ဖမ်းဆီးခံရ

မလေးရှားနိုင်ငံထဲကိုတရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံထဲကိုတရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ

ဩဂုတ်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မလေးရှားနိုင်ငံထဲက်ု တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို မလေးရှား စစ်တပ်က ဖမ်းဆီးထားတယ်လို့ The Sun သတင်းကသြဂုတ် ၁၈ရက်မှာဖော်ပြပါတယ်။ အမျိုးသားလေးဦးနဲ့အမျိုးသမီးခြောက်ဦးပါဝင်တဲ့အဆိုပါအဖွဲ့ဟာ အသက် ၁၉ နှစ်ကနေ ၃၅ နှစ်ကြားရှိသူတွေဖြစ်ကြပါတယ်။ ဖမ်းဆီးစဉ်အတွင်း ၎င်းတို့အထဲက အချို့မှာ မြန်မာနိုင်ငံသား မှတ်ပုံတင်စာရွက်စာတမ်းတွေနဲ့ နိုင်ငံကူးလက်မှတ်တွေကိုင်ဆောင်ထားတာကို တွေ့ရှိခဲ့ပါတယ်။ (more…)
Read More
ထိုင်းနိုင်ငံ ကန်ချနပူရီတွင် မလေးရှား ၌ အလုပ်အကိုင် ရှာဖွေနေသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနပူရီတွင် မလေးရှား ၌ အလုပ်အကိုင် ရှာဖွေနေသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရ

ဇွန်လ ၁၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ စီးပွားရေးကျပ်တည်းမှုနှင့် မတည်ငြိမ်မှုများကြောင့် ထိုင်းနိုင်ငံတွင်မလေးရှား နိုင်ငံ၌အလုပ်လုပ်ကိုင်ရန်အတွက် ပွဲစားများကိုငွေပေးခဲ့ရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု Khao 24 သတင်းစာမျက်နှာကဇွန်လ ၁၂ရက်တွင်ဖော်ပြသည်။ ထိုင်းနိုင်ငံကန်ချနပူရီခရိုင်တွင် မလေးရှား ၌ အလုပ်အကိုင်ရှာဖွေနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရပြီး သောင်တင်နေခြင်းဖြစ်သည်။ ရွှေ့ပြောင်းနေထိုင်သူများသည် ကန်ချနပူရီတွင် ဆိုးဝါး​သောအဖြစ်မှန်များကို ရင်ဆိုင်နေကြရသည်။Bangkok Post မှ ဖော်ပြသည့် ဇာတ်လမ်းသည် ဝမ်းနည်းဖွယ်ရာဖြစ်သည်ဟုလည်းသတင်းကဆက်လက်ဖော်ပြသည်။ ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်တွင် အရှိန်ပြင်းပြင်းဖြင့်ရှာဖွေ စီးနင်းခဲ့ပြီးနောက် ပစ်ကပ်ထရပ်ကားနောက်ဘက်တွင်ပုန်းအောင်းနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား လေးဆယ့်လေးဦး သည်စွန့်ပစ်ခြင်းခံခဲ့ရသည်။ ယင်းတို့သည် မလေးရှားတွင် အလုပ်ရရီမည်ဟုကတိပေးထားသည့် ပွဲစားများကို တစ်ဦးလျှင် ဘတ်ငွေ ၇၅,၀၀၀ ပေးချေခဲ့သည်။ ယင်းအစား တရားမဝင် ခိုးဝင်မှု စွဲချက်များနှင့် တရားမ၀င် ရွှေ့ပြောင်းနေထိုင်မှုများဖြင့်သာဖမ်းဆီးခြင်းသာခံခဲ့ကြရခြင်းဖြစ်သည်။ သို့သော်လည်းဖြစ်ရပ်မိား၏နောက်ကွယ်တွင်အခပိုပြီးလေးနက်ရှုပ်ထွေးသောအဖြစ်မှန်များ ရှိနေပါသည်။ ၎င်းတို့သည် “တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ” မဟုတ်ကြပါ။ ၎င်းတို့သည် တစ်ဦးချင်းဖြစ်စေ၊ မိသားစုများပင်ဖြစ်စေ ၊ ပိုမိုကောင်းမွန်သောအနာဂတ်အတွက် အမှန်တကယ်စိတ်အားထက်သန်သောလောင်းကြေးဖြင့် တွက်ချက်ထားသော စွန့်စားမှုတစ်ခုပြုလုပ်ကြသည်။ ထိုသို့သော အစီအမံများဆီသို့ ၎င်းတို့အား အဘယ်အရာက တွန်းအားပေးသနည်း။ အဖြေသည် စီးပွားရေး၊ နိုင်ငံရေးနှင့် လူသားလုံခြုံရေးတို့ကို ထိထိမိမိ ဘက်ပေါင်းစုံမှ ပေါင်းစပ်ထားသော အဖြေဖြစ်သည်။ စီးပွားရေး ဆုတ်ယုတ်မှု- နိုင်ငံရေး - ကသောင်းကနင်းနှင့် ဆက်လက် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကျိုးပျက်လွယ်သော မြန်မာ့စီးပွားရေးသည် ပိုမို မတည်မငြိမ် ဖြစ်နေသည်။ သို့သော်လည်း မလေးရှားတွင် လစာအတော်လေးမြင့်မားသည်ဆိုသော ကတိကဝတ်သည် ထင်ယောင်ထင်မှားဖြစ်လောက်အောင်…
Read More
ဇနီး၏အလုပ်ရှင်ကို သတ်ပြီးနောက် မြန်မာအမျိုးသားတစ်ဦး ဘန်ကောက်တွင် ဖမ်းဆီးခံရ

