ဘန်ကောက်

ဘန်ကောက်ရှိဓာတ်ပုံပြပွဲတွင် မြန်မာငလျင်ဘေးသင့်သူများ၏ အခက်အခဲကို ပြသထား

ဘန်ကောက်ရှိဓာတ်ပုံပြပွဲတွင် မြန်မာငလျင်ဘေးသင့်သူများ၏ အခက်အခဲကို ပြသထား

မေလ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ လှုပ်ခါခဲ့ပြီး ဖုန်မှုန့်များအဖြစ်သို့ပြိုကျနေသည့်ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိသောဘုရားတစ်ဆူရှေ့တွင် ရပ်နေသည်ကို မြင်ယောင်ကြည့်ပါ။ ထိုအချိန်တွင် မိသားစုများ အထိတ်တလန့်ဖြင့် လမ်းပေါ်ထွက်ပြေးလာသောအခါ သင်သိသော ကမ္ဘာသည် ကွယ်ပျောက်သွားသည်။ မတ်လ ၂၈ ရက် နေ့လယ် ၁၂း၅၀ နာရီက မန္တလေးမြို့၌ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူပေါင်း ၅၀၀၀ ကျော် သေဆုံး၊ထောင်နှင့်ချီ ဒဏ်ရာရရှိကာ အိမ်ခြေ ၁၂၀၀၀၀ ကျော် ပြိုကျခဲ့သည်။ "7.7 MMERQK- မြန်မာလူထု၏ သည်းမခံနိုင်သော ငိုကြွေးသံကို ဖမ်းယူခြင်း" ပြပွဲသည် ထိုကြောက်မက်ဖွယ်ရာ အခိုက်အတန့်နှင့် ရဲစွမ်းသတ္တိတို့ကို ပြတ်ပြတ်သားသား အာရုံစိုက်လာစေသည်။ SEA Junction၊ CMB Foundation နှင့် Bangkok Tribune News တို့ ပူးပေါင်း၍ Platform 36 ဖြင့် ပုံဖော်ထားသည့် အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံအခြေစိုက် ဓာတ်ပုံဆရာ လေးဦး၊ ပညာရှင် နှစ်ဦးနှင့် နိုင်ငံသား သတင်းထောက် နှစ်ဦးတို့၏ ရုပ်ပုံများကိုပြသထားပြီး ပြပွဲတွင် ငလျင်လှုပ်ခတ်မှု၊ နိုင်ငံရေး လက်စားချေမှုများနှင့် စစ်အစိုးရ၏ ဆင်ဆာဖြတ်တောက်မှုတို့ကို ကြုံတွေ့ခဲ့ရပြီး မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်တို့တွင်ငလျင်လှုပ်ပြီးနောက် ပထမဆုံး သီတင်းပတ်အတွင်း မှတ်တမ်းတင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏တာဝန်မှာ ပညာပေးရန်နှင့်စည်းရုံးရန်ဖြစ်သည်။ (more…)
Read More
ဇနီး၏အလုပ်ရှင်ကို သတ်ပြီးနောက် မြန်မာအမျိုးသားတစ်ဦး ဘန်ကောက်တွင် ဖမ်းဆီးခံရ

ဇနီး၏အလုပ်ရှင်ကို သတ်ပြီးနောက် မြန်မာအမျိုးသားတစ်ဦး ဘန်ကောက်တွင် ဖမ်းဆီးခံရ

မေလ ၁၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ၎င်း၏ ကိုယ်ဝန်ဆောင်ဇနီးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက်မှာ ဇနီးရဲ့အလုပ်ရှင်အား အသေပစ်သတ်ခဲ့သည့် အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကို ဘန်ကောက်တွင် သုံးရက်ကြာ လိုက်လံရှာဖွေပြီးနောက် ဖမ်းဆီးရမိသည်ဟု Khaosod သတင်းကမေလ ၁၃ရက်နေ့ကဖော်ပြသည်။ Watthana ရပ်ကွက် ၆၅ တွင် ည ၈ နာရီ အချိန်တွင် စိုင်းဟန်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ဟု မေလ ၁၂ရက်၌ ရဲအရာရှိများက အတည်ပြုခဲ့သည်။ အခင်းဖြစ်ပွားပြီးကတည်းက အာဏာပိုင်များက ၎င်းအား ခြေရာခံကာ ဖမ်းမိရန် သတင်းပေးနိုင်လျင်ခဲ့ဆုငွေ ဘတ်ငွေ ၂၀၀၀၀ ပေးခဲ့မယ်လို့ ဆုငွေထုတ်ခဲ့သည်ဟုလည်းသတင်းကဆိုသည်။ Bang Khae ကိုယ်ခန္ဓာကြံ့ခိုင်ရေးလေ့ကျင့်ရုံလုပ်ငန်းပိုင်ရှင် အသက် ၇၀ အရွယ် Yuttharot Suwansumet ကို သတ်ဖြတ်ခဲ့သည့် စိုင်းဟန်ကို မေလ ၁၀ ရက် နေ့တွင်ပင် တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သည်။ (more…)
Read More
ဘန်ကောက်တွင် မင်းအောင်လှိုင်အား ထိုင်းအဖွဲ့အစည်းတစ်ခုက ကန့်ကွက်ဆန္ဒပြခဲ့

