ဘုရင်မင်းမြတ်ကို စော်ကားမှုဖြင့်စွဲချက်တင်ခံရ

ဘုရင်မင်းမြတ်ကို စော်ကားမှုဖြင့်စွဲချက်တင်ခံရပြီးနောက် ထိုင်းနိုင်ငံမှ အမေရိကန်ပညာရှင်ထွက်ခွာ

ဘုရင်မင်းမြတ်ကို စော်ကားမှုဖြင့်စွဲချက်တင်ခံရပြီးနောက် ထိုင်းနိုင်ငံမှ အမေရိကန်ပညာရှင်ထွက်ခွာ

မေလ ၃၀၊ ၂၀၂၅ ။ သောင်ရင်းသတင်းလွှာ တော်ဝင်အသရေဖျက်မှု စွဲချက်ဖြင့် ဧပြီလအစောပိုင်းတွင် ဖမ်းဆီးခံထားရသည့် အမေရိကန်ပညာရှင်တစ်ဦးကိုတရားစွဲဆိုမည်မဟုတ်ဟုအတည်ပြုကြောင်း ထိုင်းရှေ့နေချုပ်ရုံးက အတည်ပြုခဲ့ကြောင်း ၎င်း၏ရှေ့နေက မေလ ၂၉ရက်နေ့တွင် ပြောကြားခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။အဆိုပါ ပြစ်မှုကို ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။ မြောက်ပိုင်းခရိုင် Naresuan တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံ ကထိကအဖြစ် တာဝန်ထမ်းဆောင်နေသော Paul Chambers သည် စီရင်ချက်ချပြီးနောက် ထိုင်းနိုင်ငံမှ ထွက်ခွာသွားကြောင်း ၎င်း၏ ရှေ့နေ Akarachai Chaimaneekarakate က ဆိုပြီး ၎င်း၏ ခရီးစဉ်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့ကြောင်းလည်းသူကပြောကြားခဲ့သည်။ သက်သေမရှိခြင်းကြောင့် အိုကလာဟိုးမားပြည်နယ်မှ အသက် ၅၈ နှစ်အရွယ် Chambers အား တရားစွဲဆိုရန် မရည်ရွယ်ကြောင်း ရှေ့နေချုပ်ရုံးက မေလ ၁ ရက်တွင် ကြေညာခဲ့ပြီးဖြစ်သည်။သို့သော့ဤအမှုကို မူလကိုင်တွယ်ခဲ့သည့် ထိုင်းမြောက်ပိုင်းက ရဲများက ဤဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့ ခွင့်ပြုခဲ့သည်။ (more…)
Read More