ဇနီး၏အလုပ်ရှင်ကို သတ်ပြီးနောက် မြန်မာအမျိုးသားတစ်ဦး ဘန်ကောက်တွင် ဖမ်းဆီးခံရ

မေလ ၁၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ၎င်း၏ ကိုယ်ဝန်ဆောင်ဇနီးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက်မှာ ဇနီးရဲ့အလုပ်ရှင်အား အသေပစ်သတ်ခဲ့သည့် အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကို ဘန်ကောက်တွင် သုံးရက်ကြာ လိုက်လံရှာဖွေပြီးနောက် ဖမ်းဆီးရမိသည်ဟု Khaosod သတင်းကမေလ ၁၃ရက်နေ့ကဖော်ပြသည်။ Watthana ရပ်ကွက် ၆၅ တွင် ည ၈ နာရီ အချိန်တွင် စိုင်းဟန်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ဟု မေလ ၁၂ရက်၌ ရဲအရာရှိများက အတည်ပြုခဲ့သည်။ အခင်းဖြစ်ပွားပြီးကတည်းက အာဏာပိုင်များက ၎င်းအား ခြေရာခံကာ ဖမ်းမိရန် သတင်းပေးနိုင်လျင်ခဲ့ဆုငွေ ဘတ်ငွေ ၂၀၀၀၀ ပေးခဲ့မယ်လို့ ဆုငွေထုတ်ခဲ့သည်ဟုလည်းသတင်းကဆိုသည်။ Bang Khae ကိုယ်ခန္ဓာကြံ့ခိုင်ရေးလေ့ကျင့်ရုံလုပ်ငန်းပိုင်ရှင် အသက် ၇၀ အရွယ် Yuttharot Suwansumet ကို သတ်ဖြတ်ခဲ့သည့် စိုင်းဟန်ကို မေလ ၁၀ ရက် နေ့တွင်ပင် တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သည်။ (more…)
Read More
ဘတ်ငွေ ၁ ဒသမ ၁ သန်း ခိုးယူမှုဖြင့် ထိုင်းနိုင်ငံဖူးခက်တွင် မြန်မာအလုပ်သမား ဖမ်းဆီးခံရ

ဘတ်ငွေ ၁ ဒသမ ၁ သန်း ခိုးယူမှုဖြင့် ထိုင်းနိုင်ငံဖူးခက်တွင် မြန်မာအလုပ်သမား ဖမ်းဆီးခံရ

မေလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဖူးခက်မြို့ရှိ ၎င်း၏အလုပ်ရှင်အိမ်မှ ဘတ်ငွေ ၁ ဒသမ ၁ သန်းကျော် ခိုးယူမှုဖြင့် အသက် ၂၃ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးကို ဖမ်းဆီးထားကြောင်း The Thsiger သတင်းကမေလ ၈ရက်တွင်ဖော်ပြသည်။ မေလ ၁ ရက်နေ့မှ မေလ ၇ ရက်နေ့အထိရဲတပ်ဖွဲ့၏ မှုခင်းနှိမ်နင်းရေး လှုပ်ရှားမှုတွင် မြန်မာနိုင်ငံသား ညီဘိုသက်အား ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။ (more…)
Read More