ဘန်ကောက်တွင် မင်းအောင်လှိုင်အား ထိုင်းအဖွဲ့အစည်းတစ်ခုက ကန့်ကွက်ဆန္ဒပြခဲ့

ဧပြီလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ "Moke Luang Rim Nam and Fire Lam Thung" အဖွဲ့သည် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်မှုကို ကန့်ကွက်သည့်အနေဖြင့် ဧပြီ ၄ရက်နေ့က ဘန်ကောက်မြို့ အနုပညာနှင့် ယဉ်ကျေးမှုစင်တာရှေ့တွင် ပြုလုပ်ခဲ့သည်။ (more…)
Read More
ဧပြီ၊ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ BIMSTEC ထိပ်သီးအစည်းအဝေး လာတက်ပြီး အရှက်ရဖွယ်ဖြစ်ရပ်တွေနဲ့ တွေ့ကြုံခဲ့ရတဲ့ အာဏာလုမင်းအောင်လှိုင်ဟာ အစည်းဝေးပြီးပြီးချင်း၊ ညပိုင်းမှာ ဘန်ကောက်ကနေ နေပြည်တော်ဆီကို ချက်ချင်းပြန်လာခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၃ရက်နေ့က အာဏာလုမင်းအောင်လှိုင်ဟာ BIMSTEC အစည်းအဝေးတက်ရောက်ဖို့ ဘန်ကောက်ကို ရောက်ရှိလာပြီး တရက်တာ အစည်းအဝေးတက်ခဲ့ကာ မနေ့ညပိုင်းက အစည်းအဝေးအပြီး ချက်ချင်း နေပြည်တော်ပြန်ပြေးလာခဲ့တာလို့သိရပါတယ်။ (more…)
Read More
ငလျင်ဒဏ်သင့် မြန်မာ အာဏာလုစစ်ခေါင်းဆောင် ဘန်ကောက် ထိပ်သီးစည်းဝေးပွဲ တက်ရောက်စဉ် ဆန္ဒပြခံရ

ငလျင်ဒဏ်သင့် မြန်မာ အာဏာလုစစ်ခေါင်းဆောင် ဘန်ကောက် ထိပ်သီးစည်းဝေးပွဲ တက်ရောက်စဉ် ဆန္ဒပြခံရ

ဧပြီလ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ယခင်သီတင်းပတ်ကမြန်မာနိုင်ငံတွင် ငလျင်ကြီးတခုလှုပ်ခတ်သွားပြီးနောက် လူထောင်ပေါင်းများစွာ သေဆုံးကာ အစားအစာနှင့် အမိုးအကာများ တောင်းခံလာခဲ့ကြပြီးနောက်မင်းအောင်လှိုင်သည်ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသော ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ် ယင်းအား လူသတ်သမားဟု ခေါ်ဆိုသည့် ဆိုင်းဘုတ်ကို ဆန္ဒပြသူများကကိုင်ဆောင်လျက်ပြခဲ့ကြသည်။ ရစ်ခ်ျတာစကေး ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် လူပေါင်း ၃၀၀၀ ကျော် သေဆုံးကြောင်း အတည်ပြုထားပြီး လူသုံးသန်းအထိ တစ်နည်းနည်းဖြင့်ထိခိုက်နိုင်သည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားပြီး အများစုမှာယင်းတို့၏နေအိမ်များ ပျက်စီးပြီး အမိုးအကာမရှိပဲ ကျန်ရစ်ခဲ့ကြသည်ဟု ဆိုသည်။ နိုင်ငံအများအပြားသည် ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ထားသော်လည်း အဆိုးဆုံးဒဏ်သင့်ဒေသအချို့ရှိ မြေပြင်တွင် အသက်ရှင်ကျန်ရစ်သူများကို မြန်မာစစ်တပ်ကကူညီနေသည့်အရိပ် အယောင် အနည်းငယ်သာရှိသည်ဟု AFP သတင်းကဧပြီ ၄ရက်ကဖော်ပြသည်။ အာဏာလုစစ်အစိုးရခေါင်းဆောင် မင်းအောင်လှိုင်သည် ဘင်္ဂလားပင်လယ်အော်မှ ပညာတတ်​နိုင်ငံများမှ ခေါင်းဆောင်များနှင့် ဧပြီ၅ရက်နေ့တွင် ဘန်ကောက်မြို့ရှိ plush hotel တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ ၎င်းအား ဖိတ်ကြားရန် ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လာပြီး ကွင်းအပြင်ဘက်တွင် ဆန္ဒပြသူများက “လူသတ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကျနော်တို့ မကြိုဆိုပါ” ဆိုသည့်စာတန်းကို တံတားတစ်ခုတွင် ချိတ်ဆွဲထားသည်။ (more…)
Read More
ဘန်ကောက် ရေမြောင်းသန့်ရှင်းရေးလုပ်ငန်းခွင်က မြန်မာလုပ်သား ၂ ဦး ဓာတ်လိုက်သေဆုံး

ဘန်ကောက် ရေမြောင်းသန့်ရှင်းရေးလုပ်ငန်းခွင်က မြန်မာလုပ်သား ၂ ဦး ဓာတ်လိုက်သေဆုံး

မတ်လ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်စူမြို့နယ်၊ ပါရချူလမ်းမကြီး၊ လမ်းသွယ် ၃၇ က ရေမြောင်းသန့်ရှင်းရေးလုပ်ငန်းခွင်မှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦး မနေ့ညက ဓာတ်လိုက် သေဆုံးသွားတယ်လို့ AAC မဟာမိတ်အဖွဲ့က ဆိုတယ်လို့ BBC ကမတ်လ ၂၅ ရက်မှာဖော်ပြပါတယ်။ မတ် ၂၄ ရက်၊ ညသန်းခေါင်အချိန်မှာ ရေမြောင်းသန့်ရှင်းရေးလုပ်ရင်း မြေအောက်လိုဏ်ဂူထဲမှာ လုပ်ငန်းခွင်မတော်တဆ ဖြစ်ခဲ့တာဖြစ်ပါတယ်။ (more…)
Read More