ဖိလစ်ပိုင်လူမျိုး

မြန်မာနိုင်ငံထဲရှိတရုတ်ငွေလိမ်လည်ကွန်ရက်က ဖိလစ်ပိုင်လူမျိုးတွေကို ထောင်ချောက်ဆင်ထား

မြန်မာနိုင်ငံထဲရှိတရုတ်ငွေလိမ်လည်ကွန်ရက်က ဖိလစ်ပိုင်လူမျိုးတွေကို ထောင်ချောက်ဆင်ထား

ဇူဘိုင်လ ၂၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့ရှိ အစောင့်တွေချထားတဲ့ခြံဝင်းကြီးတစ်ခုထဲမှာဖိလစ်ပိုင်နိုင်ငံသား တစ်ဒါဇင်ကျော်ဟာညှဉ်းပန်းနှိပ်စက်ခံရမယ်လို့ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့်လည်း အလုပ်ကိုပြန်လုပ်ဖို့ ငြင်းဆိုနေကြပါတယ်။ သူတို့အလုပ်ကအမေရိကန်၊ စင်ကာပူ၊ ထိုင်းနဲ့ ဖိလစ်ပိုင်တို့အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ လူတွေကို လှည့်စားလိမ်လည်ဖို့ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၆၀ကျော်ကအခြားထောင်ပေါင်းများစွာလိုပဲထိုင်းနိုင်ငံရဲ့ အိုင်တီလုပ်ငန်းမှာ လစာမြင့်မားတဲ့ အလုပ်အကိုင်တွေရမယ်ဆိုတဲ့ကတိများဖြင့် ဖြားယောင်းခံခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် တရားဝင်အလုပ်တွေလုပ်ရမယ့်အစား မြန်မာနိုင်ငံတစ်ဝှမ်းလည်ပတ်နေတဲ့ တရုတ်ရာဇ၀တ်ဂိုဏ်းတွေကလုပ်ကိုင်နေတဲ့ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေမှာ သူတို့ဟာအဓမ္မခိုင်းစေခံရတာကို တွေ့ရှိခဲ့ရပါတယ်။ ဇူလိုင်လ ၂၅ ရက်နေ့က လူကုန်ကူးခံရသူများကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် (CSNHTV) က ဒီမိုကရေစီကရင်ပြည်သူ့အကျိုးပြုတပ်မတော်(DKBA) နဲ့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ ပိတ်မိနေသေးတဲ့ လူကုန်ကူးခံရသူ ၁၇၉ ဦးကို ကယ်ဆယ်ဖို့ ညှိနှိုင်းတာဖြစ်ပါတယ်။ အဲဒီနေ့ညနေပိုင်းမှာမြဝတီမြို့ရှိ KK 3 Park ကနေ ဖိလစ်ပိုင်နိုင်ငံသား (၁၈)ဦးကို နယ်ခြားစောင့်တပ် (BGF) က ကယ်ထုတ်ခဲ့ပါတယ်။ ၎င်းတို့ကိုမြဝတီမှာယာယီ ထိန်းသိမ်းထားပြီး သက်ဆိုင်ရာ သံရုံးတွေကတဆင့် ပြန်လည် လွှတ်ပေးရန် စောင့်ဆိုင်းလျက် ရှိပါတယ်။ ဖိလစ်ပိုင်သံရုံးရဲ့ ရဲသံမှူးဟောင်း ရဲမှူးကြီး Dominador Matalang က အခြေအနေကို စောင့်ကြည့်နေပြီး ကယ်ဆယ်ရေးအတွက် ညှိနှိုင်းကူညီပေးနေပါတယ်။ လျှပ်စစ်၊ အစားအစာနဲ့ရေပေးဝေမှုကို ဖြတ်တောက်ရန် ဖေဖော်ဝါရီမှာ ထိုင်းနိုင်ငံမှတရားမဝင် ရွှေ့ ပြောင်းမှုအပါအဝင် လိမ်လည်တဲ့စင်တာတွေကို နှိမ်နင်းဖို့ကြိုးပမ်းခဲ့ပေမယ့်လည်း လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ အစုအဖွဲ့တွေကမီးစက်တွေ၊မှောင်ခိုလောင်စာဆီတွေနဲ့ ဂြိုလ်တုအင်တာနက်ကို မှီခိုပြီးလျင်မြန်စွာ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ကြပါတယ်။ တချို့သော စစ်ရေးလေ့ကျင့်မှုတွေပုံစံ ပြစ်ဒဏ်ပေးခြင်း သို့မဟုတ် အစာမပေးဘဲ တစ်ယောက်တည်း အကျဉ်းချထားတာကို ခံနိုင်ရည်ရှိစေဖို့…
Read More