မြန်မာနိုင်ငံကို ပို့ကုန်လမ်းကြောင်းပြောင်းဖို့အကြံပြုချက်တွေပေးထား
စက်တင်ဘာ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တာ့ခ်ခရိုင် မဲဆောက်စစ်ဆေးရေးဂိတ်မှာ တင်းကျပ်တဲ့ သွင်းကုန်ထိန်းချုပ်မှုတွေကြောင့် ထိုင်းဆန်တင်ပို့သူတွေက ရနောင်းနဲ့ မယ်ဆိုင်စစ်ဆေးရေးဂိတ်တွေဆီ လမ်းကြောင်းပြောင်းတင်ပို့ဖို့ အကြံပြုထားတယ်လို့ ဘန်ကောက်ပို့စ်ကစက်တင်ဘာ ၂ရက်မှာဖော်ပြပါတယ်။ မြဝတီ-မဲဆောက်နယ်စပ်နဲ့ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ၂ တို့ကို သြဂုတ် ၁၈ ရက်က ပိတ်လိုက်တာကြောင့် မြန်မာနိုင်ငံကိုထိုင်းဆန်တင်ပို့မှု ထိခိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံ သွင်းကုန်လိုင်စင်နဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်မှု ဖြေလျှော့နိုင်ရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ကကိုယ်စားလှယ်တွေတွေ့ဆုံဆွေးနွေးခဲ့တယ်လို့နိုင်ငံခြားကုန်သွယ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စအာရာဒါ ဖူတုံက ပြောပါတယ်။ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား (၂) ကို အသုံးပြုရန် စီစဉ်နေတဲ့ ထိုင်းဆန်တင်ပို့သူတွေကို မြန်မာနိုင်ငံ အာဏာပိုင်တွေက ၎င်းတို့ရဲ့ကုန်ပစ္စည်းတွေကို ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းကနေ မြန်မာနိုင်ငံကော့သောင်းထိုင်းဆိပ်ကမ်းကိုသို့မဟုတ် မယ်ဆိုင်-တာချီလိတ် နယ်စပ်ဂိတ်ကနေတဆင့် တင်ပို့ကြဖိူ့အကြံပြုထားတယ်လို့သူကက ဆိုပါတယ်။ ပို့ကုန်ဝင်ငွေနည်းဥပဒေတွေကို ပြန်လည်အကဲဖြတ်ဖို့ ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို မြန်မာကိုယ်စားလှယ်က လက်ခံခဲ့ပြီး ဒီကိစ္စကို မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ (more…)