်တန်အခက်နဲ့ မြန်မာတွေ အကျပ်အတည်း

ပေထုန်တန်အခက်နဲ့ မြန်မာတွေ အကျပ်အတည်း

ဇွန်လ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းဝန်ကြီးချုပ်ပေထုန်တန်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ရဲ့ တယ်လီဖုန်းပြောဆိုမှု အသံဖိုင်ပေါက်ကြားခဲ့တဲ့နောက်မှာ ထိုင်းဝန်ကြီးချုပ်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ ဖိအားပေးမှုတွေ တိုးလာပါတယ်လို့ BBC သတင်းကဖော်ပြပါတယ်။ ဒီဖြစ်စဥ်နောက်မှာ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်းမှာလည်း ပြည်ထဲရေးဝန်ကြီးအပါအဝင် ဝန်ကြီးတချို့ နုတ်ထွက်စာတင်ထားကြပါတယ်။ ဒါကြောင့် ထိုင်းအစိုးရအတွင်း အကွဲအပြဲကလည်း ကြီးထွားနေပါတယ်။ နုတ်ထွက်တဲ့ဝန်ကြီးတွေက ညွန့်ပေါင်းအစိုးရအဖွဲ့ထဲမှာ ဝန်ကြီးနေရာ ၇ နေရာထက်မနည်းယူထားခဲ့တဲ့ ဖွန်ကျန်ထိုင်းပါတီက ဖြစ်ပါတယ်။ ဒီပြဿနာတွေမတိုင်ခင်မှာလည်း ဝန်ကြီးချုပ်တာဝန်ယူထားတဲ့ ပေထုန်တန်အပေါ် ဖခင်ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ စိုးမိုးခြယ်လှယ်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိခဲ့ပါတယ်။ ဒါတင်မက ဖွန်ကျန်ထိုင်းပါတီက တာဝန်ယူထားတဲ့ ပြည်ထဲရေးဝန်ကြီးနေရာကို ဝန်ကြီးချုပ်ရဲ့ ဖုအာထိုင်းပါတီဘက်က လိုလားသူနဲ့ လဲလှယ်မယ်ဆိုတဲ့ သက်ဆင်ရဲ့ ပြောဆိုချက်တွေကြောင့် အစိုးရအဖွဲ့အတွင်း အကွဲအပြဲတွေ စတင်ခဲ့တာဖြစ်ပါတယ်။ အစိုးရအဖွဲ့တွင်းပြဿနာတွေအပြင် တစ်ဖက်မှာလည်း ထိုင်း-ကမ္ဘောဒီးယားက နယ်စပ်က ဟိန္ဒူဘုရားကျောင်းနေရာ နယ်မြေအငြင်းပွားမှုပြဿနာကလည်း ကြီးထွားလာနေခဲ့ပါတယ်။ ဇွန်လ ဒုတိယအပတ်အတွင်း ထိုင်းဝန်ကြီးချုပ် ပေထုန်တန် နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ရဲ့ နှစ်နိုင်ငံ နယ်စပ်ပြဿနာအပေါ် တယ်လီဖုန်းနဲ့ ပြောဆိုညှိနှိုင်းမှု ၉ မိနစ်ကြာအသံဖိုင် ပေါက်ကြားထွက်လာခဲ့တဲ့နောက်မှာ ထိုင်းဝန်ကြီးချုပ်အပေါ် ဖိအားတွေပိုတိုးလာတာဖြစ်ပါတယ်။ အဲဒီအသံဖိုင်ထဲမှာ ပေထုန်တန်က ထိုင်းရဲ့ နယ်စပ်လုံခြုံရေးကို တာဝန်ယူထားတဲ့ ထိုင်းစစ်တပ် ဗိုလ်ချုပ်ကြီးဟာ ဒီပြဿနာကိုအသုံးချပြီး သူ့ကို လူကြိုက်များအောင်လုပ်နေတာဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါအပြင် သူတို့အစိုးရနဲ့ စစ်တပ်သဘောထားမတူဘူးဆိုတဲ့သဘော ဟွန်ဆင်ကိုပြောခဲ့တာကြောင့် ထိုင်းစစ်တပ် တစ်ခုလုံးကို စော်ကားတဲ့ အဓိပ္ပါယ်ဖြစ်တယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်ခဲ့တာပါ။ ဒါကြောင့် စစ်တပ်ကျောထောက်နောက်ခံပြုပါတီတွေနဲ့…
Read More